Published 11 May 2022

အယ်လ်ဂျာဇီးယားရုပ်သံက ယင်းတို့ရဲ့သတင်းစာဆရာမ ရှီရင်းအာဘူအက်လက် Shireen Abu Aqleh အသတ်ခံရပြီးကာစ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။

အသက် ၅၁နှစ်အရွယ်ရှိ အယ်ဂျာဇီးယားရဲ့ ဝါရင့်သတင်းစာဆရာမအာဘူအက်လက်ဟာ မေ(၁၁)ရက် ဗုဒ္ဓဟူးနေ့က အစ္စရေးစစ်ပတ်က အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေက ဂျင်နင်းဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းတာကို သတင်းရယူစဉ်မှာ သေနတ်နှင့် အပစ်ခံရလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သူမဟာ အပစ်ခံရတဲ့အချိန်မှာ သတင်းမီဒီယာတံဆိပ်ပါတဲ့ ကျည်ကာအင်္ကျီဝတ်ဆင်ထားတယ်လို့ အခင်းဖြစ်ပွားတဲ့နေရာရောက်ရှိနေတဲ့ အေအက်ဖ်ပီ ဓာတ်ပုံဆရာက အတည်ပြုပါတယ်။


အစ္စရေးတပ်တွေဟာ အဲဒီနေရာတစ်ဝ်ုက်ကို ပစ်ခတ်နေပြီး အာဘူအက်လက်ဟာ မြေကြီးပေါ်လဲကျသွားတာကို သူမြင်လိုက်ရတယ်လို့ ဓာတ်ပုံဆရာက သတင်းပေးပို့ပါတယ်၊  သူမကို အစ္စရေးတပ်တွေက  သွေးအေးအေးနှင့် တမင်သတ်ပစ်လိုက်တာဖြစ်တယ်လို့ အယ်ဂျာဇီးယားက ပြောပါတယ်။  အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘင်နက်ကတော့ ဒါဟာ ပါလက်စတိုင်းသေနတ်သမားပစ်သတ်လိုက်ပုံရတယ်လို့ ပြောပါတယ်။

Source AFP

Published 11 May 2022 အယ်လ်ဂျာဇီးယားရုပ်သံက ယင်းတို့ရဲ့သတင်းစာဆရာမ ရှီရင်းအာဘူအက်လက် Shireen Abu Aqleh အသတ်ခံရပြီးကာစ မြင်ကွင်းကို ရိုက်ကူးထားတဲ့"/>