Published 31 March 2022

ရုရှားနှင့် တရုတ်တို့ဟာ ပိုပြီးမျှတတဲ့ ကမ္ဘာ့အင်အားအစီအစဉ်ကို ဦးတည်တဲ့လမ်းကြောင်းကို ဦးတည်နေကြပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းထဲ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပထမဆုံးအဖြစ် လာရောက်ခဲ့ရာမှာ ယခုလိုပြောကြားခဲ့တာပါ။

လာဗရော့ဗ်ဟာ တရုတ်အရှေ့ပိုင်းဟွမ်ရှမ်းမြို့ကို ဗုဒ္ဓဟူးနေ့ စောစောပိုင်းက ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ဗွီဒီယိုထဲမှာ ကမ္ဘာကြီးဟာ လက်ရှိအရေးကြီးတဲ့အဆင့်ကျော်သွားရင် အင်အားပေါင်းစုံဝင်ရိုးစွန်း multipolar ကမ္ဘာ့အစီအစဉ်သစ်တစ်ခုထဲ ဦးတည်ရွေ့လျားသွားလိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Source AFP

Published 31 March 2022 ရုရှားနှင့် တရုတ်တို့ဟာ ပိုပြီးမျှတတဲ့ ကမ္ဘာ့အင်အားအစီအစဉ်ကို ဦးတည်တဲ့လမ်းကြောင်းကို ဦးတည်နေကြပြီလို့"/>