#WorldHealth
Published 23 March 2022

 

ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေးက ကိုယ်ခံအားနည်းတဲ့လူထဲက ကိုဗစ်ရောဂါဗိုင်းရပ်စ်ပိုးကို ကူညီချေဖျက်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

 

SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ထားတာ ၇ လကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးခြင်းဖြင့် ဗိုင်းရပ်စ်ရှင်းထုတ်နိုင်ခဲ့ပါတယ်။

 

ဒီဖြစ်ရပ်ကြောင့် ကိုဗစ်ကာကွယ်ဆေးက ရောဂါကာကွယ်ပေးခြင်းအပြင် ရောဂါကုသပေးနိုင်တယ်ဆိုတာကို ပထမဆုံးအကြိမ်သိရှိခဲ့ခြင်းဖြစ်ပါတယ်။

 

အသက် ၃၇ နှစ်ရှိ အီယန်လက်စ်တာဟာ ရှားပါးမျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ကိုယ်ခံအားနည်းနေတဲ့သူဖြစ်ပါတယ်။

 

၂၀၂၀ ဒီဇင်ဘာလမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ရက်ပေါင်း ၂၁၈ ရက်ကြာတဲ့အထိ သူ့ရဲ့သဘာဝကိုယ်ခံအားက ရောဂါကိုမတိုက်ထုတ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

 

PCR test ဖြင့် ဆက်တိုက်စမ်းသပ်ခဲ့တဲ့အပြင် သူ့ရဲ့ကျန်းမာရေးနဲ့စိတ်အခြေအနေ သက်ရောက်မှုတို့ကိုကြည့်ပြီး ကုသနည်းတစ်မျိုးမျိုးဖြင့်စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း ကာဒစ်ဖ်တက္ကသိုလ်မှ စတီဖင်ဟိုလက်စ်က ဆိုပါတယ်။

 

ဖိုင်ဇာဘိုင်အိုတက်ခ်ကာကွယ်ဆေးနှစ်ကြိမ်ကို တစ်လခြားပြီးထိုးနှံခဲ့ရာ ပဋိပစ္စည်းတုန့်ပြန်မှု မြန်မြန်ဆန်ဆန်အားကောင်းလာခဲ့ပြီး သဘာဝအတိုင်းရှိနေခဲ့တဲ့ ခုခံအားထက်ပိုမိုကြာရှည်ရှိနေခဲ့ပါတယ်။

 

ပထမအကြိမ်ကာကွယ်ဆေးထိုးပြီး ၇၂ ရက်အကြာ တနည်းအားဖြင့် ရောဂါကူးစက်ခံရပြီး ၂၁၈ ရက်အကြာမှာ SARS-CoV-2 ဗိုင်းရပ်စ်ရှင်းလင်းသွားပြီဖြစ်ကြောင်း လက်စ်တာက အတည်ပြုလိုက်ပါတယ်။

 

"mRNA ကာကွယ်ဆေးက ကိုဗစ်ရောဂါကြာရှည်စွာကူးစက်နေခြင်းကို ကုသပေးနိုင်တာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်" လို့ ကာဒစ်ဖ်တက္ကသိုလ်မှ မာ့ခ်ပွန်စ်ဖိုဒ်က ပြောကြားလိုက်ပါတယ်။

 

Source: NewsScientist
#Yangon_Media_Group