Published 18 January 2022
အင်ဒိုနီးရှားနိုင်ငံမြို့တော်ကို လက်ရှိဂျာကာတာကနေ ဘော်နီရိုကျွန်းပေါ်က တောထူထပ်တဲ့ ကာလီမန်တန်ဧရိယာကို ပြောင်းရွှေ့ဖို့အတွက် ဥပဒေကြမ်းတစ်ခုကို အင်ဒိုနီးရှားပါလီမန်က ဇန်နဝါရီ ၁၈ရက်က အတည်ပြုလိုက်တဲ့အကြောင်း စီံမံကိန်းဝန်ကြီးက ပြောလိုက်ပါတယ်။
အဲဒီ နိုင်ငံတော်မြို့တော်အသစ်ဥပဒေဟာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ရည်မှန်းချက်ပြင်းပြတဲ့ ဒေါ်လာ ၃၂ဘီလျံတန်ဖိုးရှိတဲ့ မဟာ စီမံကိန်းကြီးရဲ့ ဥပဒေမူဘောင်တွေကို ရေးဆွဲထားပါတယ်။အဲဒီမြို့တော်ကို ဘယ်လိုရန်ပုံငွေပေးမယ်။ဘယ်လိုစီမံခန့်ခွဲမယ် စတဲ့ စည်းကမ်းသတ်မှတ်ချက်တွေလည်း အဲဒီဥပဒေကြမ်းထဲမှာပါဝင်ပါတယ်။
“ မြို့တော်အသစ်ဟာ ဗဟိုအချက်အချာကျတဲ့ လုပ်ဆောင်မှုတစ်ခုရှိမှာဖြစ်ပြီး နိုင်ငံရဲ့ ကိုယ်ပိုင်လက္ခဏာ အမှတ်သညာတစ်ခု အဖြစ်သာမက စီးပွားရေးဆွဲအားရဲ့ဗဟိုချက်မလည်းဖြစ်လာပါလိမ့်မယ်” လို့ ဥပဒေကြမ်းကနေ ဥပဒေဖြစ်လာပြီးနောက် စီမံကိန်းဝန်ကြီး ဆူဟာဆိုမိုနော်ဖာက ပါလီမန်ကိုရှင်းပြပါတယ်။
မြို့တော်သစ်ကို နူဆန်တာရာ လို့ သမ္မတက အမည်ရွေးချယ်ထားပြီး အဲဒီအမည်ဟာ အင်ဒိုနီးရှားကျွန်းစုကို ဂျာဗားဘာသာ နှင့် ခေါ်ဆိုတဲ့အမည်ဖြစ်ပါတယ်လို့ ဝန်ကြီးက ပြောပါတယ်။
မဂ္ဂါမြို့တော်ကြီးရဲ့လူဦးရေ၁၀သန်းကျော်ဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ရေကြီးရေလျှံမှုတွေနှင့် လေထုညစ်ညမ်းမှုတွေကို ကာလာရှည်ခံစားနေကြရလို့ ဂျာကာတာကနေ မြို့တော်ရွှေ့ပြောင်းမယ့်အစီအစဉ်ကို ယခင်သမ္မတတွေ လက်ထက်တုန်းကလည်း စဉ်းစားခဲ့ကြပေမယ့် လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ သမ္မတဂျိုကိုဝီကလည်း ၂၀၁၉မှာ အဲဒီအစီအစဉ်ကို ပထမဆုံးကြေညာခဲ့ပေမယ့် ကပ်ဘေးကြောင့် တိုးတက်မှုတွေနှောင့်နှေးခဲ့ရတာဖြစ်ပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ယင်းရဲ့မြို့တော်အသစ်ကို ဆေးဝါး၊ကျန်းမာရေးနှင့် နည်းပညာကဏ္ဍတွေရဲ့ မဟာဗဟိုချက်မနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မယ့် ကာဘွန်ထုတ်လုပ်မှုနည်းပါးတဲ့ မြို့တော်အဖြစ် စိတ်ကူးပုံဖော်ထားပါတယ်။
ဒါပေမယ့် ဥပဒေဟာ ပြည်သူတွေရဲ့အကြံပြုချက်တွေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစဉ်းစားချက်တွေ အနည်းအကျဉ်း ကလေးလုပ်ထားပြီး အလျင်စလိုဖြစ်နေတယ် လို့ ဝေဖန်သူတွေကပြောဆိုကြပါတယ်။
ဘရာဇီးနှင့် နောက်ဆုံးအဖြစ် မြန်မာနိုင်ငံရဲ့ မြို့တော်အသစ်အသစ်တွေဖန်တီးတာနောက် လိုက်ပါ လုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှားမြို့တော်အသစ် နူဆန်တာရာတည်ဆောက်ရေးကို ဝန်ကြီးအဆင့်ရှိတဲ့ သူတစ်ဦးက ဦးဆောင်မယ်လို့ ဥပဒေကြမ်းအထူးကော်မတီဒုတိယဥက္ကဋ္ဌ ဆန်မူစတိုဖာက ပြောပါတယ်။
အဲဒီစီမံကိန်းဦးဆောင်သူနေရာကိုစဉ်းစားထားတဲ့အထဲမှာ ယခင်သုတေသနနှင့်နည်းပညာဝန်ကြီး ဘန်ဘန်ဘရော့ဂျွန်နီဂိုရိုနှင့် အာဟောက်လို့သိကြတဲ့ ဂျာကာတာ မြို့တော်ဝန်ဟောင်း ဘာဆူကီဂျာဟာဂျာပါနမာတို့ပါဝင်တယ်လို့ ပြည်တွင်းမီဒီယာတွေက ရေးသားကြပါတယ်။
Source Reuters