#World_Politics
Published - 11 January 2022
ဥရောပ ပါလီမန်ဥက္ကဋ္ဌဒေးဗစ်ဆက်ဆိုလီဟာ ဇန်နဝါရီ ၁၁ရက် အင်္ဂါနေ့မှာ အီတလီက ဆေးရုံတစ်ရုံမှာ ကွယ်လွန်သွားပါတယ်။ အဲဒီဆေးရုံကို သူဟာ ဒီဇင်ဘာ ၂၆ရက်ကတည်းက တက်ရောက်ခဲ့တာပါ။

ဆက်ဆိုလီဟာ ဖလောရင့်က အီတလီလူမျိုး ဆိုရှယ်လစ်ဝါဒီသမားတစ်ဦးနှင့် သတင်းစာဆရာဟောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ခုံခံအားစနစ်နှင့်ဆက်စပ်တဲ့ ပြင်းထန်တဲ့ ရောဂါတွေကြောင့် ပြီးခဲ့တဲ့လက ဆေးရုံတက်ခဲ့ရတာလို သူ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

အစွန်းရောက်မျိုးချစ်ဗိုင်းရပ်စ်တွေကို တွန်းလှန်ကြဖို့နှင့် လူဝင်မှုနှင့် နိုင်ငံရေးခိုလှုံမှုအပေါ် ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းဥပဒေတွေကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့  သူရာထူးတာဝန်ယူစဉ်က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သူက ပြောကြားခဲ့ပါတယ်။

ဒီလကုန်မှာ ကုန်ဆုံးမယ့်သူ့ရာထူးကတော့ တကယ်တမ်းဆိုရင် ပွဲတက်ရာထူးအဆင့်သဘောမျိုးဖြစ်ပါတယ်။နာမကျန်းဖြစ်တာကြောင့် သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက စထရာဘတ်ချ်အခြေစိုက်ပါလီမန်မှာ ဥက္ကဋ္ဌအဖြစ် မတက်နိုင်ခဲ့ပါဘူး။ စက်တင်ဘာလတုန်းကကျင်းပခဲ့တဲ့ ဥရောပကော်မရှင်ရဲ့ နှစ်ပတ်လည် state of the unionပွဲကိုလည်း သူ့ပျက်ကွက်ခဲ့ရပါတယ်။


#ymg/ukk.

#Yangon_Media_Group