Published 10 January 2022

 တိုကျိုမှာရှိတဲ့ ဝတ်ပြုဆုတောင်းသူတွေဟာ တက်ပိုဇူအင်နာရီဘုရားကျောင်းတော်မှာ နှစ်စဉ်ကျင်းပတဲ့ ရေခဲရေဖြင့်သန့်ရှင်းစင်ကြယ်စေခြင်း ရိုးရာအခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြပါတယ်။အဲဒီအခမ်းအနားဟာ နှစ်သစ်မှာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆုတောင်းပွဲတစ်ခုဖြစ်ပါတယ်။

ဆုတောင်းပွဲ တက်ရောက်သူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဆန့်တန့်ကြပြီး ပူနွေးလာအောင်လုပ်ကြပါတယ်။ အဲဒီနောက် အေးမြနေတဲ့ရေကန်ထဲကို ခုန်ဆင်းကြပါတယ်။ အဲဒီရေကန်ထဲမှာ ရေခဲတုံးအကြီးကြီးတွေကို စိမ်ထားတာဖြစ်ပါတယ်။  ဒီလိုနှစ်စဉ် နှစ်သစ်ဆုတောင်းပွဲကျင်းပလာခဲ့တာ အခုဆို နှစ်ပေါင်း ၇၀နီးပါးရှိခဲ့ပါပြီ။

Source AFP

Published 10 January 2022  တိုကျိုမှာရှိတဲ့ ဝတ်ပြုဆုတောင်းသူတွေဟာ တက်ပိုဇူအင်နာရီဘုရားကျောင်းတော်မှာ နှစ်စဉ်ကျင်းပတဲ့ ရေခဲရေဖြင့်သန့်ရှင်းစင်ကြယ်စေခြင်း"/>