Published: 20 November 2021

ဗီယက်နမ်ရဲ့ ခရီးသွားဒေသတစ်ခုဖြစ်တဲ့ ဖူးကော့ကျွန်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါပြီ။ နိုင်ငံခြားခရီးသွားတွေဟာ သဲဖြူကမ်းစပ်တွေရှိပြီး ဗီယက်နမ်ရဲ့ အပူပိုင်းသစ်တောတစ်ခုဖြစ်တဲ့ ဖူးကော့တ်ကျွန်းကို စနေနေ့က ပြန်လည်ရောက်ရှိလာနေကြပါတယ်။

 

ဖူးကော့တ်ဟာ တစ်ချိန်တုန်းက ဆင်းရဲတဲ့ တံငါကျွန်းကလေးတစ်ကျွန်းပါ။ ကမ္ဘောဒီးယားကမ်းခြေကနေ ကီလိမီတာ အနည်းငယ်ခန့်ပဲ ကွာတဲ့နေရာမှာ တည်ရှိပါတယ်။ အဲဒီကျွန်းဟာ အခုတော့ ကပ်ဘေးကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်တဲ့အတွက် အာရှရဲ့ နောက်လာမယ့် အားလပ်ရက် အပန်းဖြေစရာနေရာတစ်ခုဖြစ်လာနိုင်တဲ့အကြောင်း လှပတဲ့ဖူးကော့တ်ရှုခင်းတွေကို ရှုစားရင်း ဒီရုပ်သံကိုကြည့်ရှုခံစာနိုင်ကြမှာဖြစ်ပါတယ်။

Source: AFP