Published 18 Nov 2021
အက်ပဲလ်က အချို့အိုင်ဖုန်းသုံးသူတွေ သူတို့ဖုန်းကိုသူတို့ကိုယ်တိုင်ပြန်ပြုပြင်နိုင်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ အက်ပဲလ်က သူ့ရဲ့ အရေးမကြီးလှတဲ့ ဖုန်းအပိုပစ္စည်းတွေနှင့် ဆော့ဖ်ဝံတွေကိုကုမ္ပဏီက အတည်ပြုပေးထားတဲ့ နည်းပညာ ကျွမ်းကျင်သူ တွေကလွဲပြီး ကျန်သူတွေအားလုံးကို ရယူခွင့်ပိတ်ပင်ထားခဲ့တာကြာပါပြီ။
အိုင်ဖုန်းသုံးသူတွေအနေနှင့် သူတို့ရဲ့နောက်ဆုံးပေါ်အိုင်ဖုန်းမိုဒယ်လ်နှစ်မျိုးနှင့် တဖြည်းဖြည်းချင်း အချို့မက်ခ်ကွန်ပျူတာတွေ အတွက် အက်ပဲလ်ရဲ့ စစ်မှန်တဲ့ အပိုပစ္စည်းအစိတ်အပိုင်းတွေကို ပြုပြင်နိုင်ဖို့ ရောင်းချပေးတော့မယ်လို့ အက်ပဲလ်ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဒီလိုပြောင်းလဲလိုက်ခြင်းဟာ ” ပြုပြင်နိုင်ခွင့်” လှုပ်ရှားမှုကို သမ္မတဂျိုးဘိုင်ဒင်က ထောက်ခံအားပေးနေတာကို ထင်ဟပ်စေ ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ စမတ်ဖုန်းတွေမှသည်၊ကားတွေ၊ထရက်တာတွေအထိပါဝင် အကျိုးသက်ရောက်မှုရှိနေပါတယ်။
ထုတ်ကုန်တွေမှာ ဆော့ဝဲလ်တွေအသုံပြုလာမှုတိုးတက်လာနေပြီး ထုတ်လုပ်သူတွေက အဲဒီထုတ်ကုန်တွေက ခက်ခဲအောင်နှင့် ပြန်ပြုပြင်ရင် ဈေးကြီးအောင်လုပ်ဆောင်လာနေကြပါတယ်။
အက်ပဲလ်က လာမယ့်နှစ်စောစောပိုင်းမှာ ကိုယ်တိုင်ပြုပြင်လို့ရအောင် ယင်းရဲ့ အပိုပစ္စည်းအစိတ်အပိုင်းတွေကို အွန်လိုင်းစတိုး ဆိုင်တစ်ခုဖွင့်လှစ်ပြီးရောင်းချပေးပါလိမ့်မယ်။ အဲဒီစတိုးမှာ iPhone 12 နှင့် iPhone 13 တွေအတွက် အပိုပစ္စည်းနှင့်ကိရိယာပေါင်း အမယ်၂၀၀ကျော်တင်ပေးမယ်လို့သိရပါတယ်။ အစပထမပိုင်းမှာတော့ ကိုယ့်ဘာသာတပ်ဆင်လို့ ရတဲ့ screens၊batteries နှင့် display စတာတွေကိုရောင်းချပေးမှာဖြစ်ပါတယ်။
အက်ပဲလ်ရဲ့ဆောင်ရွက်မှုကို စားသုံးသူတွေကက ကြိုဆိုလိုက်ပါတယ်။
“ ပစ္စည်းတစ်ခုဝယ်ပြီးရင် ပြန်ပြင်နိုင်ရမယ်” လို့ စားသုံးသူအစီရင်ခံစာများအဖွဲ့ရဲ့ အကြီးတန်းမူဝါဒ သုံးသပ်ရေးမှူး မော်ရင်းမာဟိုနီကပြောပါတယ်။ အဲသလိုမှမဟုတ်ရင် ဝယ်သူတွေဟာ ထုတ်လုပ်သူတွေက ခွင့်ပြုထားတဲ့ ဆိုင်တွေမှာပဲ ပြင်ချင်ပြင် မပြင်နိုင်ရင် အသစ်ဝယ် ဖြစ်နေရတယ် လို့သူမကဖြည့်စွက်ပြောပါတယ်။
အက်ပဲလ်ရဲ့အပြောင်းအလဲက အနည်းအကျဉ်းလေးပဲရှိသေးပေမယ့် အထင်ကရမှတ်တိုင်ကြီးတစ်ခုတော့ဖြစ်တယ်လို့ အမေရိကန်နိုင်ငံရဲ့ “ပြုပြင်နိုင်ခွင့် Right to Repair” လှုပ်ရှားတက်ကြွအဖွဲ့ရဲ့ အကြီးတန်းညွှန်ကြားရေးမှူး နက်သန်ပရော့တာ ကပြောပါတယ်။
Source AP