Published 18 Nov 2021

တရုတ်နိုင်ငံဟာ ယင်းရဲ့ ပထမဆုံး ကိုဗစ်ကုသဆေးကို ရက်သတ္တပတ်များအတွင်း အတည်ပြုပေးဖို့ရှိနေပါတယ်။

တရုတ်နှင့်အမေရိကန်သိပ္ပံပညာရှင်တွေပူးတွဲဖော်စပ်တဲ့ အဲဒီမိုနိုကလိုနယ်  ပဋိပစ္စည်း (ခန္ဓာကိုယ်ခုခံအား) ကုသဆေးကို ဒီနှစ်အကုန် နောက်ဆုံးထားပြီး အခြေအနေပေါ်မူတည်ပြီး အတည်ပြုပေးဖို့ရှိတယ်လို့ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ဝေစာတစ်ခုထဲမှာ ဖော်ပြထားပါတယ်။

 

ဘရီဘိုအိုင်ဆိုင်းယ်စ်လို့အမည်ပေးထားတဲ့ နိုင်ငံတကာဆေးဝါးကုမ္ပဏီကြီးဟာ အမေရိကန်နှင့် တရုတ်နိုင်ငံတွေမှာ အခြေစိုက်ပြီး အခုဆေးဝါးကို အဲဒီကုမ္ပဏီကထုတ်လုပ်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဆင်းဟွာတက္ကသိုလ်နှင့် ရှင်ကျန်းက တတိယမြောက်ပြည်သူ့ဆေးရုံတွေက သိပ္ပံပညာရှင်တွေနှင့် အတူကုထုံးကိုဖော်ထုတ်ခဲ့ကြပါတယ်လို့သတင်းကဆိုပါတယ်။

 

မိုနိုကလိုနယ် ပဋိပစ္စည်းဆိုတာ လူသားတွေရဲ့ ကိုယ်ပိုင်ခုခံအားလို ဆောင်ရွက်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းလုပ် ပရိုတိန်းမော်လီကျူးတွေဖြစ်ပါတယ်။

ဘရီဘိုင်အို ကုသမှုပုံစံကတော့ မိုနိုကလိုနယ်ပဋိပစ္စည်းနှစ်ခုဖြစ်တဲ့ BRII-196 နှင့်  BRII-198  တို့ကို ပေါင်းစပ်ပြီး တရုတ်နိုင်ငံမှာ ကိုဗစ်ကပြန်သက်သာလာတဲ့ လူနာတွေဆီကရတဲ့ ခုခံအား ပဋိပစ္စည်းနှင့်ပေါင်းစပ်လိုက်တာပါ။ အဲဒီနောက် ဆေးသွင်းကုသနည်းနှင့် ဆေးထိုးပေးတာဖြစ်ပါတယ်။

 

တတိယအဆင့်စမ်းသပ်မှုတွေမှာ ရလဒ်ကောင်းတွေရရှိခဲ့ပြီးနောက် ဘရီဘိုင်အိုက တရုတ်နှင့်အမေရိကန်နိုင်ငံတွေက ဆေးဝါးအာဏာပိုင်တွေထံ  အသုံးပြုခွင့်လျှောက်ထားခဲ့ကြပါတယ်။သူတို့က တရုတ်နိုင်ငံမှာ အခြေအနေပေါ်မူတည်အသုံးပြုခွင့်နှင့် အမေရိကန်မှာ အရေးပေါ်သုံးခွင့်လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်လို့ ကုမ္ပဏီရဲ့လူထူဆက်ဆံရေးအရာရှိဆန်မားလီ ကပြောပါတယ်။

ဒီနှစ်အကုန်မှာ တရုတ်အနေနှင့် ခွင့်ပြုလိမ့်မယ်လို့ ယုံကြည်ထားတယ်လို့ လီကဆက်ပြောပါတယ်။

စမ်းသပ်ချက်တွေအရ သူတို့ရဲ့ဆေးဟာ ဆေးရုံတက်ရခြေနှင့် သေဆုံးရနိုင်ခြေကို ၇၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

ခွင့်ပြုချက်ရရင် ပထမဆုံးတရုတ်နှင့်အမေရိကန်နိုင်ငံတွေကို ရည်ရွယ်ထားရှိပြီး အဲဒီနောက် စမ်းသပ်မှုတွေပြုလုပ်ရာမှာ ပါဝင်ခဲ့ကြတဲ့ ဘရာဇီး၊တောင်အာဖရိက၊မက္ကဆီကို၊အာဂျင်းတီးနားနှင့် ဖိလစ်ပိုင်တို့ကို ဦးစားပေးထုတ်လုပ်ပေးမယ်လို့ ပြောပါတယ်။

 

သူတို့ဆေးဟာ ဒယ်လ်တာမျိုးဗီဇကွဲအပေါ်မှာလည်း ထိရောက်မှုရှိပြီး တရုတ်က လူနာ၈၀၀ခန့်ကို ကုသပေးပြီးဖြစ်တယ်လို့ လီကပြောပါတယ်။

Source SCMP