Published 14 Sept 2021
တူရကီနိုင်ငံမှာ အဆုတ်ကင်ဆာ ပုံစံဖမ်းလာတဲ့ ကိုဗစ်-၁၉ ကူးစက်မှုကို ကမ္ဘာပေါ်တွင် ပထမဆုံးတွေ့ရှိရတယ်လို့ တူရကီ မီဒီယာတစ်ခုကနေ သတင်းဖော်ပြထားပါတယ်။
တူရကီဆရာဝန်တစ်ဦးရဲ့ပြောစကားအရ အသက်၅၂နှစ်အရွယ်ရှိတဲ့ လူနာတစ်ဦးဆီမှာ အဆုတ်ကင်ဆာနှင့်သဏ္ဍန်တူတဲ့ ကိုဗစ်-၁၉ရောဂါခံစားရတာကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
တူရကီရဲ့ တောင်ပိုင်း ကာရာမန်မာရာ ပြည်နယ်က လူနာတစ်ဦးဆီမှာ ကနဦးမှာ အဆုတ်ကင်ဆာဆိုပြီး တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအကြိတ်ကို မခွဲထုတ်ခင်မှာ ခွဲစိတ်ကုဆရာဝန်တွေက ကိုဗစ်စစ်ခိုင်းကြည့်တော့ သူ့ဆီမှာ ကိုဗစ်ကူးစက်ခံထားရတာတွေ့ရပါတယ်။ အဲဒါကြောင့်ကိုဗစ်ကို ပျောက်ကင်းအောင် ကုသပေးပြီးတဲ့အခါ ဆရာဝန်တွေအတွက် အံအားသင့်စရာဖြစ်ခဲ့ရပါတယ်။
အဲဒီလူနာဆီမှာ အဆုတ်ကင်ဆာ ရှာမတွေ့တော့ဘူးလို့ လူနာကိုစောင့်ကြည့်ခဲ့တဲ့ ဒေါက်တာ ဖာတို့စ်ကိုဇန်လီက ပြောပါတယ်။ အဲဒါကြောင့် အဲဒီလူနာဟာ ကိုရိုနာဗိုင်းရပ်စ်ကို အဲသလိုပုံစံမျိုးနှင့် ကူးစက်ခံထားရတဲ့ ပထမဆုံးလူနာဖြစ်လိမ့်မယ်လို့ ဒေါက်တာပြောပါတယ်။
လူနာဟာ ရင်ဘတ်အောင့်တဲ့အခါ ဆေးရုံလာပြတဲ့အခါ စကင်ရိုက်ကြည့်တော့ သူ့အဆုတ်ရဲ့ညာဖက်အခြမ်းမှာ လေးစင်တီမီတာ လောက်အကျယ်ရှိတဲ့ အကြိတ်ဖုတစ်ဖုကိုတွေ့ရပါတယ်။ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ်ပြီးတဲ့အခါ သူ့ကိုအဆုတ်ကင်ဆာလို့သတ်မှတ်လိုက်ပြီး ခွဲစိတ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ သူ့ကို ကိုဗစ်စစ်ကြည့်တော့ ပေါ့စတစ်ဖြစ်တဲ့အခါ ခွဲစိတ်မှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။
နောက်ဆုံးမှာ သူ့ကို ကိုဗစ်ထပ်စစ်တော့ နဂ္ဂတစ်အဖြေထွက်တဲ့အခါ ဒေါက်တာကိုဇန်လီ လူနာကိုထပ်ပြီး ဓာတ်မှန်ရိုက်ကြည့် ခဲ့ပါတယ်။ အဲဒီအခါ လူနာရဲ့အဆုတ်မှာ အကြိတ်ဖု လုံးဝမရှိတော့တာကို ဒေါက်တာက အံအားသင့်စွာာ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
“ သူ့ဆီမှာ အဆုတ်ကင်ဆာနှင့် အတော့်ကို ဆင်တူတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတယ်။ဒါပေမယ့် နောက်ဆုံးဓာတ်မှန် မှာတော့ ဘာမှမပြတော့ဘူး။ ကျွန်မတို့ အတော်အံ့အားသင့်သွားကြတယ်။ အကြိတ်က သူ့ဖာသာသူ ပျောက်ကွယ်သွားစရာ မရှိဘူး။ သူသာ အခြားရောဂါခံစာနေရတယ်ဆိုရင် ဒီလိုအချိန်တိုတိုအတွင်းမှာ အဖုပျောက်သွားစရာမရှိဘူး။ အဲဒါကြောင့် ကိုဗစ်-၁၉ဟာ အဆုတ်ကင်ဆာနှင့် လုံးဝဆင်တူပုံစံဖြစ်ခဲ့တာကို ကျွန်မတို့ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်” လို့ ဒေါက်တာက ဆက်ပြောပါတယ်။
လူနာဟာ ကိုဗစ်ကူးစက်ခံထားရသည့်တိုင် ချောင်းဆိုးတာ၊ဖျားတာစတဲ့ ကိုဗစ်လက္ခဏာတွေ တစ်ခုမျှပြသခဲ့ခြင်း မရှိပါဘူး လို့ ဒေါက်တာက ပြောပါတယ်။
“ သူက ရင်ဘတ်ပဲအောင့်တာ။ အဲဒါက အဆုတ်ကင်ဆာနှင့် ပထမဆုံးဆက်နွယ်တဲ့ လက္ခဏာလေ” လို့ သူမက ဒီမီရိုရန် သတင်းအေဂျင်စီကို ပြောတဲ့အကြောင်း ဆာဗား နေ့စဉ်သတင်းစာက သတင်းရေးသားထားပါတယ်။
Source: Daily Sabah