Published_ 21 August 2023

‌စပါးကိုအရေးနိမ်ခဲ့သောပွဲစဉ်တွင် ကစားခဲ့သည့် မန်ယူအသင်း၏ခြေစွမ်းမှာ အားနည်းလွန်းပြီး တိုက်ပွဲဝင်စိတ်ဓါတ် မရှိပဲ ပြီးခဲ့သည့်ရာသီများက စပါးအသင်းကဲ့သို့ဖြစ်နေသည်ဟု မန်ယူဂန္ထဝင်ကစားသမား ရွိင်ကင်းကပြစ်တင် ဝေဖန်ခဲ့သည်။

...ကျွန်တော့အမြင်မှာမန်ယူနဲ့ ကစားရတာလွယ်ကူလွန်းပါတယ် အရင်ကစပါးအသင်းလိုပါပဲ။ရည်ရွယ်ချက်နဲ့ စိတ်ဓါတ် ပျောက်ဆုံးနေပါတယ် ဆိုးရွားမှုပါပဲ။

အဝေးကွင်းလာကစားချိန်မှာပုံစံကောင်းပျောက်ဆုံးနေပါတယ်။ အထူးသဖြင့်ဒုတိယပိုင်းမှာ ခေါင်းဆောင်မှုကင်းမဲ့ပြီး ဆိုးရွားတဲ့ ဂိုးတွေ ပေးခဲ့ရတယ်။

ဝုဗ်နဲ့ပွဲစဉ်တုန်းကလည်း ဆိုးရွားခဲ့ပေမယ့်ရလာဒ်ကောင်းရခဲ့ပါတယ်။

မိနစ် ၉၀ စလုံးကောင်းကောင်းက စားဖို့မလိုပေမယ့် ယုံကြည်မှု၊ စိတ်ဆန္ဒနဲ့ တိုက်ခိုက်လိုစိတ်တွေပြပို့လိုအပ်ပါတယ်..ဟုရွိင် ကင်းက ပြောကြားခဲ့သည်။

စပါးအသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး အိမ်တွင်းပရိသတ်ရှေ့မှာ စွမ်းအင်အပြည့်နဲ့ ကစားသွားခဲ့သည်ဟု ရွိင် ကင်းက ဆက်လက် ပြောကြားခဲ့သည်။

အခြားသတင်းတစ်ရပ်တွင် ပီအက်စ်ဂျီမှ အီတလီကွင်းလယ်လူဗာရက်တီသည် မန်ယူနှင့် ဘိုင်ယန်မြူးနစ်တို့၏ ကမ်းလှမ်းမှုများရှိနေသော်လည်း ဆော်ဒီအာရေဗျသို့ပြောင်းရွှေ့ရန်ပြင်ဆင်နေသည်ဟု သိရသည်။

ဗာရက်တီသည် ပီအက်စ်ဂျီတွင် ၁၁နှစ်ကြာကစားပြီး ယခုကဲ့သို့ပြောင်းရွှေ့ရန်စီစဉ်နေခြင်းဖြစ်သည်။'
#World_Sport
#မန်ယူအသင်း #စပါးအသင်း #ဆော်ဒီအာရေဗျ #ဗာရက်တီ
#YMG #Yangon_Times