Published_ 29 July 2023

အင်တာမီလန်အသင်းဖော် ရိုမီလူ လူကာကူရဲ့အပြုအမူနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ဝန်ခံပြောဆိုခဲ့ပါတယ် လူကာကူကိုချက်လ်ဆီးအသင်းထံကနေ အင်တာမီလန်ကခေါ်ယူဖို့ကြိုးပမ်းနေတာပါ။

လူကာကူက ဆန်ဆီရို ကိုပြန်လာဖို့ကိုပဲစိတ်ဝင်စားကြောင်းပြောကြားခဲ့ပေမယ့် ချက်လ်ဆီးနဲ့ အင်တာမီလန်အကြား ဆွေးနွေးမှုတွေ အပြီးမသတ်နိုင်ပဲ ဖြစ်နေချိန်မှာ လူကာကူက အင်တာမီလန်ရဲ့ဆက်သွယ်မှုကိုတုံ့ပြန်ဖို့ကန့်ကွက်ခဲ့ပြီး ပြိုက်ဘက်ဂျုဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူကို ပြန်လည်ခေါ်ယူဖို့နဲ့ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်အတွဲတစ်တွဲဖြစ်တဲ့ မာတီနက်ဇ်၊လူကာကူအတွဲကို ပြန်လည်အသက်သွင်းဖို့ မျှော်လင့်ချက်တွေဝေဝါးလာနေခဲ့ပါတယ်။

လူကာကူက နောက်ထပ်အီတလီအသင်းတစ်သင်းကို ဘယ်တော့မှပြောင်းရွှေ့မှာမဟုတ်ဘူးလို့ လူသိရှင်ကြားပြောကြားထားခဲ့ပါတယ်။"သူ့ရဲ့အပြုအမူနဲ့ပတ်သက်လို့ကျွန်တော်စိတ်ပျက်မိပါတယ်၊ ကျွန်တော်နဲ့ တခြားအင်တာမီလန်အသင်းဖော်တွေသူ့ကို ဖုန်းဆက်သွယ်ရာမှာပြန်လည်ဖြေကြားခြင်းမပြုခဲ့ပါဘူး”လို့မာတီနက်ဇ်က ငြီးတွားပြောဆိုခဲ့ပါတယ်။'

လူကာကူကို ဂျုဗင်တပ်စ် အသင်းအပြင် ဆော်ဒီအာရေဗျ ကလပ်တွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။.
#World_Sports
#YMG #Yangon_Times