#Daily_News
Published_ 5 August 2023
၁။ ပြည်တွင်းခရီးသွား ကုမ္ပဏီ (၂၃)ခုကို ထိုင်းဗီဇာဝန်ဆောင်မှုအတွက် လုပ်ကိုင်ခွင့်ပြု
၂။ ဩဂုတ်လအတွင်း ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့်ကလေးငယ်များကို ဗီတာမင်ဆေးများ တိုက်ကျွေးမည်
၃။ မြန်မာ့အုန်းလက်မှုထုတ်ကုန်ပစ္စည်းများ အာရှမှာသာမက ဒူဘိုင်းနှင့်ဥရောပနိုင်ငံများမှာပါ ဈေးကွက်ရရှိနေ
၄။ ရွှံ့အလွန်ထူထပ်နေသည့် ဂျာမနီဟဲဗီးမက်တယ်ဂီတပွဲ၌ ရာသီဥတုအခြေအနေကြောင့် လက်မှတ်ဝယ်ထားသူအချို့အားဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Daily_News
Published_ 4 August 2023
၁။ ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ မြင့်တက်နေ
၂။ မန္တလေးတွင်ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်ဖွင့်ရန်ရှိ
၃။ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ - ၁၂ အသင်း ဘာစီလိုနာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေ
၄။ ဂျာမနီနိုင်ငံကမ္ဘာ့အကြီးကျယ်ဆုံး ဟဲဗီးမက်တယ်ဂီတပွဲတော်ကျင်းပရာနေရာတွင် ရာသီဥတုဆိုးရွားမှုကြောင့်ရွှံ့အလွန်ထူထပ်စွာဖြစ်ပေါ်.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Daily_News
Published_ 3 August 2023
၁။ အောင်ဘာလေထီဆုမဲပေါင်း ၁၀၀၀ ကျော် လာရောက်မထုတ်ယူပါက နိုင်ငံပိုင်သိမ်းမည်ဟုဆို
၂။ ပွင့်လင်းရာသီတွင် ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ၊ ဟိုတယ်ထိန်းသိမ်းရေးလုပ်ငန်းများကြိုတင်ဆောင်ရွက်နေ
၃။ ကျိုက်ထိုမှရန်ကုန်သို့ နေ့စဉ်ကားလက်မှတ်ခအခမဲ့ဖြင့်သွားလာနိုင်မည်ဟုဆို
၄။ ပထမနှစ်ဝက်အတွင်းကမ္ဘာလုံးဆိုင်ရာဗဟိုဘဏ်များမှ ရွှေဝယ်ယူမှု စံချိန်တင်မြင့်တက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Daily_News
Published_ 2 August 2023
၁။ ၂၀၂၃ ခုနှစ်အတွင်း ဗိုလ်တထောင်စေတီတော်တွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်
၂။ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသက်လေပြင်းကျရောက်ခြင်းနှင့် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်
၃။ နိုင်ငံ့ဂုဏ်ဆောင် မြန်မာစကိတ်သမားနှစ်ဦး ပြည်တော်ပြန်ရောက်ရှိ
၄။ အယ်လ်ဂျီးရီးယားကန္တာရ အိုအေစစ်တွင်ကျင်းပသည့် ရှေးဟောင်းပွဲတော်သို့တူအာရက်လူမျိုးအများအပြားလာရောက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Daily_News
Published_ 31 July 2023
၁။ ရန်ကုန်တွင် မိုးဆက်တိုက်သည်းမည်၊ ရန်ကုန်မြစ်ဝနေသူများနှင့် ရန်ကုန်မြစ်ကြောင်းသွားလာနေသူများ သတိထားရန်လို
၂။ မလေးရှားရေပိုင်နက်အတွင်း နစ်မြှုပ်သွားသည့် ကုန်တင်သင်္ဘောပြန်လည်ဆယ်ယူနိုင်ပြီ ဟုဆို
၃။ ဈေးထွက်အမှိုက်နှင့် စွန့်ပစ်အမှိုက်မှ မြေဆွေးတစ်ရက်လျှင် ငါးတန်ထုတ်လုပ်နေဟုဆို
၄။နှစ်ပေါင်းထောင်ချီသက်တမ်းရှိ လူရုပ်ပုံကျောက်တုံးများအား ခက်ခက်ခဲခဲ
ကာကွယ်ထိန်းသိမ်းနေရ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၂၃ ဇူလိုင်၊၂၀၂၃
ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင်(၁)ရက်ကစတင်ခဲ့တဲ့ နိုင်ငံအနှံ့ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေ နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်း သံသယရှိဖွယ်လူပေါင်း ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး များပြားလှတဲ့ တရားမဝင်လက်နက်တွေနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး တောဆက် ဆူဝီမိုလ်က ပြောပါတယ်။
ဇူလိုင် ၂၁ ရက်အထိ ထိုင်းရဲတွေဟာ ထိုင်းတစ်နိုင်ငံလုံးက ပစ်မှတ်နေရာပေါင်း ၁၆၅၈ နေရာကိုရှာဖွေတဲ့အခါ သံသယ တရားခံ၉၆၆ ဦးကိုဖမ်းဆီးခဲ့ပြီး တရားမဝင်လက်နက် ၉၁၁ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံ ၄၄,၅၄၀ ခုကို သိမ်းဆည်းမိခဲ့ပါတယ်။ အဲဒီအပြင် ပေါက်ကွဲပစ္စည်း နှစ်ခုနှင့်စိတ်ကြွဆေးပြား ၆၂၃၉ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒုရဲချုပ်ကပြောပါတယ်။
အဲဒီစီးနင်းမှုတွေထဲမှာ ကရာဘီပြည်နယ် ကောင်းဖနွမ်ခရိုင်၊ နာကောင်းမြို့က အိမ်တစ်အိမ်မှာ မူးယစ်နှင့်လူသတ်မှု သုံးမှုနှင့် ဝရမ်းထုတ်ထားတဲ့ အသက် ၂၈နှစ်အရွယ်တရားခံ ဘွမ်ကို အသေဖမ်းမိရခဲ့တယ်လို့ သိရပါတယ်။
အိမ်ကိုစီးနင်းစဉ် ဘွမ်ဟာ အိမ်နောက်ဖေးကနေ ဆိုင်ကယ်နှင့်ထွက်ပြေးလို့ ရဲက ပစ်ခတ်ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သူသေသွားရတာဖြစ်တယ်လို့ရဲကပြောပါတယ်။
သူနှင့်အတူ ၉ မမ Mauser ပစ္စတို၊ M67 လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံးကိုပါတွေ့ရပါတယ်။
ယခုစစ်ဆင်ရေးဟာ တရားမဝင်လက်နက်တွေနှင့် အငှားသေနတ်သမားတွေ၊ တရားမဝင်လက်နက် ရောင်းဝယ်ရေးတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဇူလိုင်၁ရက်မှ ၃၀ရက်အထိ လက်ထောက်ရဲမှူး ရဲဒုဗိုလ်ချုပ်ကြီး ဆာမရန် နူယယ်မာက အနီးကပ်ကြီးကြပ်နေပါတယ်။ သတင်းအချက်အလက်တွေကို မြို့ပြရဲတပ်ဖွဲ့၊ပြည်နယ်ရဲတပ်ဖွဲ့၁မှ ၉၊ ဗဟိုထောက်လှမ်းရေးဌာန၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရို၊ ကမ္ဘာလှည့်ခရီးသွားရဲဗျူရို၊ လူဝင်မှုကြီးကြပ်ရေးရဲ ဗျူရို၊ ဆိုက်ဘာမှုခင်းထောက်လှမ်းရေးဗျူရိုနှင့် နယ်စပ်ကင်းလှည့်ရဲတို့ဆီက ရရှိခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြရေးသားထားပါတယ်။
Source: Bangkok Post
#Thailand_crackdown_illegal_guns_trade
#Daily_News
Published_ 22 July 2023
၁။ သဘင်အိမ်ယာနှင့်သဘင်ရွာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး စတင်ဆောင်ရွက်နေ
၂။ U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲအတွက် ပဏာမကစား သမား (၄၀) ဦး ရွေးချယ်ခံရ
၃။ EVကား(၄၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ၊ ဇူလိုင်လအတွင်း(၁၇၇)စီးရောက်ရှိထားပြီဖြစ်
၄။ ကမ္ဘာ့အကြီးဆုံးနှင့်အမြင့်ဆုံး ရေအားလျှပ်စစ်-ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး တရုတ်နိုင်ငံစီချွမ်တွင် စတင်လည်ပတ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 77 of 149