#LocalNews
Published - 2 April 2022
ငါးလအတွင်း စင်ကာပူနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်လာခဲ့ပြီး အီးယူ အပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
နစက အစိုးရက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့တဲ့အနက် အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအထဲမှာမှ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်း၊ မလေးရှား တို့လို အခြားအာဆီယံနိုင်ငံတွေဆီကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန်သုံးသိန်းကျော် အသီးသီးဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ တသန်းကျော် ဝင်ရောက်ခဲ့ပြီး ထူးခြားတာကတော့ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် ယခု နစက အစိုးရလက်ထက်မှာ အီးယူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုပါက ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။
ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေသလို ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာတွေ့ရတယ်လို့လည်း ISP Myanmar ၏ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - ISP Myanmar
ymg/kg
#Yangon_Media_Group
#DailyNews
Published -1 April 2022
၁။ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်
၂။ မြန်မာပြောင်း တရုတ်နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရလာတာကြောင့် နိုင်ငံတကာမှာ ရရှိနေသည့် ဈေးနှုန်းအတိုင်း ဈေးရရှိလာနိုင်
၃။ မိုးလေဝသ သတင်း
၄။ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ရည်ရွယ်၍ ကြီးမားခမ်းနားလှသော အားကစားပြတိုက်ကြီး ကာတာတွင်ဖွင့်လှစ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published -31 Mar 2022
၁။ ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသော အမျိုးသမီးငယ်ကို စတင်ရှာဖွေ
၂။ ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်လာ
၃။ မိုးလေဝသ သတင်း
၄။ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော ဆူမာထရာကြံ့မျိုးစိတ်တစ်ကောင် အင်ဒိုနီးရှားတွင် ရှားရှားပါးပါးမွေးဖွားနိုင်ခဲ့...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published -30 Mar 2022
၁။ တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ တစ်လခန့်ရှိလာပြီဖြစ်
၂။ တရုတ်နိုင်ငံကို ပြောင်းတင်ပို့လိုသူများ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရန်လို
၃။ မိုးလေဝသ သတင်း
၄။ ဗီယက်နမ်ဖခင်က သားဖြစ်သူအတွက် ဒေါ်လာထောင်ပေါင်းများစွာအကုန်အကျခံပြီး ဗင်ကားကို သစ်သားတင့်ကားပြောင်းလဲဖန်တီးပေး...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 28 Mar 2022
၁။ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်အလုပ်လုပ်မည့် မြန်မာအလုပ်သမားများ အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆို
၂။ သံတမန်ဆက်ဆံရေးအရ ပြည်ပသံတမန်များနှင့် မကြာခဏတွေ့ဆုံနေရခြင်းဟု ပြည်သူ့ပါတီဥက္ကဌပြောကြား
၃။ မိုးလေဝသ သတင်း
၄။ ရုရှားနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခြင်းများက အမေရိကန်ကိုပါ တန်ပြန်ထိခိုက်လာစေနိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးသတိပေး......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 Mar 2022
၁။ လက်နက်ကိုင်ခေါင်းဆောင်များထိပ်သီးအစည်းအဝေးကျင်းပမည်
၂။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ကားအတွင်း တရားမဝင်တင်ဆောင်လာသော မြန်မာနိုင်ငံသား ဖမ်းဆီးရမိ
၃။ မိုးလေဝသ သတင်း
၄။ ရုရှားမှတင်သွင်းသည့်မြေဩဇာများ အဆမတန်ဈေးတက်လာမှုကြောင့် ထိုင်းနိုင်ငံ၏ ကုန်ဈေးနှုန်းများမြင့်တက်လာ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 Mar 2022
၁။ မြစ်ကြီးနားမြို့ပေါ်တွင် လုယက်မှုဖြစ်စဥ်တွေများပြားလာပြီး ဒေသခံများ စိုးရိမ်ထိတ်လန့် နေရ။
၂။ ကားမှတ်တိုင်များတွင် ရပ်သည့် Taxi နှင့် Light truck များကို အရေးယူရန်စီစဉ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အစ်မဖြစ်သူ၏ စံချိန်ကိုချိုးဖျက်ပြီး အသက်အငယ်ဆုံး တစ်ကိုယ်တော်ကမ္ဘာပတ်ပျံသန်းသူဖြစ်လာရန် ရည်ရွယ်ထားသည့်ဆယ်ကျော်သက်လေယာဉ်မှူး......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 131 of 137