 
		#World_Health
Published 07 May 2025
▪️ ဉာဏ်ရည်တု(AI)က ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ဆရာဝန်တွေထက် ပိုမိုသာလွန်ဖွယ်ရှိတယ်လို့ တဲလ်အေဗစ်တက္ကသိုလ်မှ လေ့လာချက်အသစ်မှာ တွေ့ထားပါတယ်။
▪️ ပရော်ဖက်ဆာ ဒန်ဇယ့်ဇာက Cedars-Sinai Connectနဲ့ အစ္စရေးလ် ကျန်းမာရေးနည်းပညာကုမ္ပဏီ K Healthတို့ ပူးပေါင်းဆောင်ရွက်တဲ့ AIရဲ့စွမ်းဆောင်ရည်ကို သုံးသပ်ခဲ့ပါတယ်။
▪️ ၂၀၂၄ ဇွန်လမှ ဇူလိုင်အတွင်းလာပြတဲ့ လူနာ ၄၆၁ဦးရဲ့ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ မျက်လုံး၊ မိန်းမကိုယ်၊ သွားနှင့်ခံတွင်းလက္ခဏာများကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ လာပြသူတိုင်းမှာ ဆေးညွှန်း၊ ဓာတ်ခွဲခန်းစမ်းသပ်မှု၊ ဆေးခန်းညွှန်သူများအပါအဝင် ရောဂါရှာဖွေရေးနဲ့ ကုသရေးအကြံပြုချက်များကို AIစနစ်အသုံးပြုကာ ထုတ်ဖော်ခဲ့ကြပြီးနောက် ဆရာဝန်နဲ့လည်း ပြသခဲ့ပါတယ်။
 
▪️ လူနာ ၇၇ ရာခိုင်နှုန်းမှာ AIစနစ်ရဲ့ အကြံပြုချက်တွေက အကောင်းဆုံးအဖြစ် သတ်မှတ်ခဲ့ကြကာ ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်တွေကတော့ ၆၇ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။
▪️ AIအကြံပြုချက်တွေက ဆရာဝန်တွေထက် ပြသသူ ၂၁ ရာခိုင်နှုန်းမှာ ပိုမိုသာလွန်ခဲ့ကာ ဆရာဝန်တွေကတော့ ၁၁ ရာခိုင်နှုန်းမှာ AIထက်သာလွန်ခဲ့ပါတယ်။
▪️ သတ်မှတ်ချက်တွေကို ဆေးကုသမှုလောကမှာ သက်တမ်း ၁၀နှစ်ကျော်ရှိတဲ့ အတွေ့အကြုံရင့် ဆရာဝန် ၄ ဦးအဖွဲ့မှ သုံးသပ်ပြီး အသင့်လျော်ဆုံးဖြစ်ခြင်း၊ အကျိုးအကြောင်းသင့်ခြင်း၊ လုံလောက်မှုမရှိခြင်း၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြင်းစတဲ့ ၄ချက်အပေါ်အခြေခံ ဆန်းစစ်တာဖြစ်ပါတယ်။
▪️ AIရဲ့ အယ်ဂိုရစ်သမ်မှာ ဆေးကုသမှတ်တမ်းပေါင်း သန်းနဲ့ချီဖြင့် ဖန်တီးထားကာ စိတ်ချရလောက်တဲ့ အတိုင်းအတာရောက်မှ အကြံပြုချက်ထုတ်ပေးတာ ဖြစ်ပါတယ်။
▪️ AIက အားသာချက်အခိုင်အမာ ပြထားနိုင်ပေမယ့်လည်း လူသားဆရာဝန်တွေ အားသာတဲ့နေရာတွေလည်း ရှိနေပါတယ်။
▪️ တွေ့ရှိချက်တွေအရတော့ အဝေးမှ စောင့်ရှောက်ကုသတဲ့ အခြေအနေတွေမှာ AIက ထိရောက်စွာ ကူညီပံ့ပိုးနိုင်တဲ့ပစ္စည်း ဖြစ်နေတယ်လို့ ဇယ့်ဇာက ပြောပါတယ်။
▪️ AIက ဆရာဝန်တွေနေရာ အစားထိုးဖို့တော့ မဖြစ်နိုင်ဘဲ ရောဂါရှာဖွေရေးအမှား လျှော့ချတာတွေ၊ အရေးကြီးအချက်အလက်များ ထုတ်ယူတာတွေ၊ ကုသမှုလမ်းစဉ်မြန်ဆန်တာတွေအတွက် ကူညီပေးနိုင်ဖွယ်ရှိတယ်လို့ ပြောသွားပါတယ်။
#Source: The Jerusalem Post
တရုတ်အလယ်ပိုင်း ဟေနန်ပြည်နယ်မှ လူငယ်ထိုက်ချိဆရာမဟာ ရှေးဟောင်းကိုယ်ခံပညာကို နောင်လာနောက်သားများ သဘောပေါက်သိရှိလာစေရန် နည်းလမ်းတစ်မျိုး အသုံးပြုလာပါတယ်။ 
#Asia_Culture
Published 06 May 2025 
#ထိုက်ချိပညာ #အွန်လိုင်းမှသင်ပြပေးနေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 May 2025
၁။ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ယနေ့ယာယီဖျက်သိမ်းထား
၂။ ရွှေတိဂုံစေတီတော်၌ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
၃။ EMI နှင့် MCEF (မန္တလေး)တို့ ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် အဆောက်အဦးများကို ယခုလ ၉ရက်အထိစစ်ဆေးမည်
၄။ ထိုက်ချိပညာကို ဆန်းသစ်နည်းလမ်းများဖြင့် အွန်လိုင်းမှသင်ပြပေးနေသည့်တရုတ်ထိုက်ချိပညာရှင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
 
		#World_Health
Published 06 May 2025
▪️ ဉာဏ်ရည်တုAIဖြင့် လုံးဝအလိုအလျောက် ဖန်ပြွန်သန္ဓေ(IVF)စနစ်အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးကလေးကို မွေးဖွားခဲ့ပါတယ်။
▪️ သာမန်ဆိုရင် သုတ်ပိုးတစ်ကောင်ကို မျိုးဥထဲ တိုက်ရိုက်ထည့်သွင်းတဲ့ ICSIနည်းလမ်းနေရာမှာ အဆိုပါ အလိုအလျောက်စနစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
▪️ ICSIနည်းလမ်းကို ၁၉၉၀ ဝန်းကျင်တည်းက အသုံးပြုနေခဲ့ပြီး ကျွမ်းကျင်ပညာရှင်များ လိုအပ်သလို ကန့်သတ်ချက်တွေလည်း ရှိပါတယ်။
▪️ ယခုစနစ်သစ်ကတော့ ICSIလမ်းစဉ် ၂၃ ဆင့်စလုံးကို လူသားပါဝင်ခြင်းမရှိဘဲ AIဖြင့် ဆောင်ရွက်နိုင်ပါတယ်။
▪️ ဒီစနစ်ကို သန္ဓေဗေဒပညာရှင် ဒေါက်တာ ဂျက်ကိုဟင်မှဦးဆောင်ကာ နယူးယော့ခ်နဲ့ မက္ကဆီကိုတို့မှ ပညာရှင်အဖွဲ့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
▪️ ယခုသားယောက်ျားလေးကို ဂွာဒယ်လာဂျာရာမှ Hope IVF Mexicoမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
▪️ အသက် ၄၀ အရွယ်အမျိုးသမီးက အစောပိုင်းကြိုးပမ်းခဲ့မှုမှာ မအောင်မြင်ခဲ့ဘဲ ယခုအလိုအလျောက်စနစ်ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။
▪️ မျိုးဥ ၅ခုထဲမှာ ၄ခုက အောင်မြင်စွာ မျိုးအောင်ခဲ့ပါတယ်။
▪️ သန္ဓေသားတစ်ခုက blastocystအဖြစ် ဖွံ့ဖြိုးလာကာ အေးခဲပြီးနောက် နောက်ပိုင်းမှာ အမျိုးသမီးထဲသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
▪️ အလိုအလျောက်စနစ်က သုတ်ပိုးထည့်သွင်းခြင်းဖြစ်စဉ် အစိတ်အပိုင်းတိုင်းမှာ ပိုမိုလျင်မြန်တိကျစွာဖြင့် ကိုင်တွယ်နိုင်ခဲ့ပါတယ်။
▪️ ဒီစနစ်ဟာ AIကိုအသုံးပြုပြီး ICSIလုပ်ငန်းစဉ်ရဲ့ အဆင့်တိုင်းကို ပထမဆုံးအနေနဲ့ အလိုအလျောက်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ နောက်ထပ်လူနာတွေမှာ ဘေးကင်းထိရောက်မှုရှိစေရန်အတွက် နောက်ထပ်လေ့လာချက်တွေ လိုအပ်ဦးမယ်လို့ ဒေါက်တာ ချာဗက်ဇ်ဘာဒီယိုလာက ပြောပါတယ်။
#Source: India Today
 
		#World_Science
Published 06 May 2025
▪️ ကမ္ဘာ့တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းတို့ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပေ ၉၀လောက်အထိ ရွေ့လာနိုင်ခြေရှိနေပါတယ်။
▪️ ရေခဲပြင်ကြီးများ အရည်ပျော်လာခြင်းက ကမ္ဘာတဝှမ်းမှာ သမုဒ္ဒရာထုထည် ပျံ့နှံ့လာနိုင်တယ်လို့ ဆက်စပ်လေ့လာတွေ့ရှိထားတာပါ။
▪️ ခုနှစ် ၂၁၀၀ခန့်ကျရင် အဆိုပါဝင်ရိုးစွန်းတွေ ၈၉ပေလောက် ရွေ့လျားနိုင်ပြီး ကမ္ဘာ့လည်ပတ်ဝင်ရိုးတံ ပြောင်းလဲလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
▪️ ဝင်ရိုးစွန်းတွေနေရာပြောင်းတဲ့အခါ ဂြိုဟ်တုတွေနဲ့ အာကာသယာဉ်လမ်းကြောင်းတွေအပေါ် သက်ရောက်လာလိမ့်မယ်လို့ သုတေသီများဖော်ပြလာပါတယ်။
▪️ ဂရင်းလန်းနဲ့ အန္တာတိကရေခဲပြင်များမှ ပျော်လာတဲ့ရေတွေကို သရုပ်ပြပုံစံဖြင့် ဖန်တီးစဉ်းစားခဲ့ကြပါတယ်။
▪️ ကမ္ဘာ့ထုထည်ကြီးမှာ ပျံ့နှံ့သက်ရောက်တဲ့အခါ ဝင်ရိုးတံကို ယိုင်နဲ့လှုပ်ခါစေပါတယ်။
▪️ ဒီလိုယိုင်နဲ့လှုပ်ခါခြင်းက ခန့်မှန်းလို့ရနိုင်ပြီး အပြောင်းအလဲတွေကြောင့် ဖြစ်ရကာ ကမ္ဘာ့ဗဟိုအူတိုင်နဲ့ ကမ္ဘာ့ကြားလွှာတို့ကြား တုံ့ပြန်လှုပ်ရှားမှဒတွေ ဖြစ်စေပါတယ်။
▪️ အခြားလေ့လာချက်များအရ ထုထည်ပျံ့နှံ့ရောက်ရှိခြင်းကနေ ကမ္ဘာ့ဝင်ရိုးစွန်းရွေ့လျားနိုင်ပါတယ်။
▪️ ETHဇူးရစ်မှသုတေသီများ ၁၉၀၀ ခုနှစ်ကနေ ၂၀၁၈ ကြား ဝင်ရိုးစွန်းရွေ့လျားမှုများနဲ့ ရေခဲပြင်အရည်ပျော်မှုများကို လေ့လာခဲ့ကြပါတယ်။
▪️ ကမ္ဘာကြီးသာ အဆိုးဆုံးနှုန်းနဲ့ ပူနွေးလာရင် မြောက်ဝင်ရိုးစွန်းဟာ ၂၁၀၀ ခုနှစ်မှာ အနောက်ဖက်သို့ ၈၉ပေရွေ့လာနိုင်တယ်လို့ တွေ့ရှိလာပါတယ်။ 
သိပ်ပြီးမဆိုးရွားရင်တောင် ၁၉၀၀ ခုနှစ်နဲ့ယှဉ်ရင် ၃၉ပေလောက် ရွေ့သွားနိုင်ပါတယ်။
▪️ ဒါတွေဟာ လူသားတွေရဲ့လုပ်ရပ်တွေကြောင့် ဝင်ရိုးစွန်းတွေ ရေခဲခေတ်က သက်ရောက်မှုထက်ပိုပြီး ပြောင်းလဲလာတဲ့သဘောဖြစ်တယ်လို့ ဗီယင်နာတက္ကသိုလ်မှ ကမ္ဘာမြေသိပ္ပံပညာရှင် မော့စ်တာဖာကီယာနီရှာဗန်ဒီက ပြောသွားပါတယ်။
#Source: WION
 
		၅ မေ ၂၀၂၅
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း၌ ပါကစ္စတန်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု လုပ်ငန်းများတွင် နက်ရှိုင်းစွာပါဝင်ပတ်သက်ခဲ့ကြောင်း စာအုပ်များ၊ နိုင်ငံရေးဝန်ခံမှုများနှင့် စစ်ရေး ကြေညာ ချက်များက ထင်ဟပ်နေတယ်လို့ အိန္ဒိယ မီဒီယာများက စာအုပ်များကို ကိုးကား ရေးသားခဲ့ကြ ပါတယ်။
ယင်းတို့ကိုးကားတဲ့ စာအုပ်တွေထဲမှာ အထင်ရှားဆုံးက "The Spy Chronicles" စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို စာရေးဆရာတွေဖြစ်ကြတဲ့ A.S. Dulat, Aditya Sinha နှင့် Asad Durrani တို့က ပူးတွဲရေသားခဲ့ပါတယ်၊ ယခင် ISI အကြီးအကဲလုပ်ခဲ့တဲ့ Asad Durrani က ကက်ရှ်မီးယားက ခွဲထွက်ရေးမဟာမိတ် ဟာရီယတ်ကို ဖန်တီးရာမှာ ပါဝင်ပတ်သက်ခဲ့ကြောင်းဝန်ခံရေးသားထားပါတယ်။
မဒီဟာအက်ဖ်ဇဲလ်ရေးသားတဲ့ Pakistan Under Siege စာအုပ်ထဲမှာလည်း အစ္စလမ်ပြုရေးနှင့် အိန္ဒိယ နှင့်ပတ်သက်ပြီး နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အကြောက်လွန်စိတ်နှစ်ခုကိုပေါင်းစပ်ထားတဲ့ အတွေးအခေါ် တစ်ခုကို ဖော်ထုတ်ရေးသားထားတာတွေ့ရပါတယ်။
နောက်တစ်အုပ်ကတော့ ရိုဟန်ဂူနာရက်နာမှင့် ခမ်ရမ်အစ်ဘဲလ်တို့ရေးတဲ့ Pakistan: Terrorism Ground Zero စာအုပ်ဖြစ်ပြီး အဲဒီစာအုပ်ထဲမှာ ပါကစ္စတန်ရဲ့ အကြမ်းဖက်အုပ်စုတွေနှင့် အိန္ဒိယနှင့်အီရန်အပါအဝင် နိုင်ငံတကာ actorတွေအကြား အချိတ်အဆက်တွေကိုရေးသားထားပါတယ်။
အဲဒီအပြင် အခြားစာအုပ်အချို့ကိုလည်း သုံးသပ်သူက ဆက်လက်ကိုးကားထားပါတယ်။
အဲဒီအပြင် နိုင်ငံရေးခေါင်းဆောင်အချို့ရဲ့ ဝန်ခံချက်တွေကိုလည်း ဆက်လက်ဖော်ထုတ်သုံးသပ်ထားပါတယ်။ အဲဒီအထဲမှာ တစ်ဦးကတော့ ပါကစ္စတန်ရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ခါဝါဂျာမူဟာမက်အာဆစ်ဖြစ်ပြီး “ ကျွန်တော်တို့ဟာ ဒီလိုညစ်ပတ်တဲ့အလုပ်တွေကို အမေရိကန်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေ အတွက် ဆယ်စုနှစ် သုံးစုကျော်လုပ်ပေးခဲ့ပါတယ်” လို့ ပြောထားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပါကစ္စတန် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် နာဂျမ်ဆက်သီနှင့် အကြီးတန်း နာဂျမ်ဆက်သီတို့ကလည်း ၂၆/၁၁ မွမ်ဘိုင်းတပ်ချ် တိုက်ခိုက်မှုမှာ ပါကစ္စတန်ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်သမ္မတဟောင်း ပါဗက်မူရှာရက်ကလည်း “ ၁၉၉၀ပြည့်နှစ်တွင် ကက်ရှ်မီးယား၌ လွတ်မြောက်ရေး လှုပ်ရှားမှုစတင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Lashkar-e-Taiba နှင့် အခြားသော အဖွဲ့အစည်း ၁၁ဖွဲ့ သို့မဟုတ် ၁၂ ဖွဲ့ခန့်တို့ကိုဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကိုထောက်ခံခဲ့တယ်။ လေ့ကျင့်ပေးခဲ့တယ်” လို့ ပြောဆိုခဲ့ ပါတယ်။ ထို့အပြင် အခြားသော နိုင်ငံရေးသမားအချို့၏ ပါကစ္စတန်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆို ချက်တွေကိုလည်း သတင်းသုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ယခုအခါ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုတွေ ဆက်လက်ပြင်းထန်လာနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယ-အုပ်ချုပ်တဲ့ ကာရှ်မီးယားဒေသရှိ ပဟာလ်ဂမ်မြို့၌ ခရီးသွားများကို ပစ်ခတ်သတ်ဖြတ် မှုကြောင့် အဓိကအားဖြင့် ဟိန္ဒူဘာသာဝင် ခရီးသွား ၂၆ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယအစိုးရက ပါကစ္စတန် ကို အကြမ်းဖက်မှုတွင် ပါဝင်တယ်လို့စွပ်စွဲခဲ့ပြီး ပါကစ္စတန်အစိုးရအဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
#knl/ymg
 
		နေပြည်တော်၊ မေ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့မကြာမီ ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မော်စကိုမြို့တော်တွင်ကျင်းပပြုလုပ်မည့်၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင်အခမ်းအနားသို့ တက်ရောက်လာကြသည့်နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေး ခြင်းများကိုဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံ တွင်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Ms. Valentina Matvienko ၏ ဖိတ်ကြားချက်အရ ခရီးစဉ်မှာ တစ်ပါတည်း သွားရောက်မည်ဖြစ်ပြီးခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
ခရီးစဉ်တွင် နစက အဖွဲ့ဝင်များ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမှာ ဖြစ်ပါတယ်။
#ymg/knl
Page 119 of 1059