#World_News
Published 25 October 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမယ့်အပတ် အာရှခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံသွားဖွယ်ရှိရာ ဘယ်လောက်အထိ သဘောတူညီမှု ရယူနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။
■ သောကြာနေ့ညမှာ ထရမ့်က ဝါရှင်တန်ကနေ ထွက်ခွာလာပြီး မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများသို့ ၅ ရက်တာခရီး လည်ပတ်မှာဖြစ်ပါတယ်။
■ ဒါဟာ ဇန်နဝါရီလက သမ္မတတာဝန် ပြန်လည်ရယူပြီးနောက်ပိုင်း အာရှဒေသသို့ ပထမဆုံးရောက်ရှိတာ ဖြစ်ပါတယ်။
■ လာမယ့်ကြာသပတေးနေ့ တောင်ကိုရီးယားမှာ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင် မတွေ့ဆုံခင် ကုန်သွယ်ရေး၊ အရေးကြီးသော သတ္တုများနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေလည်း ရရှိဖို့ ထရမ့်ကမျှော်လင့်ထားပါတယ်။
■ ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးတိုက်ပွဲ အဆုံးသတ်ရေး အရိပ်အယောင်မြင်လာရချိန်မှာ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
■ အမေရိကန်ဟာ အခွန်စည်းကြပ်ရေး၊ မြေရှားသတ္တုကိစ္စ၊ ကုန်သွယ်ရေးကန့်သတ်ချက်များနဲ့ ပတ်သက်ပြီး တရုတ်နဲ့ တင်းမာမှုရှိနေဆဲ ဖြစ်ပါတယ်။
■ ထရမ့်က ယခုခရီးစဉ်အတွင်း ထိုင်ဝမ်အရေး၊ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အပါအဝင် ဒေသတွင်းကိစ္စရပ်များကို ဖြေရှင်းပေးဖို့ ရည်မှန်းထားပါတယ်။
■ နောက်ထပ်တွေ့ဆုံမှုများအနေဖြင့် ဂျပန်ဝန်ကြီးချုပ်အသစ်၊ တောင်ကိုရီးယားသမ္မတတို့ အပါအဝင် အခြားခေါင်းဆောင်များနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
■ မလေးရှား၊ အိန္ဒိယတို့နဲ့ ကုန်သွယ်ရေးသဘောတူညီမှုများကို ပိတ်သိမ်းရန် ကြိုးပမ်းနေကာ တောင်ကိုရီးယားအတွက် အခက်တွေ့စေတဲ့ သဘောတူညီမှုတစ်ခုကိုတော့ ထောက်ပံ့ဖို့လုပ်နေပါတယ်။
Source: Reuters
#World_Health
Published 25 October 2025
■ နှလုံးဖောက်ခြင်းဆိုတာဟာ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်တင်းကြပ်ခြင်းတို့နဲ့ ဆက်စပ်တွေးကြပါတယ်။
■ ဒါပေမဲ့ အစောဆုံးလက္ခဏာတွေက ဒီထက်ပိုပြီး သိမ်မွေ့နူးညံ့တယ်လို့ နှလုံးအထူးကုတွေ သတိပေးလာပါတယ်။
■ ရေရှည်နွမ်းနယ်ခြင်း၊ မောပန်းခြင်းစတာတွေက နှလုံးဖောက်ခြင်းနဲ့ ပထမဆုံး လက္ခဏာတွေ ဖြစ်တယ်လို့ ဒေါက်တာ ဆန်ဂျေးဘိုရာဂျ်က ပြောပါတယ်။
■ ဒါဟာ နှလုံးက ကောင်းစွာ မညှစ်နိုင်ဘဲ ခန္ဓာကိုယ်ဆီ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးတာ ဖြစ်ပါတယ်။
■ ဒီလက္ခဏာတွေကို လစ်လျူရှုလိုက်ရင် နှလုံးသွေးကြောပြဿနာတွေကို မသိရှိနိုင်တော့ဘဲ အချိန်မီ ကာကွယ်ကုသဖို့ ကျော်လွန်သွားတတ်ပါတယ်။
■ သွေးလည်ပတ်မှုလျော့နည်းခြင်းနဲ့ ရောင်ရမ်းခြင်းတို့က ခန္ဓာကိုယ်စွမ်းအင် ထိန်းသိမ်းမှုကို ဆုတ်ယုတ်စေကာ ပင်ပန်းနွမ်းနယ်စေပါတယ်။
■ သတိထားစောင့်ကြည့်ရမယ့် အစောပိုင်းနှလုံးပြဿနာတွေထဲမှာ ဆက်တိုက်ပင်ပန်းနွမ်းနယ်ခြင်း၊ ရင်ဘတ် လက်မောင်း ကျောတို့မှာ ရောင်ရမ်းခြင်း၊ မေးရိုး ပခုံးတို့မှာ မသက်မသာဖြစ်ခြင်း၊ အစာမကြေခြင်း အစာအိမ်မကောင်းခြင်း၊ လှုပ်ရှားမှုပြုလုပ်စဉ် အသက်ရှူကြပ်ခြင်း၊ ပင်ပင်ပန်းပန်းမလုပ်ဘဲ ချွေးထွက်ခြင်း၊ မတ်တပ်ရပ်စဉ် ခေါင်းကိုက်မူးဝေခြင်းတို့ ပါဝင်ပါတယ်။
■ ဒီလက္ခဏာတွေက နှလုံးမဖောက်ခင် ရက်သတ္တပတ်၊ ရက်ပိုင်းအတွင်းတို့မှာ ဖြစ်တတ်ပါတယ်။
■ ဒါတွေကို အချိန်မီသိရှိပြီး ကြိုတင်ကာကွယ်ခြင်းက အရေးကြီးပါတယ်။
နေ့စဉ်လမ်းလျှောက်ခြင်း၊ နှလုံးကျန်းမာစေတဲ့ အစားအစာများစားခြင်းတို့ဖြင့် ဘေးအန္တရာယ် လျော့နည်းစေနိုင်ပါတယ်။
Source: Times of India.
#World_Health
Published 25 October 2025
■ အိပ်ရေးမဝတဲ့အခါ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း စတဲ့နှလုံးပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။
■ သုတေသီတွေက လူရွယ်အယောက် ၇၇၀ ထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြကာ အိပ်စက်ပုံစံပြဿနာများကို ဖော်ထုတ်လေ့လာခဲ့ကြရာ အဓိကအားဖြင့် ၅ မျိုးခွဲခြားခဲ့ကြပါတယ်။
■ (၁) လုံလောက်စွာ မအိပ်စက်ရခြင်း
တစ်ညကို ၇ နာရီမှ ၉ နာရီကြားအိပ်စက်ဖို့ ပညာရှင်များ အတည်ပြုထားကြပြီး ၆ နာရီအောက်သာ အိပ်စက်ရပါက အပြုအမူစိတ်ဆတ်လာခြင်း၊ စိတ်ခံစားချက်ပြဿနာများ၊ အခြားသူများကို ဦးစားမပေးခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
■ (၂) ညဘက်ခဏခဏနိုးခြင်း
အိပ်စက်ခြင်းဆိုတာက ဦးနှောက်အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာဖြစ်ပြီး ညဘက်နိုးနိုးနေခြင်းက မှတ်ဉာဏ်ပိုင်း၊ စိုးရိမ်ခြင်း၊ အပြုအမူပိုင်း ပြဿနာများနဲ့ ဆက်စပ်နေပါတယ်။
■ (၃) ကောင်းစွာမအိပ်ရခြင်း
အိပ်ပျော်ဖို့ခက်ခဲပြီး အနှောင့်အယှက်ဖြစ်နေလို့ နေ့ဘက်ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရခြင်းက စိတ်ကျန်းမာရေးအတွက် ဆိုးရွားစေပါတယ်။
■ (၄) အိပ်ဆေးသောက်နေရခြင်း
အမေရိကန်တွေရဲ့ ၆၄ ရာခိုင်နှုန်းလောက်က အိပ်ဆေးမှီဝဲနေရကာ ဒီဆေးတွေက လူမှုဆက်ဆံရေးမှာ စိတ်ကျေနပ်မှုရစေပေမယ့် မှတ်ဉာဏ်နဲ့ သူတစ်ပါးခံစားချက် အသိအမှတ်ပြုခြင်းတို့မှာ ပြဿနာဖြစ်နိုင်ပါတယ်။
■ (၅) အိပ်ပေမယ့် နေ့ဘက်ငိုက်မျဉ်းခြင်း
ညဘက်ကောင်းစွာ အိပ်ရင်တောင်မှ နေ့ဘက်ပင်ပန်းပြီး အိပ်ငိုက်တာက အိပ်နေစဉ် အသက်ရှူရပ်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင်ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပြီး ဖိစီးမှု၊ စိုးရွံ့ခြင်း၊ ဒေါသ၊ စိတ်ဓာတ်ကျခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
Source: New York Post.
ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် လစ်ဘရယ်ဒီမိုကရက်တစ် (LDP)ပါတီခေါင်းဆောင် ဆာနဲတာကိုင်ချီ ရွေးချယ်ခံရပြီးနောက် ဂျပန်ပြည်သူတွေက ဝန်ကြီးအဖွဲသစ်အနေဖြင့် စီးပွားရေးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ နေထိုင်မှုတိုကို ဦးစားပေးစေချင်ကြောင်း မျှော်လင့်လာကြပါတယ်။
#Asia_Politics
Published 24 October 2025
#ဂျပန်ဝန်ကြီးချုပ်သစ် #LDP
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 October 2025
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နောက်အပတ်မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
■ ထရမ့်က သောကြာနေ့ညမှာ မလေးရှားသို့ ထွက်ခွာမှာဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းရေး(APEC) စီအီးအိုထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် ဂျပန်နဲ့ တောင်ကိုရီးယားသို့ သွားရောက်ကာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် မီဒီယာရှင်းလင်းရေး အတွင်းရေးမှူး ကယ်ရိုလင်းလီဗစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
■ ကြာသပတေးနေ့ နံနက်ပိုင်းမှာ အမေရိကန်သို့ မပြန်ခင် ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ နှစ်နိုင်ငံအစည်းအဝေး ပြုလုပ်သွားမယ်လို့ လီဗစ်က ပြောပါတယ်။
■ တနင်္ဂနွေနေ့မှာတော့ ထရမ့်က အာဆီယံခေါင်းဆောင်များ ညစာစားပွဲသို့ တက်ရောက်ကာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံပြီးနောက် တနင်္လာနေ့မှာ တိုကျိုသို့သွားကာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
■ ဗုဒ္ဓဟူးနေ့မှာတော့ တောင်ကိုရီးယားသို့ သွားရောက်ကာ သမ္မတလီဂျယ်မြောင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး စီအီးအိုတွေအတွက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
■ တင်ပို့ကုန်တွေ၊ အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်တို့ တင်းမာနေခဲ့ရာကနေ ပြန်လည်ညှိနှိုင်းဖို့ ကြိုးစားလာကြပါတယ်။
Source: Reuters
#World_Health
Published 24 October 2025
■ လူသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးဟာ နာကျင်ကိုက်ခဲတာကို ကောင်းစွာမပြေလျော့သလို နှလုံးရောဂါလိုမျိုး ဘေးထွက်ဆိုးကျိုးတွေပါ များစေနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ပြောနေကြပါတယ်။
■ Tramadol က ခွဲစိတ်ခြင်းနဲ့ ပြင်းထန်တဲ့ဒဏ်ရာလိုမျိုး ပြင်းထန်တဲ့ နာကျင်မှုတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။
■ အားပျော့တဲ့ အကိုက်အခဲပျောက်ဆေးတွေ မတိုးတော့တဲ့အခါ ဒီဆေးကို ပေးကြပါတယ်။
■ Tramadol က နာကျင်မှုကို လုံးဝပျောက်ကင်းစေတာ မဟုတ်ဘဲ နာကျင်ခြင်းခံစားရမှုကိုတော့ ရပ်တန့်ပေးနိုင်ပါတယ်။
■ ဒီဆေးက ဘေးကင်းစိတ်ချရပြီး အခြားဆေးတွေလောက် မစွဲလမ်းစေဘူးလို့ ယူဆခဲ့ကြတာကြောင့် အသုံးများခဲ့ပါတယ်။
■ BMJ မှာဖော်ပြတဲ့ လေ့လာချက်မှာတော့ ဒီဆေးဟာ နာတာရှည်နာကျင်ကိုက်ခဲမှုကို ထိရောက်စွာ သက်သာစေခြင်း မရှိဘူးလို့ တွေ့ရှိထားပါတယ်။
■ သူ့ရဲ့ဘေးအန္တရာယ်တွေက အကျိုးကျေးဇူးထက် ပိုများနိုင်ပြီး ကန့်သတ်ပြီးတော့သာ သုံးစွဲသင့်တယ်လို့ ပြောထားပါတယ်။
■ သုတေသီတွေက နာတာရှည်နာကျင်ကိုက်ခဲမှု ခံစားနေရတဲ့လူပေါင်း ၆၅၀၆ ဦးဖြင့် လက်တွေ့စမ်းသပ်မှု ၁၉ ခုပြုလုပ်ခဲ့ပါတယ်။
■ ထိုအခါမှ Tramadol က နာကျင်မှု ပြေလျော့စေပေမယ့် အနည်းငယ်မျှသာဖြစ်ပြီး ထိရောက်မှုဆိုတာထက် အောက်ရောက်နေပါတယ်။
■ ဒါ့အပြင် Tramadol အသုံးပြုတဲ့ စမ်းသပ်သူတွေမှာ နှလုံးနဲ့သက်ဆိုင်တဲ့ဖြစ်ရပ်တွေ အဖြစ်ပိုများတာ တွေ့ရပါတယ်။
Source: The Sun.
#World_Health
Published 24 October 2025
■ မျက်ကပ်မှန်တွေ မျက်မှန်တွေ မလိုအပ်တော့ဘဲ မြင်ကွင်းကြည်လင်ပြတ်သားစေမယ့် နောက်ဆုံးပေါ်ကုသနည်းကတော့ SILK လို့ခေါ်တဲ့ နည်းပညာဖြစ်ပါတယ်။
■ ဒါက အဆင့်မြင့်လေဆာကုသနည်းဖြစ်ပြီး မျက်ကြည်လွှာမှ အဝိုင်းပုံသဏ္ဍာန်တစ်ရှူးကို ဖယ်ပြီး အမြင်အာရုံတိုးတက်စေတာ ဖြစ်ပါတယ်။
■ SILK နည်းပညာဖြင့် မျက်ကြည်လွှာမှ တစ်ရှူးကိုဖယ်ရှားပေးပြီး မျက်မှန်မလိုအပ်တော့ဘူးလို့ ဆာဂန်ဂရန်ဆေးရုံမှ ဒေါက်တာ အိုက်ကီဒါလယ်က ပြောပါတယ်။
■ ဖယ်ရှားဖို့လိုအပ်တဲ့ တစ်ရှူးပမာဏကတော့ မျက်မှန်ပါဝါပေါ် မူတည်ပါတယ်။
■ နောက်ထပ်လေဆာခွဲစိတ်နည်းတစ်ခုကတော့ LASIK ဖြစ်ပြီး အနည်းငယ်ဈေးပိုသက်သာကာ မျက်ကြည်လွှာသားကို ဖြတ်တောက်ပြီး အောက်ကတစ်ရှူးပေါ်လာအောင် မ'တင်ပေးတာ ဖြစ်ပါတယ်။
■ LASIK နည်းလမ်းကတော့ အလင်းယိုင်လွဲခြင်းများအားလုံးမှာ အသုံးပြုနိုင်ပြီး လူနာပြန်လည်သက်သာချိန်ကလည်း SILK ထက် ပိုမြန်ပါတယ်။
■ မျက်မှန်မတပ်ချင်သူတွေအတွက် မှန်ကန်တဲ့နည်းလမ်းရွေးချယ်ခြင်းက အရေးပါကြောင်း ဒေါက်တာက ပြောပါတယ်။
■ ဒီနည်းလမ်းတွေကတော့ အတော်လေးဘေးကင်းစိတ်ချရပြီး အချို့ကတော့ မျက်လုံးခြောက်သွေ့ခြင်းမျိုး ခံစားရနိုင်ပါတယ်။
■ SILK ခွဲစိတ်ခြင်းက အနည်းငယ်ပိုပြီး ဈေးကြီးပေမယ့် ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
■ ဘေးကင်းစိတ်ချရပြီး နည်းပညာပိုင်း အဆင့်မြင့်ပေမယ့် နေရာအနှံ့ မရောက်ရှိသေးသလို ဈေးနှုန်းကလည်း အခက်အခဲ ဖြစ်နိုင်ပါတယ်။
Source: Indian Express
Page 92 of 1146