ဂျပန်မှာ ငွေကြေးအရှုပ်တော်ပုံကြီးတစ်ခုကြောင့် အများပြည်သူရဲ့ ယုံကြည်မှု ပျက်စီးသွားပြီးနောက် ဂျပန်အာဏာရညွန့်ပေါင်းအစိုးရသစ်အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
#Asia_Politics
Published 23 October 2025
#ဂျပန် #ငွေကြေးအရှုပ်တော်ပုံကြီး
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 23 October 2025
■ ရုရှားက နျူကလီးယားလက်နက်များပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခဲ့ရာ အမေရိကန်က ရုရှားအဓိကရေနံကုမ္ပဏီတွေကို ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ကတိကဝတ်မတည်ဘူးလို့ ရုရှားတို့ကို စွပ်စွဲလိုက်ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ထိပ်သီးအစည်းအဝေးအစီအစဉ်များ ပျက်ပြယ်ပြီးနောက်နေ့မှာပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
■ Rosneft နဲ့ Lukoil ရေနံကုမ္ပဏီကြီးနှစ်ခုကို အဓိကပစ်မှတ်ထားကာ ရုရှားအတွက် စစ်လက်နက်တွေ ဖြည့်တင်းပေးနေတဲ့ အခြေအနေကို အထိနာစေမယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။
■ ထရမ့်က စစ်ပွဲအဆုံးသတ်ရေးကို ပူတင်သဘောတူလက်ခံဖွယ် ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ဖြင့် အမေရိကန်လွှတ်တော်အမတ်တွေ စွမ်းအင်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့ ဖိအားပေးနေခဲ့တာကို တောင့်ခံနေခဲ့တာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ အဆုံးသတ်ဖို့လမ်းမမြင်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့သင့်ပြီလို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
■ ယူကရိန်းကိုလည်း တာဝေးပစ် တာမာဟော့ခ်ဒုံးကျည်များ ထောက်ပံ့ပေးဖို့ အသင့်မဖြစ်သေးဘူးလို့လည်း ပြောပါတယ်။
■ ရုရှားစစ်ရေးလေ့ကျင့်မှု ဗီဒီယိုတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး ဗလယ်ရီဂျရာဆီမော့ဗ်က ပူတင်ကို စစ်ရေးလေ့ကျင့်မှုတွေအကြောင်း တင်ပြနေတာ တွေ့ရပါတယ်။
■ ရုရှားရဲ့ နျူကလီးယားစွမ်းအားက ယူကရိန်းနဲ့ အနောက်တိုင်းမဟာမိတ်တွေကို သတိပေးရာရောက်တယ်လို့ ပူတင်က ထပ်မံအသိပေးထားပါတယ်။
■ ဥရောပသမဂ္ဂကလည်း ရုရှားဓာတ်ငွေ့တင်ပို့မှုများကို ပိတ်ဆို့ခြင်းအပါအဝင် ၁၉ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုများကို အတည်ပြုခဲ့ပါတယ်။
Source: Reuters
#World_Health
Published 23 October 2025
■ စစ်ပွဲတွေဖြစ်ပြီးနောက် လူတွေဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ နေနေကြရပြီး အိပ်ကောင်းစားကောင်းခြင်း မရှိဘဲ စိတ်ဖိစီးမှုတွေပါ ဖြစ်ပေါ်လာပါတယ်။
■ ဖိအားကြာရှည် ခံစားရတဲ့အခါ မျက်နှာပေါ်မှာ အရေးကြောင်းတွေ သိသာထင်ရှားလာတယ်လို့ အရေပြားအထူးကုသုံးဦး သဘောတူပြောဆိုထားပါတယ်။
■ နေထိုင်လို့ သိပ်မကောင်းတဲ့သူတွေဟာ ကြည့်လို့မကောင်းကြဘူးလို့ ဒေါက်တာ မာရီနာလန်ဒေါက်က ပြောပါတယ်။
■ ဖိစီးမှုရှိလာရင် ဆေးလိပ်သောက်ခြင်း၊ အစားမစားခြင်းတို့ ဖြစ်လာပြီး အရေပြားထိခိုက်လာကာ အရေးကြောင်းတွေ ပေါ်လာပါတယ်။
■ ဒေါက်တာ မိုက်ကယ်ဘန်ကလာကလည်း ဖိစီးမှုကြောင့် မျက်မှောင်ကျုံ့တဲ့အချိန် များလာကာ ရှိပြီးသားအရေးကြောင်းတွေ ပိုပေါ်လာစေပြီး စိုးရိမ်ပူပန်စိတ်တွေက အရေပြားကို အတော်လေးထိခိုက်စေတယ်လို့ ဆိုပါတယ်။
■ ဒီအတွက် ရေများများသောက်ခြင်း၊ အာဟာရပြည့်စုံစွာစားခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းတို့ ပြုလုပ်သင့်သလို အလှအပရေးရာနည်းလမ်းများ အသုံးပြုနိုင်ပါတယ်။
■ ဟိုင်ယာလျူရွန်နစ်အက်ဆစ် အခြေခံထားတဲ့ နိုဘယ်ဆုရနည်းပညာက ဒီအခြေအနေကို ဖြေရှင်းနိုင်ဖွယ် ရှိနေပါတယ်။
■ Alma ကထုတ်တဲ့ HALLURA ဟာ အသားအရေကို ပြန်လည်ဖြည့်တင်းရုံမက အသွေးအသား တိုးတက်စေကာ မျက်နှာနဲ့လုံးဝလိုက်ဖက်တဲ့ သဘာဝရလဒ် ရရှိစေနိုင်ပါတယ်။
■ အစ္စရေးလ်ကထုတ်တဲ့ ဟိုင်ယာလျူရွန်နစ်အက်ဆစ်က အရေးကြောင်းတွေကို ဖြည့်တင်းပေးပြီး အရေပြားကောင်းအောင် လှုံ့ဆော်ပေးတယ်လို့ ဒေါက်တာလန်ဒေါက်က ရှင်းပြပါတယ်။
■ ဖိစီးမှုတွေများတဲ့ကာလမှာ ကိုယ့်ကိုယ်ကို အသားအရေထိန်းသိမ်းကြဖို့ အရေးကြီးကြောင်း ဒေါက်တာ လာဗစ်အက်ကာမန်းက ပြောသွားပါတယ်။
Source: The Jerusalem Post.
#World_Health
Published 23 October 2025
■ အရက်သောက်ပြီးနောက် အမူးပြေချင်တဲ့အခါ နည်းမျိုးစုံကျင့်သုံးကြပြီး လက်ဖက်ရည် ကော်ဖီသောက်ခြင်းကလည်း မြန်မြန်အမူးပြေစေတယ်လို့ ယူဆနေကြပါတယ်။
■ ဒါပေမဲ့ ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲက အယ်ကိုဟောကို မြန်မြန်ဖြစ်ပျက်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထား မရှိဘူးလို့ ပြည်သူ့ကျန်းမာရေးပညာရှင် ဒေါက်တာ ဂျာဂါဒစ်ရှ်ဟိုင်ယာမက်က ရှင်းပြထားပါတယ်။
■ အသည်းဟာ အယ်ကိုဟောကို ပုံမှန်နှုန်းအတိုင်းပဲ ချေဖျက်ပြီး ကဖင်းဓာတ်က ဒီဖြစ်စဉ်ကို ပိုပြီးမမြန်စေဘူးလို့ ဆိုပါတယ်။
■ ကဖင်းက လေးလံခြင်းကို လျှော့ချပေးပြီး ယာယီနိုးကြားစေနိုင်ဖွယ်ရှိတယ်လို့တော့ ဆိုပေမယ့် သွေးထဲက အယ်ကိုဟောကို မဖယ်ရှားပေးပါဘူး။
■ တကယ်တမ်းက ကဖင်းဓာတ်က အမူးပြေသလို ခံစားရစေတာဖြစ်ပြီး အယ်ကိုဟောရဲ့ စိတ်ထိုင်းမှိုင်းမှုကို ဖုံးလွှမ်းတာပါ။
■ ၂၀၁၁ ဝေကာတိုတက္ကသိုလ် လေ့လာချက်မှာ ကဖင်းဓာတ်က အယ်ကိုဟောရဲ့ လှုပ်ရှားမှုလေးလံခြင်းကို ယာယီဖုံးအုပ်ပေးတယ်လို့ သိရပါတယ်။
■ လူတွေက အယ်ကိုဟောမူးတဲ့ပမာဏကို လျှော့တွက်မိကြပြီး ကားမောင်းခြင်းလိုမျိုး ဘေးအန္တရာယ်အပြုအမူတွေ ပြုလုပ်မိပါတယ်။
■ ကဖင်းသောက်ခြင်းကြောင့် မမူးဘူးထင်ပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းတတ်ကာ အလွန်အကျွံသောက်ခြင်း၊ အန္တရာယ်အပြုအမူများ ပြုလုပ်ခြင်းတို့ ပြုလုပ်တတ်ကြပါတယ်။
■ အမူးပြေစေမယ့် တစ်ခုတည်းသောနည်းလမ်းက အယ်ကိုဟောချေဖျက်ဖို့ အချိန်ပေးခြင်းပဲ ဖြစ်ပါတယ်။
■ ရေဓာတ်ဖြည့်ခြင်း၊ ပေါ့ပေါ့ပါးပါးစားခြင်း၊ အနားယူခြင်းတို့ဖြင့် အယ်ကိုဟောလက္ခဏာအချို့ သက်သာစေနိုင်ပါတယ်။
Source: Indian Express.
တနင်္လာနေ့အစောပိုင်းက ကုန်တင်လေယာဉ် မတော်တဆဖြစ်မှုကြောင့် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လုံခြုံရေးဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
#World_News
Published 22 October 2025
#ဟောင်ကောင်လေဆိပ် #လေယာဉ်
#YMG #Yangon_Times #Yangon_Media_Group
#Asia_News
Published 22 October 2025
■ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ ဥပဒေစိုးမိုးရေးအာဏာပိုင်များက နယ်စပ်ကျော်ဖြတ်ရာဇဝတ်မှုများ တိုက်ဖျက်ရန်အတွက် ၁၅၈ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်းကင်းလှည့်ပူးပေါင်းမစ်ရှင်ကို အင်္ဂါနေ့က စတင်လိုက်ပါတယ်။
■ အင်္ဂါနေ့နံနက်ပိုင်းက တရုတ်ဥပဒေစိုးမိုးရေးသင်္ဘော ၃ စင်းနဲ့ လာအိုသင်္ဘော ၃ စင်းတို့ဟာ တရုတ်ယူနန်ပြည်နယ် အနောက်တောင်ဘက် ရှီရွှမ်ဘန်နာဒိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ ကျင့်ဟာဆိပ်ကမ်းကနေ ထွက်ခွာလာပြီး ပူးပေါင်းလေ့ကျင့်ရေး စတင်ကြောင်း အချက်ပြလိုက်ပါတယ်။
■ မြန်မာနိုင်ငံမှ သင်္ဘောနှစ်စင်းလည်း ကင်းလှည့်ရေးမှာ ပါဝင်ခဲ့ပါတယ်။
■ ဒီတာဝန်က အွန်လိုင်းလောင်းကစား၊ တယ်လီဖုန်းလိမ်လည်ခြင်း၊ မူးယစ်ဆေးဝါးနဲ့ ကုန်ကူခြင်းစတဲ့ နယ်စပ်ရာဇဝတ်မှုတွေကို ပစ်မှတ်ထားပြီး ရေလမ်းခရီးဘေးကင်းလုံခြုံမှု ထိန်းသိမ်းရန် ရည်ရွယ်ပါတယ်။
■ ဒီမတိုင်ခင်မှာလည်း ၄ နိုင်ငံမှ အာဏာပိုင်များဟာ ပူးပေါင်းအစည်းအဝေးနဲ့ အချက်အလက်လဲလှယ်ရေးကဏ္ဍတို့ တက်ရောက်ခဲ့ကြပြီး မဲခေါင်မြစ်တလျှောက် ရာဇဝတ်မှုများနဲ့ ဒေသတွင်းလုံခြုံရေး အားကောင်းစေရန် ဆွေးနွေးခဲ့ကြပါတယ်။
■ လာအိုသင်္ဘော ၃ စင်းကလည်း ၁၅၈ ကြိမ်မြောက် ပူးတွဲကင်းလှည့်ရေးမှာ ပါဝင်လာပြီး ရှီရွှမ်ဘန်နာသို့ စက်တင်ဘာ ၃၀ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။
■ ခရီးစဉ်အတွင်း နှစ်ဖက်နိုင်ငံဟာ လေ့ကျင့်ရေး၊ ဥပဒေစိုးမိုးရေးအတိုင်းအတာ အဆောက်အအုံများ၊ ယဉ်ကျေးမှုဖလှယ်ရေးတို့အပေါ် အမြင်များဝေမျှပြီး ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားထုတ်ခဲ့ကြပါတယ်။
■ မဲခေါင်မြစ်က နယ်စပ်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေကြောင်းလမ်းဖြစ်ပြီး တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့က ၂၀၁၁ ဒီဇင်ဘာလတည်းက ပူးပေါင်းကင်းလှည့်ခြင်းများ ဆောင်ရွက်နေခဲ့ပါတယ်။
Source: Xinhua
#World_Health
Published 22 October 2025
■ ဆိုဒါမှာပါတဲ့ သကြားနဲ့ ကယ်လိုရီတွေက အဝလွန်ခြင်း၊ ဆီးချို၊ ခံတွင်းပြဿနာများ ဖြစ်နိုင်ခြေများစေတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြလာပါတယ်။
■ ယခု ဂျာမနီသုတေသနတစ်ခုမှာတော့ အချိုရည်တွေက စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေကိုလည်း များစေတယ်လို့ ဆိုလာပါတယ်။
■ ဒါတွေက စိတ်ကျရောဂါရှိတဲ့သူတွေထဲမှာ အများအပြားတွေ့ရတဲ့ Eggerthella အူလမ်းကြောင်းဘက်တီးရီးယားကို မြင့်တက်စေတယ်လို့ တွေ့ရှိထားပြီး အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
■ ဖရန့်ဖတ်တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ ရှာမီလီအက်ဒ်ဝင်ထနာရာဂျာတို့ အဖွဲ့က စိတ်ကျရောဂါဖြစ်နေသူ ၄၀၅ ဦးနဲ့ သာမန်လူ ၅၂၇ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။
■ ပါဝင်စမ်းသပ်ခံသူတွေက သူတို့ရဲ့ စိတ်ကျန်းမာရေး လက္ခဏာများနဲ့ ဆိုဒါသောက်သုံးမှု အခြေအနေတွေကို ကိုယ်တိုင်တင်ပြပြီး အူလမ်းကြောင်းဘက်တီးရီးယား စစ်ဆေးဖို့အတွက် အညစ်အကြေးနမူနာများ အသုံးပြုခဲ့ပါတယ်။
■ ဆိုဒါသောက်သုံးခြင်းက စိတ်ကျရောဂါ ခံစားရမှုများနဲ့ ဆက်စပ်နေပြီး Eggerthella နဲ့ Hungatella ဘက်တီးရီးယားတို့က အဓိကသက်ဆိုင်နေတယ်လို့ ယူဆခဲ့ကြပါတယ်။
■ ဒါပေမဲ့ ယောက်ျားလေးတွေမှာတော့ ဘက်တီးရီးယားတွေနဲ့ ဆက်စပ်မှုသိပ်မရှိခဲ့ပါဘူး။
■ အချိုရည်တွေမှာပါတဲ့ သကြားဓာတ်က အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေကို လျော့နည်းစေပြီး ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မှိုတွေစတဲ့ ပိုးမွှားစနစ်ကို နှောင့်ယှက်ပါတယ်။
■ ဒီဆက်စပ်မှုတွေကို အမျိုးသမီးတွေမှာ ပိုတွေ့ရတာကြောင့် ကျားမဟော်မုန်းတွေကလည်း ပါဝင်ပတ်သက်နေနိုင်တယ်လို့ သုတေသီတွေ ယူဆပါတယ်။
■ ဒါကြောင့် သကြားနဲ့ ကယ်လိုရီပါဝင်တဲ့အရာတွေကို လျှော့ချပြီး ရေကိုသာ အဓိကသောက်သုံးသင့်ပါတယ်။
Source: New York Post
Page 93 of 1146