Published 01 March 2022
အီရန်ရဲ့ ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက ယူကရိန်းစစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပြီး ယူကရိန်းဟာ အမေရိကန်ပြည်ထောင်စုမူဝါဒတွေရဲ့ သားကောင်ဖြစ်သွားရရှာတယ်လို့ ဝါရှင်တန်ကို အပြစ်တင်လိုက်ပါတယ်။ အမေရိကန် နှင့် ဥရောပနိုင်ငံတွေကို ထောက်ခံတဲ့နိုင်ငံတွေအားလုံး ယနေ့ယူကရိန်းအခြေအနေနှင့် ပြီးခဲ့တဲ့ အာဖဂန်နစ္စတန် အခြေအနေ တွေကနေ သင်ခန်းစာယူကြဖို့လည်း သူကဝေဖန်တိုက်တွန်းလိုက်ပါတယ်။
Source AFP
Published 01 March 2022
ဂျပန်နိုင်ငံ တိုကျိုမြို့တော်က ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ ဟိုရှီနိုယာတိုကျိုဟာ သူ့ရဲ့ဧည့်သည်တွေအတွက် “မီးအိမ်ညစာ” အတွေအကြုံတွေကို ကမ်းလှမ်းနေပါတယ်။ မီးအိမ်ညစာဆိုတာ ညစာစားပွဲပေါ်မှာ နှာခေါင်းစည်းတပ်စရာ မလိုဘဲ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရင်း လွတ်လပ်စွာ စကားပြောဆိုနိုင်အောင် စီစဉ်ထားတာပါ။
မီးအိမ်ပုံစံ ဦးခေါင်းအမိုးတွေကို တပ်ဆင်ထားတာဖြစ်ပြီး လာစားကြတဲ့ ဧည့်သည်တွေနေရာယူပြီးတဲ့အခါ သူတို့ခေါင်းတည့်တည့်မှာ တပ်ဆင်ထားတဲ့ မီးအိမ်တွေကို စားပွဲထိုးတွေက ခေါင်းမှာ အသာအယာစွပ်ပေးလိုက်တာပဲဖြစ်ပါတယ်။
Source AFP
Page 1361 of 1391