TV Yangon Times Matters အစီအစဉ်
Published -5 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဂုဏ်ထူးဦးအောင်ခိုင်နှင့်အတူ
-ဝှိုက်ဘုတ်ကို မြန်မာကျောင်းသားများနှင့် စတင်ထိတွေ့ပေးခဲ့သော ဆရာကြီးဂုဏ်ထူးဦးအောင်ခိုင်
#Yangon_Media_Group
Published 5 June 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့တစ်မြို့က ကွန်တိန်နာဝင်းမှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ အတွက် အနည်းဆုံး လူ၂၈ဦးသေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ အရာရှိတွေနှင့် ဒေသမီဒီယာတွေက တနင်္ဂနွေနေ့က ပြောပါတယ်။
စနေနေ့ည သန်းခေါင်ယံမှာ ဒတ်ချ်နှင့် ဘင်္ဂလားဒေ့ရှ်ဖက်စပ်တည်ထောင်ထားတဲ့ ဘီအမ်ကွန်တိန်နာဝင်းမှာ မီးလောင်ကျွမ်းခဲ့ရာမှာည ကွန်တိနာတွေဟာ ဓာတုပစ္စည်းတွေ အပြည့်ထည့်သွင်းထားလို့ ပေါက်ကွဲမှုကြီးတွေဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လောင်ကျွမ်းရတယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီကွန်တိန်နာဝင်းဟာ ဒါကာမြို့တော် အရှေ့တောင်ဘက် ၁၃၄ မိုင်အကွာက စစ်တကောင်းမြို့မှာတည်ရှိပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ မီးသတ်သမား အနည်းဆုံးငါးဦးပါဝင်ခဲ့ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် မီးသတ်နှင့်ပြည်သူ့ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် မိန်းအူဒင်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မီးသတ်သမား ၁၅ဦးပါဝင်ပြီး မီးလောင်ဒဏ်ရာတွေကို ကုသနေရတယ်လို့ သူကဆက်ပြောပါတယ်။
မီးကပျံ့နှံကူးစက်သွားတဲ့အတွက် ကနဦးပေါက်ကွဲမှုဖြစ်ပြီးနောက် ပေါက်ကွဲမှုတွေ ဆက်တိုက်အများကြီးဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။ မီးသတ်သမားတွေကို အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပေါက်ကွဲပစ္စည်းကျွမ်းကျင်သူတွေကို ခေါ်ယူခဲ့ရပါတယ်။ ပေါက်ကွဲမှုတွေကြောင့် အနီးနားက အဆောက်အဦတွေရဲ့ ပြတင်း အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ပါတယ်။ လေးကီလိုမီတာအကွာအဝေးရှိခံစားကြရတယ်လို့ ဒေသမီဒီယာတွေက ရေးပါတယ်။
တနင်္ဂနွေအထိ မီးသတ်သမားတွေက မီးကိုထိန်းနိုင်အောင်ကြိုးစားငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။
တနင်္ဂနွေမနက်အထိ သေဆုံးသူဦးရေ ၂၈ ဦးရှိကြောင်း အက်ကတာ ရုပ်သံလိုင်းကသတင်းကြေညာပါတယ်။ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်တယ်လို့ အဲဒီဒေသက ခွဲစိတ်ဆရာဝန်တစ်ဦးကပြောပါတယ်။ သေဆုံးသူတော်တော်များများဟာ ချန်တိုဂရမ်ကောလိပ်ဆေးရုံမှာဖြစ်ကြပြီး ကျန်သူတွေက မီးလောင်တဲ့နေရာကနေ ရရှိတဲ့ အလောင်းတွေဖြစ်ပါတယ်။
ကွန်တိနာတော်တော်များများဟာ ဓာတုပစ္စည်းကွန်တိန်နာတွေဖြစ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက ပင်လယ်ဆိပ်ကမ်း စစ်တကောင်းမြို့ရဲ့ ၂၀ကီလိုမီတာအကွာမှာ အဲဒီကွန်တိန်နာဝင်းတည်ရှိတာဖြစ်ပါတယ်။
Source NPR

Published 5 June 2022
အဖြူရောင်အခွံ..မျက်လုံးနီနီနှင့် လိပ်ကလေးတစ်ကောင်ကို ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း ဆာဗီယွန်က အပူပိုင်း တိရိစ္ဆာန် ဥယျာဉ်ကလေးအတွင်း မေလက မွေးဖွားခဲ့ပါတယ်။ ဒီလိပ်ကလေးဟာ လှောင်မွေးတာ ဒါမှမဟုတ် သဘာဝတောရိုင်းထဲမှာ မွေးတဲ့အထဲမှာ ပထမဆုံးသော ဂါလာပါဂိုးစ် ထူးခြား ပန်းနုရောင်လိပ် ဖြစ်ပါတယ်လို့ ဆာဗီယွန်အပူပိုင်းငါးပြတိုက် ညွှန်ကြားရေးမှူး ဖိလစ် မိုရယ်လ်ကပြောပါတယ်။
Source AFP
#WorldEntertainment
Published 4 June 2022
ဂန်နမ်စတိုင်လ်သီချင်းဖြင့် ကမ္ဘာကျော်ခဲ့ပြီး ၁၀ နှစ်အကြာမှာ တောင်ကိုရီးယားရက်ပါအဆိုတော် PSY ဟာ သူ့ရဲ့အောင်မြင်မှုဆုလာဒ်ကို ဂုဏ်ယူစွာဖြင့် အပျော်ရွှင်ရဆုံးဘဝကိုခံစားလျက်ရှိပြီး နောက်ထပ်နာမည်ကြီးသီချင်းများ ဖန်တီးဖို့ဖိအားတွေအောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ ဖွင့်ဟလာပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 4 June 2022
-သွေးလွန်တုပ်ကွေးဟာ လူကြီးကလေးအကုန်ဖြစ်နိုင်တော့ မိသားစုအလိုက် အိမ်ထောင်စုအလိုက် ဘာတွေလိုက်နာသင့်သလဲ ဘယ်လိုကာကွယ်သင့်ပါသလဲ??
#Yangon_Media_Group
Published 4 June 2022
တရုတ်နိုင်ငံအနောက်ပိုင်း ကွေးကျိုး ပြည်နယ် ရုံးကျန်းစီရင်စုက ရထားဘူတာရုံမှာ ကျည်ဆံအမြန်ရထားတစ်စီး လမ်းချော်ရာ ရထားမောင်းသေဆုံးသွားပြီး အခြား(၈)ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
စနေနေ့ ဒေသစံတော်ချိန် မနက်၁၀နာရီခွဲမှာ ရထားလမ်းချော်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ရထားအုပ်စုကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။
ပြည်နယ်မြို့တော်ကွေးရန်းကနေထွက်ခွာပြီး တောင်ပိုင်း ကွမ်ဒေါင်းပြည်နယ် ကွမ်ကျိုးမြို့ကို ဦးတည်မောင်းနှင်နေတဲ့ အဆိုပါ ကျည်ဆံရထား D2809ရဲ့ တွဲနှစ်တွဲဟာ ရုံးကျန်းဘူတာရုံကို ရောက်ခါနီးမှာ ရွှံစေးတွေနှင့် ကျောက်ခဲတွေထိမှန်ပြီးနောက် လမ်းချော်ခဲ့ရတာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ရထားတွဲစောင့်တစ်ဦးနှင့် ခရီးသည်(၇)ဦးတို့ပါဝင်ပြီး သူတို့ကို ဒေသဆေးရုံမှာ ဆေးဝါးကုသမှုပေးနေပါတယ်။ ခရီးသည် ၁၃၆ ဦးကိုတော့ ကယ်ထုတ်လိုက်နိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက အဲဒီဒေသမှာ မိုးသည်းထန်ခဲ့တာဖြစ်ပါတယ်။ ရထားလမ်းချော်မှုကိစ္စ စတင်စုံစမ်းစစ်ဆေးနေပြီလို့ ကုမ္ပဏီက ပြောပါတယ်။
Source CCTV+
#Health_Matters
Published - 4 June 2022
-အခုကျောင်းတွေဖွင့်လိုက်တော့ ကျောင်းတက်နေတဲ့ကလေးတွေ သွေးလွန်တုပ်ကွေး ရောဂါ ကျောင်းတွေကနေကူးစက်မလာအောင် ဘာတွေကာကွယ်သင့် ပြင်ဆင်သင့်ပါသလဲ??
#Yangon_Media_Group
Page 1226 of 1339