#DailyNews
Published _ 24 September 2022
၁။ စီးနင်းသူခရီးသည်ဦးရေ နည်းနေသည့်အတွက် မြို့ပတ်ရထား ၇ စင်းတည်းသာ ပြေးဆွဲပေးနေရ
၂။ ရန်ကုန်တိုင်းအတွင်း ကိုဗစ်လူနာထောင်ချီထားရှိ
ကုသနိုင်ရန် ကြိုတင်ပြင်ဆင်ထား
၃။ အခါကြီးရက်ကြီး သီတင်းကျွတ်ပိတ်ရက်တွေရှိသော်လည်း ခရီးသွားလုပ်ငန်းအချို့အရောင်းအဝယ်အေးနေဟုဆို
၄။ 'ဘရက်ဒ်ပစ်'၏ ပထမဆုံးရုပ်ထုပြပွဲအား ဖင်လန်တွင်ပြသခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 24 Sep 2022
- ယခုမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာနေပါတယ်။ ဒါကို ကိုဗစ်လှိုင်းအသစ်လို ပြောလို့ရနိုင်မလား??
#Yangon_Media_Group
Published 23 Sept 2022
ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနှင့် အဓိကကျသည့် ခရိုင်များတွင် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ၂၀၂၂ခုနှစ် အတွင်းကျင်းပတဲ့ ပထမဆုံး အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ယင်းကဲ့သို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်။ အချို့ဒေသတွေမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးတဲ့အတွက် မိမိတို့ဒေသနှင့် ကိုက်ညီတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ စက်မှုဇုန်တွေအကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။ ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းထား ပြီးဖြစ်လို့ အဓိကကျတဲ့ ခရိုင်တွေမှာ စက်မှုဇုန်တွေ၊စက်မှုရပ်ကွက်တွေ ဖော်ဆောင်ပေးဖို့ လိုပါတယ်” လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။
ထိုကဲ့သို့ဆောင်ရွက်မှသာ အဆိုပါဒေသကိုအခြေခံသည့် ထွက်ကုန်ပစ္စည်းတွေထုတ်လုပ်မှုတိုးတက်လာမှာဖြစ်ပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာမည်ဟုလည်း သူကပြောပါတယ်။
ထိုကဲ့သို့အကောင်အထည်ဖော်ရာမှာ လိုအပ်လာမယ့် လျှပ်စစ်ဓာတ်အားတွေအတွက် အသေးစား၊အငယ်စား၊အလတ်စား ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေလုပ်ငန်းတွေနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတွေကို ထပ်မံအကောင်အဖည်ဖော်ရမည်ဖြစ်တယ်လို့ လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။MSMEလုပ်ငန်း တွေကို မှန်မှန်ကန်ကန်လုပ်မည့်သူတွေကိုလည်း နိင်ငံတော်က ငွေကြေးတွေချေးငှားပေးဖို့အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး ယင်းတို့အထဲတွင် ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း တွေက ၂၅ရာခိုင်နှုန်းနှ၍့် ၁၆ ရာခိုင်နှုန်းအသီးသီးရှိပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေက ၃၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
ယနေ့ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးကို နစကဥက္ကဋ္ဌနှင့်အတူ ကော်မတီဒုတိယဥက္ကဋ္ဌနှင့်ကော်မတီဝင်တွေနှင့်အတူ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌ၊မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယကနှင့် အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Source: SAC’s information
#Myanmar_MSME
#SAC
#SG_Min_Aung_Hlaing

#Local_News
Published_ 23 September 2022
အမေရိကန်၊ ဂျာမန်နဲ့စင်ကာပူနိုင်ငံတို့မှ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မြေငလျင်စီမံကိန်း (၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်၊၊
#Yangon_Media_Group
#World_Literature
Published 23 September 2022
လွန်ခဲ့တဲ့နှစ်တွေတုန်းက မြောက်မက်ဆီဒိုးနီးယားရှိ ဝေးလံခေါင်ပါးတဲ့ ဘာဘီနိုရွာမှ လူအများစုဟာ ထုပ်ပိုးပြီးထွက်ခွာကုန်ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 September 2022
အခုရက်ပိုင်းထဲမှာ ရန်ကုန်တိုင်းအတွင်းနေ့စဉ် ကိုဗစ်ပိုးတွေ့သူ(၂၀၀)ကျော်တွေ့ရှိနေရပြီး မြောက်ဥက္ကလာပမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့မှု အများဆုံးမြို့နယ်ထဲမှာ ပါဝင်နေပါတယ်၊၊
#Yangon_Media_Group
Published 23 Sept 2022
အမေရိကန် လေယာဉ်တင်သင်္ဘော တစ်စီးဟာ စက်တင်ဘာ ၂၃ ရက် သောကြာနေ့မှာ ငါးနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ နျူကလီးယားလက်နက်ရှိတဲ့ မြောက်ကိုးရီးယားကို အင်အားပြသဖို့ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှုမစတင်ခင်မှာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan ယူအက်စ်အက်စ် ရော်နယ် ရီဂင် လေယာဉ်တင်သင်္ဘောကြီးနှင့် ရေယာဉ်တွေဟာ တောင်ကိုရီးယားရဲ့ တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။ ဒီလိုရောက်ရှိလာခြင်းဟာ ဆိုးလ်နှင့် ဝါရှင်တန်တို့ရဲ့ ဒေသအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုတွေကို ပိုပြီး အသုံးပြုဖို့ တွန်းအားပေးတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
မေလမှာ သမ္မတတာဝန်စယူခဲ့တဲ့ ရန်လိုနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုဟာ သူ့ရဲ့ယခင်သမ္မတများက မြောက်ကိုးရီးယားနှင့် သံခင်းတမန်ခင်းကို နှစ်များစွာ အောင်မြင်မှုမရခဲ့ပြီးနောက် ယခုသူက အမေရိကန်နှင့် စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။
“ ယူအက်စ်အက်စ် ရော်နယ်ရီဂင် လေယာဉ်တင်သင်္ဘော ဘူဆန်သို့ ရောက်ရှိခြင်းဟာ တောင်ကိုရီးယားနှင့် အမေရိကန်တို့ရဲ့ မဟာမိတ်ခိုင်မြဲမှုအင်အားကို ပြသနေတာဖြစ်ပါတယ်” လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။
“ ဒီအလည်အပတ်အစီအစဉ်ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်တယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
ယူအက်စ်အက်စ် ရော်နယ်ရီဂင်ဟာ တိုက်ခိုက်ရေးအုပ်စုထဲက စစ်ရေယာဉ်နှစ်စီးနှင့်အတူ တောင်ကိုးရီးယားကို ရောက်ရှိတာဖြစ်ပြီး အဲဒီရေယာဉ်နှစ်စီးက USS Chancellorsville ယူအက်စ်အက်စ် ချန်ဆဲလာဗီလီနှင့် USS Barry ယူအက်စ်အက်စ် ဘာရီ လို့ခေါ်တဲ့ ပဲ့ထိန်းတပ်ဒုံးပစ်နှင့် ဒုံးဖျက်ရေယာဉ်တွေဖြစ်တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
ဒီလထဲမှာ သူတို့ဟာ တောင်ကိုရီးယားရဲ့ အရှေ့ဖက်ကမ်းခြေမှာပူးတွဲစစ်ရေးလေ့ကျင့်ကြမယ်လို့ ယွန်ဟက် သတင်း အေဂျင်စီကပြောပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်က်စ်အက်စ် အန်နာပိုလီ လည်း ပါဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။
ပစိဖိတ်နိုင်ငံတွေဖြစ်ကြတဲ့အလျောက် ကျွန်တော်တို့ဟာ မဟာာမိတ်ဖြစ်ခြင်းနှင့် ဘုံလုံခြုံရေးအကျိုးစီးပွားအတွက် အတူတကွလုပ်ဆောင်ကြတဲ့ ရှည်လျားတဲ့သမိုင်းကြောင်းရှိပါတယ်။ ဘယ်နေရာမှာ ဘယ်အချိန်ဖြစ်ဖြစ် လုံခြုံရေး အကျိုးစီးပွားကို စိန်ခေါ်မှုတွေရှိလာရင် ကျွန်တော်တို့တစ်ဦးနှင့်တစ်ဦး ရပ်တည်ကြဖို့ဖြစ်ပါတယ် လို့ အမေရိကန် ရေတပ်ဗိုလ်ချူပ် မိုက်ကယ်လ် ဘတ်ဇ် ဒွန်နယ်လီကပြောပါတယ်။
ပင်လယ်ထဲမှာ ဖြစ်လာနိုင်တာတွေအားလုံးအတွက် ကြိုတင်ပြင်ဆင်ဖို့နှင့် တောင်ကိုးရီးယားကို ကာကွယ်ဖို့ ဒီလေ့ကျင့်ခန်းလုပ်တာဖြစ်တယ်။ ပြီးတော့ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းတိုက်ခိုက်ရေး ရပ်တည်ချက် တိုးတက်စေဖို့လည်းဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်ဗိုလ်ချုပ် ကင်မ်ကျောင်းချီ ကပြောပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအန်းဟာ နောက်ထပ် နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားနှင့် အမေရိကန်အရာရှိတွေက လများစွာ သတိပေးပြီးနောက် ယခုလို အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော တောင်ကိုးရီးယားကို အလည်အပတ်ရောက်ရှိလာတာဖြစ်ပါတယ်။
Source AFP
#US_South_Korea
#USS_Ronald_Reagan
#North_Korea
Page 983 of 1211