#LocalNews
Published_23 April 2022
ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်လို့ နစက ဥက္ကဌက ဧပြီလ ၂၂ ရက်မှာ ပြောလိုက်တာပါ။
#Yangon_Media_Group
Published 23 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ယူကရိန်းဝန်ကြီးချုပ် ဒင်နီရှီမားဟဲလ်ကို ဧပြီ ၂၂ရက်က ဝါရှင်တန်ဒီစီမီမှာ လက်ခံတွေ့ဆုံပါတယ်။ နှစ်ဖက်စလုံးက အရာရှိတွေက ရုရှားနှင့်တိုက်တဲ့စစ်ပွဲ အောင်နိုင်လိမ့်မယ် လို့ ပြောကြားကြပါတယ်။
Source AFP
Published 23 April 2022
ထိုင်းနိုင်ငံ ဓမ္မကာယ ဗုဒ္ဓဘာသာ ဂိုဏ်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဧပြီ ၂၂ရက်ညက ကမ္ဘာမြေနေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အာကာသယာဉ်သဏ္ဍာန်ရှိတဲ့ ရွှေစေတီတစ်ဝိုက်မှာ ဘုန်းတော်ကြီးတွေဟာ ဆုတောင်းပတ္ထနာပြုကြပြီး LED မီးသီးနှင့် ဖယောင်းတိုင်ပေါင်း သုံးသိန်းကို ကမ္ဘာ့တိုက်ကြီးတွေ အသွင် ထွန်းညှိရင်း ဗုဒ္ဓဘုရားရှင်မြတ်ကို ပူဇော်ခဲ့ကြ ပါတယ်။
Source AFP
#LocalNews
Published - 23 Apr 2022
ငြိမ်းချမ်းရေးအတွက် တပ်မတော်ကလမ်းဖွင့်ပေးတာဟာကောင်းမွန်သော လက္ခဏာဖြစ်တယ်လို့ ရခိုင့်လွတ်မြောက်ရေးပါတီ ALP ရဲ့ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 23 April 2022
ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးသွားလုပ်ငန်းများဟာ (၈၀)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ နယ်မြေခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
မြောက်ဦးမှာ ကားဂိတ်ကို ရွှေ့ပြောင်းမှာဖြစ်တာကြောင့် ကားဂိတ်နဲ့အတူ နန်းရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေကိစ္စကလည်း ကျွဲကူးရေပါဆိုသလို အဆင်ပြေသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -23 April 2022
၁။ မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိစ္စ သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်
၂။ ပူတာအိုဒေသ ရေခဲတောင်တက်ခရီးသွားလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့
၃။ မိုးလေဝသ သတင်း
၄။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ပြန်လည်မွမ်းမံထားသည့်
အန်ကာဝတ်ဘုရားကျောင်းက အဓိကမျှော်လင့်ချက်ဖြစ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 983 of 1057