#Local_News
Published_ 20 February 2023
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ဒုတိအပတ်မှာ အရောင်းအဝယ်မရှိဖြစ်နေတဲ့ ရန်ကုန်ရွှေ ဈေးဟာ အခုဖေဖော်ဝါရီလ ၂၀ ရက်မနက်ပိုင်းမှာလည်း အကယ်ဒမီ အခေါက်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း၅သောင်းကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ အရင်အပတ်ထက်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျနေတယ်လို့ ရန်ကုန်ရွှေဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ရခိုင်ရှေးဟောင်းဒင်္ဂါးတွေ၊ ကျောက်စာတွေနဲ့ရိုးရာဗောင်းတော်တွေ၊ရိုးရာဆံထုံးပုံတွေကို ရန်ကုန်မှာ ပြုလုပ်မယ့်ပြပွဲတွေမှာ ဆက်လက်ပြသသွားဖို့ရှိတယ်လို့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ဖေဖော်ဝါရီလ ၂၀ရက်နေ့ကစပြီး ၂၆ ရက်နေ့အထိ စားအုန်းဆီ အခြေခံလက္ကား ရည်ညွှန်းဈေးနှုန်းမှာတစ်ပိဿာကို ၄၄၇၀ ကျပ်သတ်မှတ်ထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 20 February 2023
၁။ စားအုန်းဆီ အခြေခံလက္ကားရည်ညွှန်းဈေး ၄၄၇၀ကျပ် သတ်မှတ်ထားဟုဆို
၂။ ရခိုင်ရှေးဟောင်းဒင်္ဂါးများနှင့် အမွေအနှစ်ပုံများကို ရန်ကုန်၌ ဆက်လက်ပြသရန်ရှိ
၃။ ရန်ကုန်ရွှေဈေး အကျဘက်ရှိနေပေမယ့် အရောင်းအဝယ်အေးနေဆဲ
၄။ ဆောင်းတွင်းမိုးကြီးခြင်းကြောင့် ဆော်ဒီအာရေဗျကန္တာရတွင် ခရမ်းရောင်ပန်းခင်းကြီးရှင်သန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 February 2023
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)က ချီးမြှင့်မယ့်ဆု မြန်မာနိုင်ငံသား SME လုပ်ငန်းရှင်တွေ၊ တီထွင်ဖန်တီးသူတွေရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ဥပဒေပညာရှင်၊ ဒါရိုက်တာအောင်စိုးဦးက ပြောပါတယ်၊၊
#Yangon_Media_Group
Published 19 Feb 2023
ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်းက ကျေးရွာတွေမှာ ရွာသားတွေဟာ ရွှံ့နွံတွေထူထပ်နေတဲ့ ရေကန်ကြီးတစ်ခုအတွင်း စုပေါင်းငါးဖမ်းပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ ရိုးရာ ကိရိယာတွေကိုပဲ အသုံးပြုရတဲ့ အဲဒီပွဲတော်မှာ ဝါးတောင်းတွေ ပိုက်ကွန်တွေအသုံးပြုငါးဖမ်းခဲ့ကြပါတယ်။
သူတို့ဟာ ကောက်ရိုးဦးထုတ်တွေဆောင်း၊ အစင်းကျား ပိတ်ခေါင်းစည်းတွေနှင့် တောက်ပတဲ့နေရောင်အောက်မှာ ဆင်နွှဲခဲ့ကြတာပါ။ ရာပေါင်းများစွာသော ကလေးလူကြီးတွေဟာ ဖေဖော်ဝါရီ၁၈ ရက်စနေနေ့က ရေချိုငါးခူတွေနှင့်မြွေငါးတွေကို ဘိုအောင်ခရုမန်ကန်ကြီးထဲ ဖမ်းဆီးနေကြတာပါ။ အဲဒီနေရာဟာ မြို့တော် ဖနွမ်းပင်ကနေ ၁၅၅မိုင်ဝေးတဲ့ နေရာမှာတည်ရှိပါတယ်။
Source: AFP
#fishing_ceremony
#Cambodia
#Cambodia_Fishery_sector
#TV Yangon Times Matters အစီအစဉ်
Published - 19 Feb 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဒါရိုက်တာကျော်ဟိန်းကျော်နှင့်အတူ
-"ကမ္ဘာကသိသည့်မြနန်းနွယ်ဇာတ်ကားကို ရိုက်ကူးဖို့ကြိုးစားဖြစ်ခဲ့တဲ့အကြောင်း
- ဇာတ်ကားအတွက် ရွှံ့ကိုင်ရင်ရွှေဖြစ်မယ့် မင်းသမီးတွေရှိရက်နဲ့ ပဌာန်းဆက်ရှိတဲ့ မင်းသမီးတွေကို ရွေးချယ်ဖြစ်ခဲ့တာက သမရိုးကျ ရုပ်ရှင်ကားတွေလိုမျိုးမဟုတ်ဘဲ အဘအာရုံနဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း
- အပိုင်း (၆၀) ရိုက်ကူးပြီးစီးခဲ့ပြီး အပိုင်း (၂၀) ကျော်လောက် ရိုက်ကူးဖို့ကျန်ရှိနေသေးတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 984 of 1376