#Health_Matters
Published - 25 Feb 2023
- ရေလုံခြုံရေးနှင့် ပြည်သူ့ကျန်းမာရေး ဘယ်လိုဆက်စပ်နေပါသလဲ??
#Dr.KML #Health_Matters #ရေလုံခြုံရေး #ပြည်သူ့ကျန်းမာရေး
#YMG #Yangon_Media_Group
#DailyNews
Published_ 25 February 2023
၁။ ခိုးဆိုးလုနှိုက်များပေါများနေသဖြင့် ကြိုတင်သတိပြုကာကွယ်ရန်လိုဟုဆို
၂။ BUS ကားစောင့်နေစဉ် လုယက်ခံရပြီး ဓားထိုးခံရမှု ဖြစ်ပွား
၃။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာ ကမ္ဘာ့ရွှေဆင်းအကျဘက် ဦးတည် လာပြီး ပြည်တွင်းရွှေဈေးဆက်တိုက်ကျဆင်း
၄။ အသက်(၃၀)အရွယ် ပန်ဒါကြီးနှင့်အမွှာသမီး(၂)ကောင်အား ဂျပန်မှတရုတ်သို့ ပြောင်းရွှေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published - 25 Feb 2023
- ရေလုံခြုံရေးဆိုတာ ဘာကိုဆိုလိုတာပါလဲ??
#Dr.KML #Health_Matters #ရေလုံခြုံရေး #ပြည်သူ့ကျန်းမာရေး
#YMG #Yangon_Media_Group
#Health
- XBB ဟာ ဘယ်လိုရောဂါလက္ခဏာပြတတ်ပါသလဲ အချို့က ချောင်းဆိုးတာ အဖျားမရှိဘူးလို့ ပြောနေကြပါတယ် ဟုတ်ပါသလား
- ဘယ်လိုကာကွယ်နေထိုင်သင့်သလဲ
#Dr.KML #Health #XBB #ချောင်းဆိုးတာ #အဖျားမရှိဘူး
#YMG #Yangon_Media_Group
#World_Record
Published 24 February 2023
ချီလီနိုင်ငံမှ ရေကူးသမား'ဘာဘရာဟာနန်ဒက်ဇ်'ဟာ တောင်ပိုင်းသမုဒ္ဒရာရေပြင်မှာ ၂.၅ ကီလိုမီတာကူးခတ်နိုင်ခဲ့တဲ့ ပထမဆုံးလူသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
#World_Record #အန္တာတိကရေခဲပြင် #ချီလီနိုင်ငံ
#YMG #Yangon_Media_Group
#Local_News
Published_ 24 February 2023
Online စနစ်နဲ့ ပတ်စ်ပို့လျှောက်ထားရာတွင် အသစ်လျှောက်ထားသူများအတွက် ငွေကျပ် ၃၅၀၀၀ နှုန်း ပျောက်ဆုံး/ပျက်ဆီးအတွက် ငွေကျပ် ၇၅၀၀၀ ကျပ်တို့ကို ပေးချေရမှာဖြစ်ပြီး ငွေပေးချေမူအတွက် KBZ pay ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်အားလုံးရဲ့ MPU ကဒ်များနဲ့ငွေပေးချေနိုင်တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News #Online စနစ် # ပတ်စ်ပို့
#YMG #Yangon_Media_Group
Published 24 Feb 2023
Nord Stream ပိုက်လိုင်းကို ဖျက်ဆီးပစ်တဲ့နောက်ကွယ်မှ, အမေရိကန်ပြည်ထောင်စုရှိနေတယ်လို့ အမေရိကန်သတင်းစာဆရာ ဆေမော ဟတ်ချ်က ရေးသားခဲ့တဲ့အတိုင်းဟုတ်တယ်ဆိုရင် ဂျာမန်အစိုးရအနေနှင့် အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ ဂျာမန်အရာရှိတစ်ဦးကပြောလိုက်ပါတယ်။
၂၀၂၂ခုနျစ် ဇွန်လက အမေရိကန်နှင့်နော်ဝေးတို့ဟာ ထိပ်တန်းလျှို့ဝှက် စစ်ဆင်ရေးတစ်ခုကိုပူးပေါင်းကြံစည်ခဲ့ကြြပြီးနောက် သုံးလအကြာမှာ အဆိုပါ Nord Stream ပိုက်လိုင်းလေးလိုင်းထဲက သုံးလိုင်းကို အဝေးထိန်းစနစ်နှင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ်လို့ ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းက ပူလစ်ဇာဆုရ အမေရိကန်သတင်းစာဆရာ ဆေမောဟတ်ချ်က ဖွင့်ချရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက Nord Stream ပိုက်လိုင်းဖောက်ခွဲဖျက်ဆီးမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ဂျာမာန်ဖက်ဒရယ်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင် ပက်တာဘိုင်စထရွန်က တရုတ်မီဒီယာအုပ်စုကိုပြောခဲ့ပါတယ်၊
“ အစိုးရနှစ်ခုက ဂျာမနီအပေါ် ဒီအကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့တယ်ဆိုရင် အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်မဟုတ်တော့သလို ကိုယ့်အကျိုးစီးပွားသက်သက်ကြည့်တဲ့ သိပ်တစ်ကိုယ်ကောင်းဆန်သူလည်း ဖြစ်တယ်ဆိုတာကိုပြန်စဉ်းစားသုံးသပ်ရလိမ့်မယ်။ အဲဒါကြောင့် အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်တဲ့ ဂျာမနီရဲ့ နိုင်ငံခြားရေးမူဝါဒကို သိသိသာသာ ပြောင်းလဲရလိမ့်မယ်Ó လို့ သူကပြောပါတယ်။
တစ်နှစ်ကြာ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီးတော့လည်း ကာလရှည်ပဋိပက္ခတစ်ခုကို မီးမွှေးခြင်းဖြင့် အမေရိကန်ဟာ အမြတ်အကြီးအကျယ်ထုတ်နေတယ်လို့လည်း ဘိုင်စထရွန်က စွပ်စွဲလိုက်ပါတယ်။
“ အစကနေ အဆုံးအထိ ကြည့်ရင် အမေရိကန်ဟာ ဒီစစ်ပွဲထဲကို ရုရှားကိုဆွဲသွင်းခဲ့တယ်ဆိုတာ သိပ်ကိုထင်ရှားတယ်။ အထူးသဖြင့် ယခုနေအခါမှာ အမေရိကန်ဟာ ယူကရိန်းကို စစ်ပွဲဆက်တိုက်ဖို့ မြှောက်ပေးနေတယ်။ အများသိကြရတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ နွေဦးတုန်းက အစ္စတန်ဘူမှာ ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရဖို့ အတော်ကြီးနီးကပ်ခဲ့ကြတယ်။ ဒါပေမယ့် အဲဒီတုန်းက ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျန်ဆင်နှင့် အမေရိကန်တွေက ကြားဝင်စွက်ဖက်ခဲ့ကြတယ်။ သူတို့ဟာ မီးလောင်ရာလေပင်ဆက်လုပ်နေ ကြပြီးယူကရိန်းကိုလက်နက်တွေဆက်ပေးမယ်လို့ ကတိတွေပေးခဲ့ကြတယ်” လို့လည်း သူကပြောပါတယ်။
အမေရိကန်က ပထဝီနိုင်ငံရေးဩဇာတွေ တက်လာနေပြီး လက်နက်တွေရောင်းပြီး စွမ်းအင်တွေတင်ပို့နေပေးနေရာကနေ အမြတ်တွေထွက်လာပေမယ့် ရုရှားဆီက စွမ်းအင်ကိုမှီခိုနေရတဲ့ ဂျာမနီအဖို့တော့ အမေရိကန်နှင့်ဆန့်ကျင်ခြားနားစွာ အရှုံးကြီးရှုံးနေတယ် လို့လည်း သူကပြောပါတယ်။
“ စစ်ပွဲကရှည်ကြာတယ်။ ဂျာမနီ အထူးသဖြင့်ဂျာမန်စက်မှုလုပ်ငန်းတွေနှင့် ပြည်သူတွေဟာ ဒီအပေါ်မှာ အဲဒီဒဏ်တွေကို ခံနေကြရတယ်။ ရုရှားအပေါ် ညံ့ဖျင်းတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေနှင့် အရေးယူပိတ်ဆို့မှုတွေဟာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာပဲ အဖတ်တင်တယ်။ လူတွေက စစ်ပွဲခပ်မြန်မြန်ပြီးဆုံးဖို့ သိပ်ကိုလိုလားနေကြတယ်” လို့ သူကပြောကြားခဲ့ပါတယ်။
Source: CCTV
#NordStreamပိုက်လိုင်း
#ဂျာမနီ
#အမေရိကန်
#ထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေး
#WorldNews
#YangonMediaGroup
Page 979 of 1376