#LocalNews
Published - 28 April 2022
ပူတာအိုဒေသမှ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်တို့ဟာ ၄င်းတို့ရဲ့ နေရပ်အသီးသီးသို့ ပြန်သွားကြပြီဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-28 April 2022
နိုင်ငံခြားသားခရီးသွားတွေ ပြန်လည်ဝင်ရောက်လာနိုင်တဲ့ ကမ္ဘာ့အမွေအနှစ်ဒေသတွေမှာ ပုံမှန်ထိန်းသိမ်းရေးတွေအပြင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထားတယ်လို့ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဦးကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published -28 April 2022
၁။ နိုင်ငံခြားသားပြန်ဝင်နိုင်သည့် ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထား
၂။ ပူတာအိုဒေသမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်တို့ နေရပ်ပြန်ကြပြီ
၃။ မိုးလေဝသ သတင်း
၄။ နှစ်ပေါင်း(၄,၅၀၀)သက်တမ်းရှိ နတ်ဘုရားပုံကျောက်တုံးရုပ်ထု ဂါဇာကမ်းမြောင်တွင် တူးဖော်တွေ့ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldArt
Published 27 April 2022
နိုင်ဂျီးရီးယားနိုင်ငံ ဘာဒါဂရီကမ်းရိုးတန်းမြို့လေးမှ လက်မှုပညာရှင်များက အုန်းခွံများဖြင့်လက်မှုပစ္စည်းများပြုလုပ်ဖန်တီးကြပြီး သူတို့ရဲ့လက်ရာများကို ခင်းကျင်းပြသထားကြပါတယ်။
#Yangon_Media_Group
Published 27 April 2022
အာရပ်စော်ဘွားမျာပြည်ထောင်စု(ယူအေအီး)နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဉာဏ်ရည်တု(အေအိုင်)ဝန်ကြီးကိုခန့်အပ် လိုက်ပါတယ်။ စီးပွားရေး အကျိုးအမြတ်အတွက် သာမကဘဲ ဉာဏ်ရည်တုလုပ်ငန်းမှာ ဦးဆောင်နိုင်ငံဖြစ်လာအောင် လုပ်မယ်လို့ ဉာဏ်ရည်တုဝန်ကြီး အယ်အိုမာဘင်ဆူလ်တန်အယ်လ်အိုလာမာက ပြောပါတယ်။
သူက ဒူဘိုင်းမြို့တော်မှာပြုလုပ်တဲ့ အေအက်ဖ်ပီနှင့်အင်တာဗျူးမှာ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် အလေးပေးပြောဆိုခဲ့ပါတယ်။
Source AFP
#LocalNews
Published - 27 Aprb2022
ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် ကာကွယ်ဆေးအကြိမ်ရည်အပြည့်မထိုးနှံရသေးသောမြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းပြန်လည်ဝင်ရောက်ရေးအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published-27 April 2022
အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် စားသောက်ဆိုင်လုပ်ငန်းတွေအနေနဲ့ အချို့ဆိုင်တွေပြုတ်သွားတာ၊အချို့ဆိုင်ခွဲတွေကို ပိတ်လိုက်ရတာမျိုးတွေရှိတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌ ဦးနေလင်းကပြောပါတယ်၊၊
#Yangon_Media_Group
Page 979 of 1057