#DailyNews
Published -2 May 2022
၁။ စပါးစျေးမြင့်တက်နေသော်လည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေခြင်းကြောင့် တောင်သူများအမြတ်ငွေနည်းပါး။
၂။ အပူရှပ်ပြီး သတိလစ်သည့်လူနာ၊တက်သည့်လူနာနှင့် ဖျားနာလူနာများ ဆေးရုံပို့ဆောင်ပေးရမှုများနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရင်သပ်ရှုမောဖွယ် ဖန်သားကြမ်းခင်းတံတား ဗီယက်နမ်တွင်ဖွင့်လှစ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 01 May 2022
စစ်ပွဲကြောင့် လောင်စာဆီတွေ ပြတ်တောက်မှာစိုးရိမ်မှုတွေကြောင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ဓာတ်ဆီဆိုင်တွေမှာ မော်တော်ယာဉ်တွေဟာ တန်းစီပြီး ဓာတ်ဆီထည့်နေကြပါတယ်။
ဒါကိုနားလည်မှုပေးရမယ်။အနစ်နာခံမှုတစ်ချို့လုပ်ရမယ်။သိပ်မကြီးကျယ်ပါဘူးလို့ ကားထဲမှာ ဓာတ်ဆီထည့်ဖို့ စောင့်ဆိုင်းနေတဲ့ ဗစ်တယ်လီကပြောပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။

Published 1 may 2022
ရီးယဲလ်မက်ဒရစ်အသင်းဟာ ၃၅ကြိမ်မြောက် လာလီဂါဆုဖလားကြီးကို ဧပြီ ၃၀ရက် စနေနေ့ ဆွတ်ခူးသွားပါတယ်။ Espanyol အသင်းကို လေးဂိုး-ဂိုးမရှိနှင့် အနိုင်ယူပြီး ဗိုလ်စွဲသွားတာဖြစ်ပြီး ဒါဟာ နည်းပြ “ကာလို အန်ဆက်လိုတီ”ကို အဓိက ဥရောပလိဒ်ငါးခုစလုံးအနိုင်ရသွားတဲ့ ပထမဆုံးနည်းပြ ဖြစ်သွားစေခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ဟာ ကစားကွင်းထဲက ပရိဿတ်ပေါင်း ရှစ်သောင်းနီးပါးရှေ့မှောက်မှာ ဆုဖလားကြီးကိုလက်ခံခဲ့တာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အောင်ပွဲနှင့်အတူ ပျော်ရွှင်စွာ အောင်ပွဲခံနေကြတဲ့ ပရိဿတ်တွေရဲ့ မြင်ကွင်းတွေကို ရုပ်သံအဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။
Source AFP
#TV Yangon Times Mattersအစီအစဉ်
Published - 1 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ် က ငယ်စဉ်ကတည်းက အနုပညာ အထုံဝါသနာပါလာသူ အောင်ကျော်ထွန်း(လင်္ကာဒီပ)နှင့် အတူ
_ "ဆရာရဲ့ ငယ်စဉ်ကတည်းက အနုပညာစိတ်များသန္ဓေတည်လာဖြစ်ပုံအကြောင်းများ။
_ ဆရာဖန်တီးခဲ့တဲ့ အနုပညာလက်ရာများနှင့်
_ လင်္ကာဒီပ ဩခက်စတြာ တည်ထောင်ဖြစ်ပုံများ" စတဲ့ စိတ်၀င်စားစရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 1 May 2022
ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် မေ(၁)ရက်မွန်းလွဲပိုင်းမှာ မိုးတွေဆက်လက်ရွာသွန်းခဲ့ပါတယ်။ မေ(၁)ရက်နေ့မှာ မိုးရောလေရော သည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ ကာလ အတွင်းလေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ် များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်” လို့ မိုး/ဇလဌာနက မေ(၁)ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Page 976 of 1057