#LocalNews
Published - 6 May 2022
မေလ(၈)ရက်မှာကျရောက်မယ့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ရန်ကုန်မြို့မှာကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်နယ်တိုင်းဒေသကြီးအသီးသီးကလည်း Video conferencing စနစ်နဲ့တက်ရောက်ကြမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 6 May 2022
၁။ ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ကြပြီ မြို့ပေါ်တွင် စစ်ရှောင်စခန်း
နှစ်ခုသာကျန်ရှိ။
၂။ ကမ္ဘာ့ကြက်ခြေနီနေ့တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သည့်ကြက်ခြေနီများ၊ သက်ကြီးကြက်ခြေနီများကို ဂုဏ်ပြုချီးမြှင့်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဟောလိဝုဒ်နာမည်ကျော်အော်ဒရေဟပ်ဘန်း၏ ကြေးရုပ်တု ဘရူဆဲလ်မြို့တွင်ဖွင့်လှစ်ထားရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldEnvironment
Published 05 May 2022
ဆူဒန်နိုင်ငံမှာ ခရီးသည်တွေတင်ဆောင်တဲ့ တုတ်တုတ်သုံးဘီးယာဉ်များနဲ့ ကုန်ပစ္စည်းများတင်ဆောင်ဖို့နောက်တွဲပါဝင်တဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တို့ဟာ ချောင်ချိသက်သာတဲ့အတွက် လူအများ စီးနင်းအသုံးပြုလေ့ရှိပါတယ်။
#Yangon_Media_Group
Published 5 May 2022
ဆက်လက်ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း အကြပ်အတည်းနှင့်အတူ ကမ္ဘာ့တစ်လွှားက နိုင်ငံအများအပြားဟာ ၂၀၂၂ခုနျစ်မှာ ပိုပြီးပြင်းထန်တဲ့ စားနပ်ရိက္ခာပြတ်လတ်မှုတွေနှင့် ရင်ဆိုင်ရဖွယ်ရှိနေပြီး ဝင်ငွေနိမ့်နိုင်ငံတွေဟာ အကြီးမားဆုံးရိုက်ခတ်မှု ရှိလာလိမ့်မယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စားနပ်ရိက္ခာ ဈေးနှုန်းတွေဟာ တစ်ခါမှမရှိဘူးတဲ့ ဈေးတွေအထိမြင့်တက်လာပြီး ကမ္ဘာကြီးဟာ မကြုံစဖူးသော အငတ်ဘေးအကြပ်အတည်းနှင့် ကြုံရမှာဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထောက်ပြပါတယ်။ သန်းပေါင်းများစွာသော ဘဝတွေနှင့်အသက်မွေးဝမ်းကျောင်းမှုတွေဟာ မသေချာမရေရာမှုတွေနှင့် ဖြစ်ကျန်ရစ်လိမ့်မယ်လို့လည်း သူကပြောပါတယ်။
ယူကရိန်းရဲ့အခြေအနေဟာ စားနပ်ရိက္ခာ၊စွမ်းအင်နှင့် ဘဏ္ဍာငွေပေကြး အကျပ်အတည်းတွေကို ပိုမိုဆိုးရွားလာစေပြီး အဲဒါတွေက ကမ္ဘာပေါ်က ခိုကိုးရာအမဲ့ဆုံးနိုင်ငံတွေကို အကြီးအကျယ်ထိခိုက်လာစေလိမ့်မယ်လို့လည်း သူကဆက် ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် အက်ဖ်အေအိုတို့ အပါအဝင် ကုလအေဂျင်စီ၁၇ခုရဲ့ အဲဒီပူးတွဲအစီရင်ခံစာဟာ ၂၀၂၁ခုနှစ်အတွင်း နိုင်ငံပေါင်း ၅၃နိုင်ငံကို ခြုံငုံထားပြီး နိုင်ငံပေါင်း ၄၁နိုင်ငံရဲ့ ၂၀၂၂ အခြေအနေကို ခန့်မှန်းထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က နိုင်ငံပေါင်း ၅၃နိုင်ငံမှာရှိတဲ့ လူဦးရေ ၁၉၃သန်းဟာ စားနပ်ရိက္ခာလုံခြုံမှုအတွက် အန္တရာယ်ကြုံတွေ့ခဲ့ရပြီး ၂၀၂၂ခုနှစ်မှာ ပိုဆိုးလာပါတယ်။ ၂၀၂၂ခုနှစ်မှာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးဟာ ပိုဆိုးရွားလာမယ်လို့ မျှော်လင့်ထားကြ ပါတယ်။
ရုရှားနှင့်ယူကရိန်းရဲပ ပဋိပက္ခဟာ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးအခြေအနေကို ပိုလျော့ပါးသွားစေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
လက်ရှိပဋိပက္ခဟာ ကမ္ဘာ့ကြွယ်ဝမှုအနည်းဆုံးနိုင်ငံအချို့ဟာ စားနပ်ရိက္ခာလုံခြုံရေးကို အကြီးအကျယ် သက်ရောက်မှု ရှိလိမ့်မယ်လို့ ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ်ရဲ့ စီးပွားရေးပညာရှင်ချုပ် အာရစ်ဟူစိန်က ပြောပါတယ်။
ယူကရိန်းကနေ ဂျုံစပါးတွေနှင့် ကုန်စည်တွေ သိပ်ထွက်လာစရာမရှိဘူး။ ရုရှားကနေ ကုန်စည်တွေထွက်လာပေမယ့် ဈေးတွေကြီးနေလိမ့်မယ် လို့လည်း သူကပြောပါတယ်။
တကယ်လို့ ခင်ဗျားက ဝင်ငွေနိမ့်နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အလယ်အလတ်ဝင်ငွေရှိနိုင်ငံတစ်နိုင်ငံမှာ နေတယ်ဆိုရင် ခင်ဗျားဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းကို စားနပ်ရိက္ခာအတွက်အကုန်အကျခံနေတယ်ဆိုပါစို့။ အစားအစာဈေးတွေက ချက်ခြင်းကြီး ဈေးကြီးလာတယ်။ ဒါဟာ ကမ္ဘာ့နေရာတော်တော်များများမှာ ကျွန်တော်တို့ကြုံတွေ့နေကြရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရေရှည်အနေနှင့်စိတ်ပူစရာက ယူကရိန်းဟာ ဓာတ်မြေဩဇာ အဓိကတင်ပို့တဲ့နိုင်ငံဖြစ်လို့ လက်ရှိအကျပ်အတည်းဟာ တစ်ကမ္ဘာလုံးမှာ ဓါတ်မြေဩဇာ အကျပ်အတည်းဖြစ်လာနိုင်စေပြီး လာမယ့် စိုက်ပျိုးရာသီတွေမှာ အကြီးအကျယ် ရိုက်ခတ်မှုတွေဖြစ်လာလိမ့်မယ်လို့ သူကဆက်ပြောပါတယ်
Source CMG
#LocalNews
Published - 5 May 2022
သင်္ကြန်ပြီးကာလမှစလို့ ပုဂံ - ညောင်ဦးဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ ပြန်လည်နည်းပါးလာခဲ့တယ်လို့ ပုဂံမြို့ဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_5 May 2022
လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကစပြီး ကိုဗစ်အကြောင်းပြချက်နဲ့ ပိတ်ထားခဲ့ရတဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ကျိုင်းလပ်မြို့ လာအို- မြန်မာချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ခွင့် ရမယ်ဆိုရင်လည်း လတ်တလောမှာ ကုန်ပို့တဲ့ယာဉ်တွေကိုပဲ နေ့ချင်းပြန်သွားခွင့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local News
Published-5 May 2022
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားစာကြည့်တိုက်အတွင်းရှိ ကလေးစာကြည့်တိုက်မှာ ကလေးငယ်တွေအတွက် အပတ်စဥ်စနေနေ့တိုင်း ပုံပြောအစီအစဥ်နှင့် ဆေးရောင်ခြယ်ခြင်းအစီအစဥ်တွေဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 972 of 1057