သီတင်းကျွတ်ပွဲတော်ကာလ ဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်းသကြား အရောင်းအဝယ်ကောင်းနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 19 October 2024
#သီတင်းကျွတ်ပွဲတော် #သကြား အရောင်းအဝယ်ကောင်း
#YMG/NN #Yangon_Times
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ပါကစ္စတန်တွင်ကျင်းပခဲ့
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒေသဆိုင်ရာတင်းမာမှုတွေကို လျှော့ချပေးတဲ့ ပလက်ဖောင်းတစ်ခု အဖြစ်သာမကဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွေကိုပါ တိုးမြှင့်ပေးနေတယ်လို့ နိုင်ငံတကာလေ့လာရေး ပညာရှင်တွေကပြောကြားလိုက်ပါတယ်။
#World_News
Published 18 October 2024
#ပါကစ္စတန် #နိုင်ငံတကာလေ့လာရေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 October 2024
၁။ ရွှေတိဂုံစေတီတွင် မီးစေတီပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့နဲ့ ဆွမ်းသိမ်းအောင်ပွဲကျင်းပခဲ့
၂။ ပုဂံ၌ မြင်းလှည်းအစီးရေ၁၃၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးနေပြီး ရိုးရာချစ်မြတ်နိုးသူများစီးနင်းနေဆဲဟုဆို
၃။ သုခဒဂုံပြည်သူ့အငှါး အိမ်ရာတတိယအသုတ်အိမ်ခန်း ငှါးရမ်းခွင့်အတွက် ယခုလ နောက်ဆုံးပတ်၌ မဲနှိုက်ရမည်
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ပါကစ္စတန်တွင်ကျင်းပခဲ့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်မှာစားအုန်းဆီ 5 Liters ဗူး(ဆီ၂ပိဿာ၇၅ကျပ်သား)ကို ဈေးနှုန်းသက်သာစွာရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 18 October 2024
#စားအုန်းဆီရောင်းပေး #ပြည်သူ့ရင်ပြင်
#YMG/tthl #Yangon_Times
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှါးအိမ်ရာတတိယ အသုတ်အိမ်ခန်းငှါးရမ်းခွင့်ရရှိနိုင်ရန် အခုအောက်တိုဘာလ နောက်ဆုံးပတ်မှာမဲနှိုက်ခွင့်ရမယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ၊ အိမ်ခန်းနေရာချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရပါတယ်။
#Local_News
Published 18 October 2024
#သုခဒဂုံပြည်သူ့အငှါးအိမ်ရာ #နောက်ဆုံးပတ်၌မဲနှိုက်
#YMG/NN #Yangon_Times
သီတင်းကျွတ်ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ခရီးသွားတွေအတွက် မြင်းလှည်းအစီးရေ (၁၃၀)ကျော်ဝန်းကျင်ခန့်နဲ့ ဝန်ဆောင်မှုပေးနေပြီး ရိုးရာဓလေ့ချစ်မြတ်နိုးသူတွေအနေနဲ့ စီးနင်းမှုများပြားနေဆဲ ဖြစ်တယ်လို့ ပုဂံမြင်းလှည်းအသင်းက သိရပါတယ်။
#Local_News
Published 18 October 2024
#ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ #ပုဂံမြင်းလှည်း
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်ကြီးမှာ သီတင်းကျွတ်အဖိတ်နေ့နဲ့လပြည့်နေ့တို့မှာ မီးစေတီပူဇော်ပွဲ၊ ဆီမီး(၁၀၀၀၀)ပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့နဲ့ ဆွမ်းသိမ်းအောင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 October 2024
#ဆွမ်းသိမ်းအောင်ပွဲကျင်းပ #ရွှေတိဂုံစေတီ
#YMG/tthl #Yangon_Times
Page 398 of 1307