၁၇ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနှင့်စစ်ပွဲတွေမှာ ဗြိတိန်နိုင်ငံဟာ မျိုးစေ့ချခဲ့တယ်လို့ ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ တရုတ်သံတမန်က ပြောဆိုခဲ့တဲ့အကြောင်း CCTV သတင်းတစ်ရပ်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင် တတိယကော်မတီ ဆွေးနွေးပွဲမှာ တရုတ်သံတမန်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် တိုင်းပင်း Dai Bing က တရုတ်နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်ကို ပြန်လည် တုန့်ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။
"အမေရိကန် နှင့် ဗြိတိန် တို့တွင် လူ့အခွင့်အရေးအခြေအနေများသည် နိုင်ငံတကာလူ့အသိုက်အဝန်း၏ အာရုံစိုက် စရာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဂါဇာတွင် အရပ်သားပြည်သူ ၄၀,၀၀၀ ကျော်သေဆုံးခြင်းကို မျက်ကွယ် ပြုမမြင်ချင်ယောင်ဆောင်ခဲ့ကာ ပြည်တွင်း၌ ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ဖိနှိပ်ခဲ့ ပါတယ်၊ ပြည်ပသို့လည်း လက်နက်များပေးပို့ကာ ပဋိပက္ခများ ပိုမိုဆိုးရွားအောင် လုပ်ခဲ့ပါ တယ်။အရှေ့အလယ် ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးဆိုးကြီးအတွက်လည်း အမေရိကန်နိုင်ငံတွင် အသေအချာတာဝန် ရှိနေပါတယ်။ဗြိတိန်ဟာ နှစ်ပေါင်းရာကျော် ကိုလိုနီပြုအုပ်စိုးခဲ့စဉ်အတွင်း ကမ္ဘာတစ်လွှားမှာ အားလုံးသော ရာဇဝတ်မှုအမျိုးမျိုးကိုကျူးလွန်ခဲ့တယ်။ ပါလက်စတိုင်းနှင့်အစ္စရေးတွေအကြား၊ပြီးတော့ ဆူဒန်နှင့်မြန်မာနိုင်ငံ တွေ အပါအဝင် စစ်ပွဲတွေနှင့် ပဋိပက္ခတွေအများစုကို ဗြိတိန်က မျိုးစေ့ချခဲ့တာဖြစ်တယ်။ ဒီကနေ့မှာလည်း အဲဒီမီးတောက်ကိုထပ်ပြီးမီးလောင်ရာလေပင့်နေတယ်။ဒီပြဿနာတွေအားလုံးအတွက်အပြည့်အဝတာဝန်ရှိတယ်။ အမေရိကန်၊ဗြိတိန်နှင့် အနောက်နိုင်ငံအချို့ဟာ အစ္စလမ်ကြောက်ရောဂါနှင့် အာရှမုန်းတီးရေးတွေကိုပျံ့နှံ့သွား အောင်လုပ်နေတယ်။ လူနည်းစုတိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ ကန့်သတ်တာတွေဆက်လုပ်နေတယ်။ သူတို့ကိုယ်သူတို့ လူ့အခွင့်အရေးချန်ပီယံလို့ပြောနေတာတွေဟာ တကယ့်ကို ကြောင်သူတော်တွေပဲဖြစ်တယ်"လို့ သူကပြောခဲ့ပါတယ်။
Published 17 October 2024
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) အရှေ့ပိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်စစ်လေယာဉ်များဟာ ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း မြောက်ပိုင်း တောင်ပိုင်း အရှေ့ပိုင်းတို့မှာ ပြုလုပ်နေတဲ့ Joint Sword-2024B စစ်ရေးလေ့ကျင့်မှုမှာ တနင်္လာနေ့က ပူးပေါင်းပါဝင်လာပါတယ်။ ထိုထဲမှာ ကျည်အစစ်များ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်များ၊ H-6K ဗုံးကျဲလေယာဉ်များ ပါဝင်ပါတယ်။
မက္ကဆီကိုစီးတီးမှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ခံစားရသဖြင့် ဒေသတွင်းရေလှောင်ကန်များ စံချိန်တင် ရေနည်းနေရာ ပြည်သူများ လနဲ့ကြာအောင် ရေပြတ်လပ်မှုဒဏ်ကို အပြင်းအထန်ခံစားနေရပါတယ်။
#World_Disaster
Published 15 October 2024
#မက္ကဆီကိုစီးတီး #မိုးခေါင်ရေရှားမှုပြဿနာ
#YMG #Yangon_Times #Yangon_Media_Group
14 October 2024
သီတင်းကျွတ်နီးလာချိန်မှာ ခရီးသွားပြည်သူတွေစိတ်ချမ်းသာစေဖိုယုဇနဥယျာဥ်မြိုတော်ကနေ ဆူးလေကိုထွက်တဲ့ YBS 133ပေါ်မှာ ရောင်စုံမီးပုံးလေးတွေနဲ့ အလှဆင်ထားတယ်လို သိရပါတယ်။
ရောင်စုံမီးပုံး(၂၀)နဲ့ LEDလျှပ်စစ်မီးရောင်စုံတွေ၊ ညအိပ်မီးတွေ၊မီးတန်းတွေနဲ့ လှပအောင် အလှဆင်ထားတယ်လိုဆိုပါတယ်။
#news #localnews #YBS #သတင်းကျွတ်ပွဲတော် #ရောင်စုံမီးပုံး
#Daily_News
Published 15 October 2024
၁။ သီတင်းကျွတ်လက်ဆောင် ကျောက်စီပန်းချီကားများအော်ဒါအမှာများနေ
၂။ ခြောက်လတာအတွင်း မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန်ကိုးသိန်းကျော်တင်ပို့ထား
၃။ သီတင်းကျွတ်ရောင်စုံမီးပုံးလေးများဖြင့် အလှဆင်ထားသည့် YBS 133 ယာဉ်စောင့်ဆိုင်းစီးသူများနေ
၄။ မက္ကဆီကိုစီးတီးတွင် မိုးခေါင်ရေရှားမှုပြဿနာအလွန်ဆိုးရွားလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သီတင်းကျွတ်မှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစုတွေ၊ ဆွေမျိုးတွေအတွက် ပုံတူ ကျောက်စီပန်းချီကားတွေဖန်တီးပြီး ပေးတဲ့သူတွေများတဲ့အတွက် သီတင်းကျွတ် လပြည့်မတိုင်မီ အော်ဒါတွေများနေတယ်လို့ သိရပါတယ်။
#Local_News
Published 15 October 2024
#ကျောက်စီပန်းချီကား #သီတင်းကျွတ်လက်ဆောင်
#YMG/tthl #Yangon_Times
ပြည်ပဝယ်လက်နိုင်ငံတွေကို ခြောက်လတာအတွင်း မြန်မာ့ဆန်နဲ့ဆန်ကွဲတန်ချိန် ကိုးသိန်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နေသိရပါတယ်။
#Local_News
Published 15 October 2024
#မြန်မာ့ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
Page 399 of 1307