Published 10 Sept 2022
လာမယ့်ကာတာကမ္ဘာ့ဖလားမှာ ဘီယာသောက်သုံးတာဟာ အရင်ထုံးစံအတိုင်းပဲ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ ပြိုင်ပွဲရဲ့ အကြီးအကဲက ထပ်မံကတိပေးလိုက်ပါတယ်။ မူစလင် ပင်လယ်ကွေ့နိုင်ငံမှာ အရက်ရောင်းချတာကို တင်းကြပ်စွာ တားမြစ်ထားတဲ့ကြားက သူကကတိပေးလိုက်တာပါ။ လက်မှတ်ရှိတဲ့မိသားစုတစ်ဦးဦးကခေါ်လာရင် လက်မှတ်မရှိတဲ့ သူတွေလည်း ပွဲလာကြည့်လို့ရမယ်လို့လည်း ပြောပါတယ်။
Source AFP
#Qatar_World_Cup
#Beer_drinking_as_usual
#Qater_2022
Published 20 Aug 2022
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ၊နည်းပြများနှင့်အုပ်ချုပ်သူတွေကို ရရှိတဲ့ ဆုတံဆိပ်များအလိုက် စုစုပေါင်းကျပ်ငွေသိန်းတစ်သောင်းကျော် ကို ယနေ့ ဩဂုတ် ၂၀ရက်နေ့မှာ အခမ်းအနားနှင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့တဲ့ မြန်မာ မသန်စွမ်းသူများ အားကစားအဖွဲ့အား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ဩဂုတ် (၂၀)ရက်က နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ တွင် ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကားပြောကြားပြီး ဆုတံဆိပ်ရရှိခဲ့တဲ့ အားကစားသမား တစ်ဦးချင်းကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယခုနှစ် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၆ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၁၁ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ ရွှေ ၁၄ ခု၊ ငွေ ၁၂ခုနှင့် ကြေး ၁၇ ခုစုစုပေါင်း ဆုတံဆိပ် ၄၃ ဆုရရှိပါတယ်။ နိုင်ငံပေါင်း ၁၁နိုင်ငံယှဉ်ပြိုင်ရာမှာ အဆင့် (၆)ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ အားကစားသမား ၆၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ရွှေတံဆိပ်ဆုရသူတစ်ဦးလျှင် ကျပ်သိန်း ၃၀၀၊ငွေတံဆိပ်ဆုရသူတစ်ဦးလျှင် ကျပ်သိန်း ၂၀၀ ၊ကြေးတံဆိပ်ရသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ၊ အသင်းလိုက်ရွှေတံဆိပ်ရလျှင် တစ်ဦးချင်းစီကို ကျပ်သိန်း ၁၀၀စီ၊ ငွေတံဆိပ်ရလျှင် ကျပ်သိန်း ၇စီ၊ ကြေးတံဆိပ်ရလျှင် ကျပ် ၃၅သိန်းစီ၊ နည်းပြများအတွက် ရွှေတံဆိပ်ဆုရအားကစားအတွက်နည်းပြကို ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရလျှင် ကျပ်သိန်း ၅၀နှင့် ကြေးတံဆိပ်ဆုရလျှင် ကျပ်သိန်း ၃၀ ၊ အုပ်ချုပ်မှုအဖွဲ့ကို ရွှေတံဆိပ်ဆုရလျှင် ကျပ်သိန်း၁၀၀၊ငွေတံဆိပ်ဆုရလျှင် ကျပ်သိန်း ၅၀နှင့် ကြေးတံဆိပ်ဆုရလျှင် ကျပ်သိန်း ၃၀ စီကို ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ချီမြှင့်ငွေမှာ ကျပ်သိန်းပေါင်း ၁၀၀၆၀ ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
YMG/knl
#ASEAN_Para_Games
#Myanamar_Para_Games
Published 17 August 2022
အင်္ဂလိပ်ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်ကို ဝယ်မည်ဟု သူပြောခဲ့ခြင်းမှာ နောက်ပြောင်းခြင်းသက်သက်သာ ဖြစ်တယ်လို့ ဘီလျံနာ အီလွန်မတ်စ်က ပြောပြန်ပါတယ်။
“ မဟုတ်ပါဘူးဗျ။ ဒါဟာ အကြာကြီးနောက်ပြောင်လာခဲ့တာတစ်ခုပါ။ ကျွန်တော် ဘယ်အားကစားအသင်းတစ်ခုကိုမှ မဝယ်ပါဘူး” လို့ တွစ်တာသုံးသူတစ်ဦးက “ ခင်ဗျား ဝယ်ဖို့ တကယ့်ကိုစိတ်ဝင်စားနေတာလား” လို့အမေးကို သူက တွစ်တာမှာ ပြန်ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။
ခပ်စောစောပိုင်း နိုင်ငံတကာသတင်းတွေမှာ အီလွန်မတ်စ်ဟာ မန်ယူကို ဝယ်တော့မှာဖြစ်တယ်လို့ တွစ်တာမှာရေးတဲ့ အကြောင်း သတင်းထူးအဖြစ်ဖော်ပြခဲ့ကြပါတယ်။ (YMG တွင်ဖော်ပြပြီး)
Source Reuters
#Elon_Musk
#Elon_Musk_Manchester_United
Published 10 August 2022
ဂရန်းဆလမ်း ချန်ပီယံ ၂၃ ကြိမ်ရခဲ့တဲ့ တင်းနစ်ချန်ပီယံ ဆီရီနာ ဝီလီယမ်ဟာ တင်းနစ်ကနေ ဖြည်းဖြည်းချင်း ဆုတ်ခွာနေပြီးနောက် ယခုလကုန်ပိုင်းမှာ ကျင်းပမယ့် ယူအက်စ် အိုပင်း ပြိုုင်ပွဲအပြီးမှ တင်းနစ်လောကမှ အနားယူဖို့ စီစဉ်ထားတယ်လို့သူမက ပြောပါတယ်။
“ အငြိမ်းစားယူတယ် ဆိုတဲ့ စကားလုံးကို ကျွန်မဘယ်တုန်းကမှ သဘောမကျခဲ့ဘူး” လို့ ဝီလီယံက Vogue စာစောင်တစ်ခုမှာ ဆောင်းပါးရေးခဲါ့ပတယ်။
“ အကောင်းဆုံးဖော်ပြမယ့် စကားလုံးကိုပြောရရင် တရွေ့ရွေ့ဆင့်ကဲပြောင်းလဲခြင်းပဲ။ ကျွန်မအတွက် အရေးကြီးတဲ့အခြားကိစ္စတွေကို ဦးတည်ပြီး တင်းနစ်ကနေ တရွေ့ရွေ့ ဖယ်ခွာနေပါပြီလို့ ဒီနေရာကနေ ကျွန်မပြောပါတယ်” လို့ သူမကပြောပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မ ဆီရီနာ ဗင်ချား Serena Ventures ဆိုတဲ့ အရင်းအနှီးကုမ္ပဏီတစ်ခု ကိုတိတ်တိတ်ကလေး စခဲ့တယ်။ အဲဒီနောက်သိပ်မကြာ ကျွန်မ မိသားစုတစ်ခုကိုစတင်ခဲ့တယ်။ အဲဒီမိသားစုကို ကျွန်မဖွံ့ဖြိုးတိုးတက်စေချင်တယ်” လို့ သူမက ပြောပါတယ်။
Source: Reuters
#Serena_Williams
#Serena_Williams_Retirement
#Serena_Williams_evolving_away_from_tennis
#LocalNews
Published_19 July 2022
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် တတိယနေရာလုပွဲတွင် ဗီယက်နမ် အသင်းကိုး ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
ဇူလိုင်လ ၁၈ ရက် ည ၈ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းတို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဝင်များ၊ အဖွဲ့ချုပ်တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် ယူ ၁၉ နှင့် ယူ ၁၆ အမျိုးသမီး အသင်းများ၊ မိသားစုဝင်များက သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းအနေဖြင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲပြီးနောက် ဆက်လက်ပြိုင်ပွဲဝင်ရန်ရှိသည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
Published 13 July 2022
အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့ရဲ့ ဘောလုံးအကျော်အမော်ဖြစ်ခဲ့တဲ့ ဝိန်း ရွန်နီဟာ ဒီစီ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် မေဂျာလိဒ်ဘောလုံးအသင်းတစ်သင်းကို ပြန်လည်ရှင်သန်ဖို့ အင်္ဂါနေ့က တာဝန်ပေးခန့်အပ်ခံရပါတယ်။ဒါဟာအသက် ၃၆နှစ်အရွယ် ရွန်နီအတွက် ဒီစီယူနိုက်တက်နှင့် ပြန်လည်ဆုံစည်းခြင်းဖြစ်ပါတယ်။
သူဟာ ၂၀၁၈ ဇူလိုင်ကနေ ၂၀၁၉ အောက်တိုဘာအထိ အဲဒီအသင်းမှာကစားခဲ့ပြီး ပွဲပေါင်း ၅၂ပွဲမှာ ဂိုးပေါင်း ၂၅ ဂိုးသွင်းပေးခဲ့ပါတယ်။ မေဂျာလိဒ်ကို ပြန်လာရတာ ဒီစီယူနိုက်တက်ကိုပြနလာရတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ပြီးတော့ ဒါဟာ ကျွန်တော့်ကို နည်းပြတစ်ဦးအဖြစ် တိုးတက်စေမယ်လို့လည်း ခံစားရတယ်။ဒါပေမယ့် အသင်းအနေနှင့်လည်း တိုးတက်ဖို့လိုအပ်ပါတယ်” လို့သူကပြောပါတယ်။
#Source_AFP
#Wayne_Rooney
#New_DC_United_Coach_ Rooney
#Major_League
Published 9 July 2022
မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားတွေနှင့် မန်နေဂျာအသစ် အီရစ်တန်ဟက်ဟာ၂၀၂၂ ဘောလုံးရာသီအကြို ခရီးလှည့်လည်ရေးအစီအစဉ်အဖြစ် ပြိုင်ဘက် လီဗာပူးနှင့် ချစ်ကြည်ရေးပွဲကစားဖို့ ဇူလိုင်(၉)ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာကြပါတယ်။
သရဲနီတွေဟာ ပြိုဘက် လီဘာပူးလ်နှင့် ထိုင်းနိုင်ငံ ရာဂျမန်ဂလာ အမျိုးသား အားကစားရုံမှာ ဇူလိုင် ၁၂ရက်နေ့တွင် ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပရိဿတ်တစ်ဦးဖြစ်တဲ့ အသက် ၆၀ နှစ်အရွယ် ချန်တနာဖုန်းဖျော်က ကစားသမားတွေကို ကျွန်မထိတွေ့ စကားပြောချင်တယ်။ ကျွန်မတို့သူတို့နှင့် စကားများများပြောလို့ရမှာ မဟုတ်ပေမယ့် စိတ်ခံစားမှုကောင်းကောင်းရလိုက်တဲ့ ဒီခဏကလေးကို သတိတရ အတွေ့အကြုံလိုချင်ပါတယ် လို့ပြောပါတယ်။
အသက်၃၂နှစ်အရွယ် နက်သာပွန် အိုချာရွန်ကူးက “ ရိုနယ်လ်ဒိုကစားတဲ့အထဲ မပါလို့ စိတ်ပျက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူ့ရဲ့ အမာခံပရိဿတ်ဖြစ်တယ်။ သူဟာ ကျွန်တော့်ရဲ့စံပြဖြစ်ပြီး ကျွန်တော့်ဘဝမှာ သူ့ကို တစ်ခါလောက်တော့ တွေ့ဖူးချင်လိုက်တာဗျာ လို့ပြောပါတယ်။
အသက်၁၃နှစ်ပဲရှိသေးတယ် နောက်ပရိဿတ်တစ်ဦးဖြစ်တဲ့ ပရာချရာ ဝီရူဝါနာရက်က “ ဒါဟာ ဖြစ်နိုင်ချေမရှိလောက်ဘူးလို့ ကျွန်တော် အမြဲတွေးမိတယ်။ သူတို့ဒီမှာ ဘာအတွက် ဒီမှာ လာကစားကြမှာလဲ” လို့ ကျွန်တော်အမြဲစဉ်စားမိတယ်။ ဒါပေမယ့်အခုတော့ တကယ်ဖြစ်လာခဲ့ပြီ လို့ပြောလိုက်တဲ့အကြောင်း တင်ဆက်လိုက်ရပါတယ်။
Source AFP
Page 14 of 17