#Sport
Published - 26 Feb 2022
ONE FULL CIRCLE ပြိုင်ပွဲမှာအောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ မနေ့ညနေပိုင်းမှာ စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ငါးမိနစ်သုံးချီအပြည့်ထိုးသတ်ခဲ့ပြီးနောက် အဆုံးအဖြတ်အရ ဗစ်ဒက်ရှ်ကအနိုင်ရရှိသွားခဲ့ပါတယ်။
အဆိုပါပွဲရှုံးနိမ့်မှုနဲ့ပတ်သတ်ပြီး အောင်လအန်ဆန်းက"ချစ်ရပါသော မြန်မာ ပရိသတ်များ ခင်ဗျာ ဒီနေ့ပွဲအတွက် ကျွန်တော်အကောင်းဆုံး ပြင်ဆင် ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော် ကြိုးစားခဲ့သလို မဖြစ်ခဲ့တဲ့ အတွက် ပရိသတ်များကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ နောက် များ အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ပြင်ဆင်သွားပါမယ်လို့ ဂတိပေးရင်း ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားများအတွက် အမြဲဆုတောင်းပေးလျက်ပါခင်ဗျာ ။"လို့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်
မနေ့ကပွဲစဉ်ဟာ ပရိတ်သတ်တွေအပြန်အလှန်ထိုးသတ်မယ်လို့ခန့်မှန်းထားသော်လည်း ပြိုင်ပွဲပုံစံက ထင်သလိုဖြစ်မလာပဲရုရှားနိုင်ငံသားအနေနဲ့ အောင်လအန်ဆန်းကို အရင်တွေ့ဆုံခဲ့တဲ့ပွဲတွေကို ရင်ဆိုင်ထိုးသတ်တာတွေမလုပ်တော့ပဲ သုံးချီလုံးချုပ်ကွက်ရရေးကိုသာကြိုးပမ်းခဲ့ကာ ဗစ်ဒက်ရှက်က အနိုင်ယူခဲ့ပါတယ်။
ပွဲကိုတော့ One Championship က စီစဉ်တာဖြစ်ပြီး စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်ကာ ပွဲစဉ်တွေမှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၂ ပွဲ ပါဝင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ထိုးသတ်ကာ ဒီရစ်တာကပဲဟအနိုင်ယူကာ ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#sport
Publishes_ 25 Feb 2022
အောင်လအန်ဆန်းနှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ ယနေ့ ညနေပိုင်းမှာ စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယခုအကြိမ် ထိုးသတ်မှုကတော့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။
ဒီကနေ့ပွဲကိုတော့ One Championship က စီစဉ်တာဖြစ်ပြီး စင်ကာပူ နိုင်ငံမှာ ပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့ပွဲစဉ်အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပါတယ်။ဒီကနေ့ ပွဲစဉ်တွေမှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၂ ပွဲ ပါဝင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ထိုးသတ်မှာဖြစ်ကာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာတော့ လက်ရှိ ချန်ပီယံ ယူကရိန်း နိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#local_sport
Published_ 20 Feb 2022
ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၈ နည်း သွားရောက် ယှဉ်ပြိုင်ရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။
အဆိုပါအားကစားနည်း ၁၈ နည်းအတွက် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမား အရေအတွက် ၄၀၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အနည်းငယ်အတိုး/လျှော့ ရှိနိုင်ကြောင်း သိရပါတယ်။
အားကစားနည်း ၁၈ နည်းအနက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစားနည်း ၁၂ နည်း၊ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်အသီးသီးတွင် အားကစားနည်း လေးနည်း၊ ဂေါက်သီးနှင့် စစ်တုရင်အားကစားနည်း နှစ်နည်းမှာ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ၏ အစီအစဉ်ဖြင့် လေ့ကျင့်မှုများ ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
အားကစားအဖွဲ့လိုက် ကြိုတင်ပြင်ဆင် လေ့ကျင်မှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စခန်းသွင်းလေ့ကျင့်နေပြီး ပြိုင်ပွဲတွင်အောင်မြင်မှုများ ရရှိစေရန် အားကစားနည်း ခြောက်နည်းကို တရုတ်နိုင်ငံသို့ စေလွှတ်၍ ပူပေါင်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါတယ်။
စခန်းဝင်လေ့ကျင့်နေတဲ့ အားကစားသမား/နည်းပြ/အုပ်ချုပ်သူ များကို စားစရိတ် တစ်ရက်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကျွေးမွေးကာ၊ လစဉ်ထောက်ပံ့ကြေးများလည်း ချီးမြှင့် ပေးလျက်ရှိပါတယ်။ ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် အောင်မြင်မှုများရရှိလာပါက ထိုက်ထိုက် တန်တန် ချီးမြှင့်နိုင်ရေး စီစဉ်နေကြောင်း သိရပါတယ်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လာမည့် မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ဟနွိင်းမြို့နှင့် နီးစပ်ရာ ၁၂ နေရာတွင် အားကစားနည်း ၄၀ ဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#published - 11 Feb 2022
မြန်မာနိုင်ငံကိုယ်စားပြု MMA ကစားသမား ထီရယ်လ်ထန်ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ONE Championshipရဲ့ Bad Blood အမည်ရပြိုင်ပွဲကို ယနေ့ညနေ ၅နာရီက စတင်ယှဥ်ပြိုင်ခဲ့ရ ဒိုင်ရဲ့ဆုံးဖြတ်ချက်အရ တစ်ဖက်ကစားသမားဆက်လက်ယှဥ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် အရှုံးအနိုင်အဖြေမပေါ်ခဲ့ပါဘူး
ONE Championship ရဲ့ Bad Blood အမည်ရ MMA ပြိုင်ပွဲမှာ တွဲဆိုင်း (၁၃)ပွဲ ပါဝင်မှာဖြစ်ပြီးမြန်မာ့ MMAကစားသမားထီရယ်လ်ထန်မှာ အင်ဒိုနီးရှားနိုင်ငံသား ဆူနိုတိုနဲ့ ပထမဆုံးပွဲစဉ်အဖြစ် ယှဥ်ပြိုင်ရမှာ ပထမအချီတွင် ထီရန်ထန်ရဲ့ ပထမအချီ ဒူးတိုက်ချက်မှာ ပြိုင်ဘက်ကစားသမားရဲ့ခါးအောက်ပိုင်းကိုထိခဲ့ပြီး ပွဲပြန်လည်စတင်ရာ ထီရယ်ထန်က ထပ်မံဒူးတိုက်ချက်များမှာ ပြိုင်ဘက်ကစားသမား၏ဝမ်းဗိုက်ကိုသာထိခဲ့ပြီး ပြိုင်ဘက်ကစားသမားကလဲကျခဲ့ရာတွင် ဒိုင်က ထီရယ်ထန်ကိုအဝါကတ်ပြကာ ပြိုင်ဘက်ကစားသမားဆက်လက်မယှဥ်ပြိုင်နိုင်တာကြောင့်ပွဲကိုရပ်နားခဲ့ပါတယ်။
ယခုပွဲစဥ်ကြည့်ရှုသူများက ပြိုင်ဘက်ကစားသမားဆူနိုတိုရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ်ဝေဖန်ခဲ့ကြသလိုဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်ဝေဖန်မှုရှိခဲ့ပါတယ်။
ထီရယ်လ်ထန်မှာ ONE Championship (၅)ပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ တောင်ကိုရီးယားနိုင်ငံသား ကင်မ်ဝူဂျောင်နှင့် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီတို့ကို အနိုင်ရထားသော်လည်း နောက်ဆုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်ကို ရှုံးနိမ့်ထားပါတယ်။
Bad Bloodပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်ဘီဘီယာနို (ဘရာဇီးလ်)နှင့် ဂျွန်လိုင်နီကာ (ဘရာဇီးလ်)၊ Interim Heavyweight ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်အန်နာတိုလီ (ရုရှား)နှင့် ကီရီလ် (ဘီလာရုစ်)တို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ymg/hm
Published 5 Feb 2022
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က အမျိုးသားအားကစားရုံကြီးမှာ ၂၄ ကြိမ်မြောက်အိုလံပစ်ဆောင်းရာသီအားကစားပွဲတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၄ရက် သောကြာနေ့က ကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီဖွင့်ပွဲအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင် ဒါဇင်များစွာနှင့်အတူ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌသောမတ်စ် ဘက်ချ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့လည်းတက်ရောက်ကြပါတယ်။
Source CCTV Plus
#LocalNews
Published - 3 Feb 2022
ရှမ်းနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းနိုင်ဖို့ အောင်လအင်န်ဆန်း၏ ဘောင်းဘီနှင့် လက်အိတ်များကို လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ Kachin Alliance(ကချင်မဟာမိတ်အဖွဲ့ )က ထုတ်ပြန်ထားပါတယ်။
အဆိုပါ လေလံကို ဇန်နဝါရီလ ၂၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်တွင် လေလံရက်ကုန်ဆုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
လေလံပွဲမှ ရရှိလာမည့် အလှူငွေများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အရေးပေါ်လိုအပ်နေသည့် နေရာများအတွက် လှူဒါန်းသွားမည်ဖြစ်ပြီး ပစ္စည်းတစ်ခုအတွက် ကြမ်းခင်းဈေးသည် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြစ်ပြီး အနိမ့်ဆုံးလေလံဈေးတိုးမြင့်ရန်
ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀၀ ဖြစ်တယ်လို့ Kachin Alliance(ကချင်မဟာမိတ်အဖွဲ့ )ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ရရှိသောငွေများကို စစ်ဘေးတိမ်းရှောင်သူများ၊ ကိုဗစ်ရောဂါကာကွယ်ရေး၊ ကုသရေးများနှင့် အခြေအနေအရပ်ရပ်ကြောင့် ပညာဆက်မသင်နိုင်သည့်သူများကို ပညာရေးထောက်ပံ့စရိတ်များအဖြစ် ကူညီသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်၊မတ်လ ၃၁ ရက် နေ့က ချန်ပီယံအောင်လအင်န်ဆန်းနှင့် ဂျပန်နိုင်ငံသား Ken Hasegawa တို့၏ပွဲတွင် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ချန်ပီယံ အောင်လအင်န်ဆန်းနှင့် Brandon Vera တို့၏ ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီနှင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် အောင်လအင်န်ဆန်းနှင့် Leandro Alaides တို့ပွဲတွင် ဝတ်ဆင်ခဲ့သည့် လက်ဝှေ့အိတ်တို့ကို လေလံတင် ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - AungLa Nsang(Burmese Python)
ymg/kg
#Yangon_Media_Group
Page 17 of 17