MINBU, Myanmar, Aug 20, 2025 — Myanmar has lost about 7% of its forest cover over the past 20 years, the country’s leader said on Tuesday, pledging new tree-planting efforts to slow the pace of deforestation.
Senior General Min Aung Hlaing, chairman of the State Security and Peace Commission, said forest coverage stood at 49% in 2005 but had declined to 42.19% in 2025.
“We are working to increase forest coverage back to around 50%,” he told a tree-planting event in Minbu, central Myanmar, on August 19, part of a nationwide reforestation campaign across 13 districts.
Myanmar has announced a five-year plan to expand tree planting through 2030, which it says will help curb environmental degradation and mitigate the impact of climate change.
Minbu was ranked among the world’s 15 hottest cities last year, highlighting the region’s vulnerability to extreme heat. At Tuesday’s event, officials and residents planted about 1,000 saplings of six species, including teak, tamarind and mahogany.
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း သစ်တောဖုံးလွှမ်းမှု ၇ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ သိရပါ တယ်။
ယင်းသို့လျော့နည်းသွားကြောင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်( နလအ ကော်မရှင်) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့မှာ ဩဂုတ်၁၉ ရက်က ကျင်းပတဲ့ အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြေရေး၊ ၂ဝ၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ်လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင် နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ကိုတွေ့ရှိရပါတယ်။ သစ်တော ဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းခန့်တိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ - ၂၀၂၆မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်း တွင် ပျိုးပင်များထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်ထားရှိပြီး ယင်းတို့ကို အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေ ကာရာသီဥတုဖောက်ပြန်မှုများကိုလည်း လျော့ပါးလာစေမည်ဖြစ်ကြောင်းလည်း နလအ ကော်မရှင် ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
ယခင်နှစ်က မင်းဘူးမြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့ပြီး ယင်းဒေသတွင် ရာသီဥတု ပူပြင်းသည့်ဒဏ်များမခံစားရစေရန် အကောင်းဆုံးလုပ်ရပ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းများကိုဆောင်ရွက် ပေးတာဖြစ်တယ်လို့သိရပါတယ်။
သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကိုလူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
#ymg/knl
Demoso, August 19, 2025 — The Myanmar military (Tatmadaw) has fully regained control of Demoso Town in Kayah State on August 19, after it had been temporarily under the control of KNPP, KNDF, and PDF insurgents, according to an official statement released by the government’s Information Team.
During the 16-day military operation to retake Demoso, 23 clashes of varying scale broke out between Tatmadaw forces and insurgents. The operation resulted in the recovery of six enemy bodies and five assorted weapons, while some security personnel were reported killed or injured, the statement said.
According to the report, the insurgents had infiltrated and occupied areas in Demoso Township since November 2023, disguising themselves as local villagers.
The Tatmadaw further stated that, following the recapture, necessary security and clearance operations are continuing in Demoso Town.
Military columns have also cleared the roads linking Loikaw and Demoso, with the aim of reopening the main Loikaw–Demoso highway in the near future, the announcement added.
The Demoso offensive was part of the “Yan Naing Min” military operation, under which the Tatmadaw has conducted clearance campaigns against insurgent-controlled towns, villages, and transport routes across southern Shan State and Kayah State.
As part of this broader campaign, the Tatmadaw recaptured Hsihseng on May 15, 2024, reopened the Hopong–Hsihseng–Loikaw road on May 29, 2024, regained control of Mobye on July 6, 2025, reopened the Pinlaung– Hsawngpyaung- Pekon–Mobye–Loikaw road on July 11, 2025, and secured the entire eastern part of Pekon Lake on July 31, 2025, according to the statement.
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့ အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝ ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီးမော့ဆို မြို့ပြန်လည်ထိန်းချုပ်ရေး တပ်မတော်ရဲ့စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း(၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး၊ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက် ဝင်ရောက်နေရာယူခဲ့ကြောင်းသိရပါတယ်။
တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ အဆိုပါ ဒီးမော့ဆိုမြို့တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့် လမ်း ကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ ဒီးမော့ဆို ဆက်သွယ်ရေး လမ်းမ ကြီးအား မကြာမီအချိန်တွင်ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ပြီး ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်နေ့တွင်လည်း ကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်လည်းကောင်း ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
August 18, 2025, Nay Pyi Taw- Senior General Min Aung Hlaing, Chairman of the State Security and Peace Council (SSPC), has emphasized the need to ensure that Myanmar’s upcoming elections and parliament are conducted in a dignified and credible manner.
Speaking at a meeting in Magway on Monday with regional officials and representatives from micro, small and medium-sized enterprises (MSMEs), the SSPC Chairman stressed that all eligible voters must be able to cast their ballots. He added that the government would facilitate this process to guarantee inclusivity.
To broaden representation, he explained that the upcoming elections will use different voting systems: the First-Past-the-Post (FPTP) system for the Pyithu Hluttaw (House of Representatives) and a Mixed-Member Proportional (MMP) system for the Amyotha Hluttaw (House of Nationalities) and the regional/state parliaments. This, he said, would ensure that ethnic groups and various social classes are more widely represented in parliament.
The Senior General also underlined that the international community has expressed support for Myanmar’s elections, which are intended to be free, fair, and transparent. To this end, Myanmar Electronic Voting Machines (MEVMs) will be used to help prevent irregularities.

The Union Election Commission announced earlier on Monday that the first phase of the multi-party general election will begin on December 28, 2025. Further dates for subsequent phases will be announced later.
The Senior General held discussions with local residents and business owners who attended, focusing on micro, small and medium-sized enterprises (MSMEs), agriculture and livestock businesses, as well as education and regional development matters.
He was accompanied by Union ministers, senior military officials, and Magway Region Chief Minister U Tint Lwin, along with Commission Secretary and Joint Secretary-General General Ye Win Oo.
#ymg/knl
၁၈ ဩဂုတ် ၂၀၂၅
▪️သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
▪️မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယနေ့ ဩဂုတ်၁၈ ရက်က တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြော ကြားရာတွင် နလအက ဥက္ကဋ္ဌက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
▪️ယင်းသို့ဖြစ်စေရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံးဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှ ဆောင် ရွက်ပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဖြည့်စွက်ပြောကြားပါတယ်။
▪️တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP- Mixed Member Proportion System)ကိုအသုံးပြုဆောင်ရွက်တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောဆိုပါတယ်။
▪️ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများမှလည်း ထောက်ခံအားပေးမှုများရှိကြောင်းနှင့် လွတ်လပ်၍တရား မျှတသည့်ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်လို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အလေးပေးပြောဆိုပါတယ်။
▪️၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း၁ ကို စတင် ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ဩဂုတ် ၁၈ ရက်မနက်က ကြေညာ ခဲ့ပါတယ်။ဆက်လက်ကျင်းပမည့်အပိုင်းလိုက်နေ့ရက်များကိုထုတ်ပြန်ပေးသွားမယ်လို့လည်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။
▪️ဗိုလ်ချုပ်မှူးကြီးသည် မကွေးတိုင်းဒေသကြီးအတွင်း အသေး စား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တက်ရောက်လာသည့် ဒေသခံများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
▪️အဆိုပါ တွေ့ဆုံပွဲသို့ နလအက ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ် ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။
#ymg/knl

၁၈ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် စတင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာပါတယ်။
အဆိုပါဒီဇင်ဘာ ၂၈ ရက်နေ့သည် အထွေထွေရွေးကောက်ပွဲ အပိုင်း၁ ဖြစ်၍ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ကြေညာ ချက်မှာဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီပထမပတ်များအတွင်း အထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးသွားမယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုထားပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
#ymg/knl

Page 15 of 255