၃၀ ဇူလိုင် ၂၀၂၅၊ နေပြည်တော်-
နိုင်ငံတော်၏ ရှေ့ခရီးအတွက် ပထမစာမျက်နှာကိုကျော်ခဲ့ပြီဖြစ်၍ ဒုတိယစာမျက်နှာရဲ့ အစဟုဆိုရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစက ကောင်စီ ဝင်များနှင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားပါတယ်။
ဇူလိုင်၃၀ ရက်က နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“နှစ်ခွဲတာ ကာလအတွင်းမှာ လုပ်ငန်း အရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်” လို့လည်း ဗိုလ်ချုပ်မှူး ကြီးကပြောပါတယ်။
“နောင်မှာလည်း ဆက်လျှောက်ရမယ့် ခရီးစဉ်တွေမှာလည်း ဒီလိုပဲ အောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောပါတယ်။

နိုင်ငံတော်ရဲ့ ရှေးခရီးကတော့ အများကြီးကျန်နေသေးပြီး ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေး နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့ လုပ်ရကျိုးကနေ ပိုပြီး လုပ်ရကျိုးနပ်မယ်လို့ ယုံကြည်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက တင်စားပြောဆိုပါတယ်။
မြန်မာနိုင်ငံ၏ အတိတ်နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကြောင်းများ၊ တပ်မတော်က နိုင်ငံ့တာဝန်ရယူခဲ့ရသည့် အကြောင်းများ၊ အခက်အခဲများကို အတူတကွကျော်ဖြတ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည်များနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သင့်သည်များကိုလည်း ဗိုလ်ချုပ်မှူး ကြီးက အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။
“အခက်အခဲအကြပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင် ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ် ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်တယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
ဇူလိုင် ၃၁ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပရန်ရှိနေပြီး ထို အစည်းအဝေးတွင် အခြေခံဥပဒေ ပုဒ်မ၄၂၆ အတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင်ဆောင်ရွက်ပြီးကြောင်းအစီရင်ခံစာတင်ပြနိုင်ဖွယ်ရှိသည်ဟုသတင်းများထွက် ပေါ်နေပါတယ်။
အဆိုပါအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမကျင်းပမီ တစ်ရက်အလိုတွင်အဆင့် ဆင့်သော အစိုးရအဖွဲ့ဝင်များစုံစုံညီညီတက်ရောက်ခဲ့ကြတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဂုဏ်ပြု တွေ့ဆုံပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
YANGON, July 29, 2025 – Myanmar's State Administration Council (SAC) today enacted a new law that mandates the death penalty for anyone causing a fatality while obstructing, hindering, or destroying the election process.
The law, officially titled "Law on Protecting Multi-Party Democratic General Elections from Obstruction, Hindrance, and Destruction," is designated as SAC Law No. 48/2025.
Section 27 of the law explicitly states: "If any offense under this Law results in the death of an individual, all participants in the offense shall be sentenced to death."
The law prohibits any individual from causing the failure of the multi-party democratic general election processes, or any part thereof, by speaking, saying, organizing, inciting, protesting, or distributing written materials through any means.
Furthermore, the law forbids direct or indirect actions such as threatening, obstructing, or using undue influence, or voluntarily causing hurt or grievous hurt, with the intent to:
▪️Prevent a voter from casting their ballot.
▪️Prevent a presiding officer, polling station member, or any person assigned by the commission or sub-commission from performing their duties.
▪️Prevent any election commission or sub-commission member from performing their duties.
▪️Prevent a parliamentary (Hluttaw) candidate from campaigning in accordance with the law.
The law also prohibits anyone from willfully destroying, damaging, or causing loss to ballot papers, ballot boxes, voting machines, equipment, and accessories by any means.
Additionally, it bans the destruction, damage, or causing of loss to election commission offices, sub-commission offices, polling stations, buildings used as polling stations, or buildings where ballot papers, ballot boxes, voting machines, equipment, and accessories are stored, by any means.
The law further stipulates that anyone who attempts to commit any offense under this law, conspires to commit it, or aids and abets in its commission shall be liable to the same penalty prescribed for the original offense.
Under this law, penalties range from a minimum of three years imprisonment to a maximum of the death penalty, depending on the offense committed.
Multi-party democratic general elections are planned to be held in Myanmar between December of this year and January 2026. Some organizations and individuals have openly stated their intent to disrupt the elections.
#ymg/knl
၂၉ ဇူလိုင် ၂၀၂၅
ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တာဖျက်ဆီးမှုတစ်ခုခုပြုလုပ်ပြီး တစ်ဦးတစ်ယောက်ကို သေဆုံးမှု ဖြစ်စေလျှင် ထိုနှောက်ယှက်ဖျက်ဆီးသူကို သေဒဏ်ချမှတ်ရမည့် ဥပဒေတစ်ရပ်ကို နစက အစိုးရက ဇူလိုင် ၂၉ ရက်တွင်ပြဋ္ဌာန်းလိုက်ပါတယ်။
အဆိုပါဥပဒေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၄၈/၂၀၂၅ အဖြစ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းဥပဒေပုဒ်မ ၂၇ တွင် “ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင်ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်”လို့ ဖော်ပြထားပါ တယ်။
မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ် ၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံး ခြင်း၊လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် ဥပဒေက တားမြစ် ထားပါတယ်။
ယင်းအပြင် မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးစေနိုင်ရန်၊ မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင်သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများမထမ်းဆောင်နိုင်စေရန်၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန်၊ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန်၊ (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊( ခ ) မိမိအလိုအလျောက် နာကျင်စေခြင်း၊( ဂ ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရဟုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။
မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုမည် သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ်ထိခိုက်ဆုံးရှုံး စေခြင်းကို မပြုရဟုလည်း တားမြစ်ထားပါတယ်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကိုဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ် အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့်အသုံး အဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆိုဖျက်ဆီး ခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရဟုဥပဒေတွင် တားမြစ်ထားပါတယ်။
မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင်ပူး ပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ် ရမည်လို့လည်း ဥပဒေတွင်ပါရှိပါတယ်။
အဆိုပါဥပဒေအရ ကျူးလွန်သော ပြစ်မှုအလိုက် အမြင့်ဆုံးသေဒဏ်နှင့် အနိမ့်ဆုံး အဖြစ် ထောင်ဒဏ် (၃)နှစ် အထိချမှတ်နိုင်တာဖြစ်ပါတယ်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယခုနှစ် ဒီဇင်ဘာလလနှင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလ များအတွင်း မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်သွားရန် စီစဉ်နေပြီး အချို့သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များက ရွေးကောက်ပွဲကို ဖျက်ဆီးမည်ဟု လူသိရှင်ကြားပြောဆိုထားသည်များ ရှိနေပါတယ်။
#ymg/knl
ရီနို၊ နီဗားဒါး — နီဗားဒါးပြည်နယ်၊ ရီနိုမြို့ရှိ အကြီးဆုံးလောင်းကစားရုံအပြင်ဘက်တွင် သေနတ်ကိုင် တစ်ဦးက ဇူလိုင်၂၈ရက်၊တနင်္လာနေ့နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်သူကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
သံသယရှိသူသည် သေဆုံးသူများနှင့် သိရှိထားသည့် ဆက်နွယ်မှုများမရှိဘဲ၊ သူသည် Grand Sierra Resort ၏ ဧည့်သည်လား သို့မဟုတ် ဝန်ထမ်း လားဆိုသည်ကိုလည်း မသိရသေးပါ။ ထိုအပန်းဖြေနေရာ သည် ရီနိုမြို့၏ အထင်ရှားဆုံးနေရာတစ်ခုဖြစ်ပြီး ဂီတပွဲများ၊ အားကစားပွဲများနှင့် ၂၀၂၄ ရွေးကောက် ပွဲမတိုင်မီ သမ္မတ ဒေါ်နယ်ထရမ့် ၏ ရွေးကောက်ပွဲမဲဆွယ်ဟောပြောပွဲများ ကျင်းပခဲ့ဖူးသည်။ ကယ်လီဖိုး နီးယားနယ်စပ်အနီးနှင့် တာဟိုး ရေအိုင် ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး နွေရာသီခရီးသွားများ အလာ များသော နေရာဖြစ်သည်။
ရဲတပ်ဖွဲ့သည် ပစ်ခတ်မှု၏ ရည်ရွယ်ချက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဒဏ်ရာရသူနှစ်ဦးသည် အရေးပေါ်အခြေအနေတွင်ရှိနေပြီး အခြားတစ်ဦးမှာ ကုသမှုခံယူပြီးနောက်ဆေးရုံ မှ ဆင်းခွင့်ရခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသည့် စပါ့ခ်စ်မြို့ ရဲမှူး ခရစ်စ် ခရော့စ်ဖော့သ် က ပြောကြားခဲ့သည်။
ပစ်ခတ်မှုသည် မနက် ၇:၃၀ ခန့်တွင် ဖြစ်ပွားခဲ့ပြီး သေနတ်ကိုင်သည် လောင်းကစားရုံ-ဟိုတယ်၏ ကားရပ်နားနေရာ သို့ ချဉ်းကပ်ကာ လက်နက်ထုတ်ယူပြီး လူစုတစ်ခုကို ပစ်ခတ်ခဲ့သည်။ သူ၏ သေနတ် သည်အစပိုင်းတွင် အလုပ်မလုပ်ခဲ့သော်လည်း မကြာမီ များစွာပစ်ခတ်နိုင်ခဲ့ပြီး သူသည် ကားပါကင် လော့ ထဲသို့ ခြေလျင်ထွက်ပြေးခဲ့သည်။ ထိုနေရာတွင် သူသည် လက်နက်ကိုင် လောင်းကစားရုံ အစောင့် တစ်ဦးနှင့် ရင်ဆိုင်မိခဲ့သည်။ သေနတ်ကိုင်သည် အစောင့်ကို ပစ်ခတ်ခဲ့ပြီး အစောင့်ကလည်း ထပ်မံ ထွက်ပြေးသည့်သူကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ခရော့စ်ဖော့သ်က ပြောကြားခဲ့သည်။
ထို့နောက် သူသည် ်ဖွဲ့ဝင်များ မရောက်မီ သုံးမိနစ်ခန့် အချိန်အတွင်း ပါကင်လော့အတွင်း ကားမောင်း နေသူတစ်ဦးကို ထပ်မံပစ်ခတ် သတ်ပစ်ခဲ့သည်။
"အံ့ဖွယ်ကောင်းအောင် လျင်မြန်စွာတုံ့ပြန်မှုများပြုလုပ်ခဲ့ပါတယ်" ဟု ရီနိုမြို့တော်ဝန် ဟီလာရီ ရှီးဗီး က ပြောကြားရင်း၊ ထိုသို့လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းကြောင့် သံသယရှိသူသည် လောင်းကစားရုံ-ဟိုတယ်အတွင်းသို့ ဝင်ရောက်ကာ ဆက်လက်ပစ်ခတ်မှု မပြုလုပ်နိုင်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့ သည်။
ခရော့စ်ဖော့သ် အဆိုအရ၊ ပစ်ခတ်သူသည် သေနတ်ကျည်ကပ်များစွာဆောင်ထားခဲ့ကြောင်းသိရသည်။
ထိုသူသည် ရီနိုရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ပြီး ကင်းလှည့်ရဲကားတစ်စီးကို ထိမှန်ခဲ့သည်။ ရဲအရာရှိ အများအပြားက ပြန်လည်ပစ်ခတ်သဖြင့် ထိုသူ သေနတ်ထိမှန်သွားကြောင်း ခရော့စ်ဖော့သ် က ပြောကြား ခဲ့သည်။ အမည်မဖော်ပြရသေးသည့် ထိုသေနတ်သမားသည် အရေးပေါ်အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။
Source NPR
ပူထရာဂျာယာ၊မလေးရှား၊ဇူလိုင်၂၈ (ရိုက်တာ) - ကမ္ဘောဒီးယားနှင့် ထိုင်းခေါင်းဆောင်များသည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်၍ တနင်္လာနေ့ သန်းခေါင်ယံ မှစ၍ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြသည်။ ငါးရက်ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီး နောက် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
ပဋိပက္ခငြိမ်းအောင် နိုင်ငံတကာမှ ကြိုးပမ်းနေချိန်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များသည် အာဆီယံဒေသဆိုင်ရာအဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဦးဆောင် ကျင်းပသည့် မလေးရှားနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ရန်လိုမှုများကို ရပ်ဆိုင်းရန် နှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။
“ယနေ့ ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ အစည်းအဝေးတစ်ခုနှင့် အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ ဒါဟာ အသက်ပေါင်းများစွာ ဆုံးရှုံးထိခိုက်ဒဏ်ရာရတာတွေအပြင် လူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဖြစ်စေခဲ့တဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်မာနက်က ပြောကြားခဲ့ပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေး ခဲ့သည့် ထရမ့်နှင့် တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
"ဝန်ကြီးချုပ် အန်ဝါ ခုလေးတင် ကြေညာခဲ့တဲ့ ဖြေရှင်းနည်းတွေက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှု တွေ ပုံမှန်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်လာဖို့နဲ့ အနာဂတ်မှာ တပ်ဖွဲ့တွေရဲ့ တင်းမာမှု လျှော့ချရေးအတွက် အခြေခံတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထိုင်းယာယီ ဝန်ကြီးချုပ် ဖူမ်သမ် ဝေချာချိုင်းက ပြောကြားခဲ့သည်


၂၇ ဇူလိုင် ၂၀၂၅
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ ဇူလိုင်၂၇ ရက်နေ့၌ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးရဲ့ အောင်ချက်မှာ ၄၈.၀၆ ရာခိုင်နှုန်းဖြစ်ပါတယ်။စာမေးပွဲဖြေဆိုကြသူ ၂၀၇၈၉၈ ဦးအနက် ၉၉၉၂၄ဦးအောင်မြင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှအပ ပြည်တွင်းတွင် အောင်ချက်အကောင်းဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး ၅၇.၁၆ ရာခိုင်နှုန်းရှိပါတယ်။ မွန်ပြည်နယ်မှာ ၈၉၇၂ ဦးဖြေဆိုပြီး ၅၁၂၈ ဦးအောင်မြင်ခဲ့ပါတယ်။ ဖြေဆိုသူ ၃၇၄၆၇ ဦးနှင့် အများဆုံးဖြေဆိုခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးမှာ အောင်မြင်သူ ၁၉၃၆၆ ဦးရှိပြီး အောင်ချက် ၅၁.၆၉ ရာခိုင်နှုန်းရှိပြီဂ ဒုတိယမြောက် အောင်ချက် အကောင်းဆုံးဖြစ်ကြောင်းသိရပါတယ်။ ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့စစ်ကိုင်းတိုင်းဒေသကြီးရဲ့အောင်ချက်က ၄၃.၇၀ ရာခိုင်နှုန်း၊ မန္တလေး တိုင်းဒေသကြီးအောင်ချက်က ၄၉.၆၂ ရာခိုင်နှုန်းနှင့် နေပြည်တော်အောင်ချက်က ၄၆.၂၇ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။
#ymg.knl/mnn

NAYPYITAW, Myanmar – July 25, 2025 – Timor-Leste is actively engaging with Myanmar's State Administration Council (SAC) government in a diplomatic effort to gain its support for full membership in the Association of Southeast Asian Nations (ASEAN).
On July 24, 2025, Mr. Olandino Ruide Andrade, Chargé d'affaires of the Timor-Leste Embassy in Yangon, visited the Ministry of Foreign Affairs in Naypyitaw. During his visit, he met with Deputy Minister for Foreign Affairs U Ko Ko Kyaw to discuss Timor-Leste's aspiration to become an ASEAN member.
According to a statement released by the SAC, Mr. Andrade conveyed Timor-Leste's desire to secure the encouragement and support of all ASEAN member states for its accession. He reportedly assured the Myanmar Deputy Foreign Minister that Timor-Leste is committed to upholding all provisions of the ASEAN Charter.
Mr. Andrade also expressed Timor-Leste's wish to establish good relations with all ASEAN member countries, including Myanmar. He reiterated Timor-Leste's eagerness to strengthen friendly ties between the two nations and extended an invitation for Myanmar to open an embassy in Dili, the capital of Timor-Leste.
In response, Myanmar's Deputy Minister for Foreign Affairs emphasized that Timor-Leste's pursuit of ASEAN membership must align with the ASEAN Charter. He also stressed the importance of non-interference in the internal affairs of member states.
The Deputy Minister stated that Myanmar was pleased to learn of Timor-Leste's desire to enhance bilateral relations. He also acknowledged Timor-Leste's Foreign Minister's reported interest in visiting Myanmar. U Ko Ko Kyaw affirmed that Myanmar actively participates in ASEAN community-building initiatives and the leadership of the ASEAN Chair, in line with its foreign policy.
The SAC statement further noted that Deputy Minister U Ko Ko Kyaw highlighted a recent positive discussion between the Myanmar delegation and Timor-Leste's Foreign Minister during the 58th ASEAN Foreign Ministers' Meeting and related gatherings, where both sides explored ways to improve bilateral relations.
Page 19 of 255