Published 25 February 2022
လွန်ခဲ့တဲ့သုံးနှစ်ကျောက်က ရုပ်ရှင်မင်းသား၊ဟာသသရုပ်ဆောင်နှင့် ဖျော်ဖြေရေးကုမ္ပဏီအမှုဆောင်တစ်ဦးအဖြစ် လူသိထင်ရှားဖြစ်ခဲ့တဲ့ ဗိုလိုဒီမီယာ ဇီလင်စကီးဟာ အခုတော့ ယူကရိန်းသမ္မတအဖြစ်နှင့် ရုရှားနှင့်စစ်ဖြစ်ပွားနေတဲ့ နိုင်ငံကို ဦးဆောင်သူဖြစ်နေရပြီလို့ NPR သတင်းဌာနကသတင်းရေးသားလိုက်ပါတယ်။
ရွေးကောက်ပွဲမဝင်ခင်က ဇီလင်စကီးဟာ နာမည်ကျော် Servant Of the People ပြည်သူတို့၏ အစေခံ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို သူကိုယ်တိုင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အသက်၃၀ကျော်အရွယ် အထက်တန်းကျောင်းက သမိုင်းဆရာကလေးတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ တစ်ရက်မှာ သူဟာ အတန်းထဲမှာ အစိုးရရဲ့ အကျင့်ပျက်ခြာစားမှုတွေကို လှောင်ပြောင်ဝေဖန်ပြောဆိုခဲ့တာကို အတန်းထဲက တပည့် တစ်ဦးက ဆိုရှယ်မီဒီယာ ပေါ်တင်လိုက်တဲ့အတွက် နေ့ချင်းညချင်းနာမည်ကြီးသွားပြီး အဲဒီကနေ သမ္မတအဖြစ် အရွေးခံရတဲ့ သရော်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
သူဟာ အသက်(၁၇)နှစ်အရွယ်ကတည်းက KVN လို့ခေါ်တဲ့ ပြည်တွငး်က ဟာသသရုပ်ဆောင်ပြိုင်ပွဲအဖွဲထဲ ဝင်ရောက်ခဲ့ရင်း ရုပ်ရှင်နှင့်ရုပ်သံလောကထဲရောက်ရှိလာသူပါ။ သူဟာ ရုပ်သံဇာတ်လမ်းတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၅မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Servant Of the People ဇာတ်လမ်းတွဲမှာတော့ ယူကရိန်းသမ္မတအဖြစ် သရုပ်ဆောင်ရင်း နာမည်ကျော်လူကြိုက်များခဲ့တာပါ။
အဲဒီအောင်မြင်မှုကိုရယူရင်း ၂၀၁၈ခုနှစ်မှာ သူဟာ သူရဲ့ Kvartal 95 ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီကအဖွဲ့သားတွေနှင့်အတူတူ Servant Of the People အမည်နှင့်ပဲ နိုင်ငံရေးပါတီတည်ထောင်ခဲ့ပါတယ်။အဲဒီကမှတစ်ဆင့် လူကြိုက်များမှုအပေါ်အခြေခံကာ သမ္မတရွေးကောက်ပွဲအဆင့်ဆင့်ဖြတ်ကျော်ရင်း ယူကရိန်းသမ္မတဖြစ်လာခဲ့ပါတယ်။
တကယ်တမ်းအပြင်မှာ သူသမ္မတဖြစ်ခဲ့ရတာကတော့ တကယ့်ကိုမမျှော်လင့်ဘဲ ဖြစ်ခဲ့ရတာပါလို့ နယူးယောက်ကာသတင်းစာရဲ့ မော်စကိုသတင်းထောက် ဂျိုရှားယာဖာက ပြောပါတယ်။
ဒွန်ဘတ်စ်မှာဖြစ်ခဲ့တဲ့စစ်ရဲ့ရလာဒ်အဖြစ် ၂၀၁၉ခုနှစ်အထိ ယူကရိန်းမှာဖြစ်ခဲ့တဲ အားလျော့စိတ်ပျက်မှုတွေရဲ့အပေါ် သူက အမြတ်ထုတ်နိုင်ခဲ့ပြီး သမ္မတဖြစ်လာခဲ့တာပါ။အဲဒီပြသနာတွေက အခုထက်ထိဖြေရှင်းလို့လည်းမရသေးပါဘူးလို့ ယာဖာက ပြောပါတယ်။
“အဲဒီအချိန် ယူကရိန်းပြည်သူတွေက အခြားအပြောင်းလဲတစ်ခုကို အငမ်းမရလိုချင်ကြတယ်။အဲဒီအချိန်မှာ ဇီလင်စကီးက နိုင်ငံရေးမြင်ကွင်းမှာ ပေါ်လာပြီး သူရဲ့ နည်းပါးတဲ့အတွေ့အကြုံက အကျိုးရှိသွားစေတာလို့ ပွင့်ပွင့်လင်းလင်းပြောနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။
“ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုဟာ ဇီလင်စကီးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု အသေအချာပဲ။ဒါပေမယ့် သူအစကနဦဲးမှာ အရင်ဆုံးရင်ဆိုင်ရတာက ရုပ်သံဇာတ်လမ်းထဲက သမ္မတနှင့် အပြင်က တကယ့်သမ္မတမတူတဲ့ ခက်ခဲရှုပ်ထွေးမှုတွေကို ထိန်းကျောင်းဆောင်ရွက်ရတဲ့ စိန်ခေါ်မှုပဲဖြစ်တယ်” လို့ ယာဖာကဆက်ပြောပါတယ်။
“အဲဒါကြောင့် သူ့ရဲ့သမ္မတအလုပ်ဟာ တကယ့်ကိုဖရိုဖရဲနှင့်အခက်အခဲတွေကြုံရတယ်။ဒါကို ဇီလင်စကီးနှင့် သူ့မိတ်ဆွေတွေက ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ လှည့်ဖျားမှုနှင့်ရှုပ်ထွေးမှုတွေအမျိုးမျိုးတွေနှင့် တကယ်တမ်းတော့ နိုင်ငံကိုအုပ်ချုပ်ရတာဖြစ်တယ်” လို့ယာဖာကပြောပါတယ်။
ယခုအချိန်မှာတော့ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဇီလင်စကီးဟာ နိုင်ငံခြားသံရုံးတွေ ကိဗ်ကနေ ထွက်ပြေးနေတာ၊နိုင်ငံခြားသားကျွမ်းကျင်သူ တွေ၊ရင်းနှီးမြှပ်နှံသူတွေ ထွက်ပေးသွားကြတာကို စောင့်ကြည့်နေရတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအသစ်ဆိုရင်လည်း ရပ်သွားပြီ” လို့ သူကဆက်ပြောပါတယ်။
“ပူတင်၊အနောက်နိုင်ငံတွေနှင့် ယူကရိန်းနိုင်ငံတွင်းက ပြည်တွင်း ဂိုဏ်းဂဏတွေအကြား သူ့အနေနှင့် ဖြေရှင်းပေးဖို့ အတော်မဖြစ်နိုင်ဘူး။ဒီစစ်ပွဲကို ဇီလင်စကီးမရပ်နိုင်ရတဲ့ ကြီးမားတဲ့အကြောင်းရင်းတစ်ခုကတော့ ဗလက်ဒီမာပူတင်ပဲ ဖြစ်ပါတယ် “လို့သူကပြောလိုက်ပါတယ်။
Source NPR/Wiki
Published 25 February 2022
အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု တစ်ပုံတစ်ခေါင်းကြီး ထပ်မံချမှတ်လိုက်ပါတယ်။ အဲဒီအကြောင်းကို ဘိုင်ဒင်က ဖေဖော်ဝါရီ ၂၄ရက်က ကြေညာခဲ့ပြီး “ အမေရိကန်နှင့်ရုရှားတို့ ဆက်ဆံရေး မှာ လုံးဝမိတ်ပျက်သွားပြီဖြစ်တယ်” လို့လည်းပြောလိုက်ပါတယ်။
သမ္မတပူတင်ဟာ ဆိုဗီယက်ပြည်ထောင်စုဟောင်းကိုပြန်တည်ဆောက်ချင်နေတယ်လို့လည်း ဘိုင်ဒင်ကပြောပါတယ်။
Source AFP
#WorldPolitics
Published- 25 February 2022
ရုရှားတို့ ကျူးကျော်တိုက်ခိုက်လာမှုကို အဆုံးသတ်နိုင်ရန် ရုရှားတို့ နဲ့တွေ့ဆုံညှိနှိုင်းသွားဖို့ ထိတ်လန့်နေမှာမဟုတ်ကြောင်း ယူကရိန်းသမ္မတ'ဇဲလန်စကီ'က သောကြာနေ့ကပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ညှိနှိုင်းရာမှာ လုံခြုံရေးအာမခံချက်တွေရရှိဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့တဲ့အပြင် ယူကရိန်းတို့စစ်ရေးအကူအညီမရရှိဘဲ ရုရှားနဲ့ရင်ဆိုင်နေရတဲ့အခြေအနေအပေါ် အနောက်နိုင်ငံကိုလည်း အပြစ်တင်စွပ်စွဲလိုက်ပါတယ်။
ယခုနံနက်အစောပိုင်းမှာ မြို့တော်ကိဗ်ကနေ 'ဇဲလန်စကီ'က အနောက်နိုင်ငံရှိ နိုင်ငံရေးမိတ်ဖက်များနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံအနေနဲ့ ကျဉ်းထဲကျပ်ထဲအန္တရာယ်ရောက်နေကြောင်း အသိပေးခဲ့ပါတယ်။
"ခင်ဗျားတို့က ကျွန်တော်တို့ဘက်မှာရှိမှာလားလို့ မေးခဲ့ပါတယ်။ ယူကရိန်းဘက်မှာရှိနေမယ်လို့ သူတို့ပြန်လည်ဖြေကြားခဲ့ကြပေမယ့် ယူကရိန်းကို မဟာမိတ်အဖွဲ့ထဲ မခေါ်ချင်ကြပါဘူး။ ယူကရိန်းကို နေတိုး(NATO)အဖွဲ့ထဲ ဝင်ခိုင်းမှာလားလို့ ၂၇ နိုင်ငံကခေါင်းဆောင်တွေကို တိုက်ရိုက်မေးကြည့်တဲ့အခါ အားလုံးကစိုးရွံနေကြတဲ့ပုံပါပဲ" လို့ 'ဇဲလန်စကီ'က ဖွင့်ဟလိုက်ပါတယ်။
"အခုဆိုရင် ကျွန်တော်နိုင်ငံပဲ ဒီအတိုင်းကျန်နေပါတော့တယ်။ ကျွန်တော်တို့အတွက် ဘယ်သူတွေကစစ်ဝင်တိုက်ခိုက်ပေးမှာလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမှမရှိပါဘူး။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်သတ်မှတ်ဖို့ ဘယ်သူကအာမခံချက်ပေးမှာလဲ။ အားလုံးက စိုးရွံနေကြပါတယ်" လို့ 'ဇဲလန်စကီ'က ဖြည့်စွက်ပြောကြားသွားပါတယ်။
ကြာသပတေးနေ့က ယူကရိန်းနိုင်ငံထဲသို့ ရုရှားတပ်များဝင်ရောက်လာခဲ့ပြီး ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က ယူကရိန်းစစ်တပ်အချက်အခြာနေရာတွေနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို ချေမှုန်းဖို့ စစ်ဆင်ရေးကြေညာခဲ့ပါတယ်။
ယူကရိန်းအစိုးရအနေနဲ့ ကြားနေရေးကိစ္စဆွေးနွေးဖို့သဘောတူမယ်ဆိုရင် ညှိနှိုင်းပြောဆိုဖို့ လက်ခံစဉ်းစားပေးမှာဖြစ်ကြောင်း ရုရှားက အသိပေးထားပါတယ်။
'ဇဲလန်စကီ'ကသောကြာနေ့မှာ တုန့်ပြန်ဖြေကြားရာ ယူကရိန်းရဲ့ကြားနေရေးအခြေအနေအကြောင်း ပြောဆိုဖို့အသင့်ရှိနေပြီး ပြင်ပအဖွဲအစည်းမှ လုံခြုံရေးအာမခံချက်ရရှိဖို့လည်း လိုအပ်ကြောင်းပြောဆိုလိုက်ပါတယ်။
"ကျွန်တော်တို့အတွက်လုံခြုံရေးအာမခံချက်တွေအကြောင်း၊ ကြားနေရေးကိစ္စအကြောင်းတွေကို ရုရှားနဲ့တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ကြောက်ရွံနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့အခုကျွန်တော်တို့က နေတိုးအဖွဲ့ဝင်မဟုတ်တော့ ဘာလုံခြုံရေးအာမခံချက်ပေးနိုင်မှာလဲ။ ဘယ်နိုင်ငံက အာမခံပေးမှာလဲ" လို့ ဆိုလိုက်ကာ ရုရှားတို့စစ်ရေးတိုက်ခိုက်လာမှုကို ဆွေးနွေးညှိနှိုင်းပြီး အဆုံးသတ်ရမှာဖြစ်ကြာင်း ပြောကြားလိုက်ပါတယ်။
ယူကရိန်းတို့ရဲ့ကြားနေရေးအခြေအနေနဲ့ စစ်ရေးလက်နက်တပ်ဆင်ထားရှိဖို့ ငြင်းဆိုမှုတွေကို 'ပူတင်'ကသည်းမခံနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်ဆုံးဖြတ်ချက်က ယူကရိန်းတို့အပေါ်သာမူတည်ကြောင်း ရုရှားစစ်အစိုးရမှပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က ကြာသပတေးနေ့က အသိပေးပြောကြားလိုက်ပါတယ်။
Source: RT
Published 24 February 2022
ယူကရိန်းမှာ လက်ရှိနေတိုးတပ်တွေမရှိသလို တပ်ချထားဖို့လည်းအစီအစဉ်မရှိဘူးလို့ နေတိုးအဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တင်ဘတ်ကပြောလိုက်ပါတယ်။ သူက ဒါဟာ သွေးအေအေးနှင့် အချိန်ယူစီစဉ်ထားတဲ့ ကျူးကျော်မှုလို့လည်း ပြောလိုက်ပါတယ်။
Source AFP
Published 24 February 2022
ယူကရိန်းက ရုရှားနှင့်သံတမန်အဆက်အသွယ်ဖြတ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုသို့သံတမန်ဆက်သွယ်မှု အားလုံးဖြတ်တောက်လိုက်ခြင်းအပေါ် အံအားတသင့်မဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ရုရှားဟာ ဒီရွေးချယ်မှုကိုလုပ်ခဲ့တာမဟုတ်ဘဲ ယူကရိန်းခေါင်းဆောင်မှုရဲ့ “ရုရှားကြောက်စိတ်မူဝါဒ”အပေါ်ယုတ္တိတန်တဲ့ ကောက်ချက်ချမှုလို့ ရုရှားက သဘောထားပါတယ်လို့ပြောပါတယ်။
၂၀၁၄ခုနှစ်မှာ ရွေးကောက်ခံသမ္မတ ဗစ်တာယန်နူကိုဗစ်ကို ဖြုတ်ချပြီးကတည်းက ယူကရိန်းမှာနေထိုင်တဲ့ ရုရှားတိုင်းရင်းသားတွေကို ယူကရိန်းဟာ ခွဲခြားဆက်ဆံမှုတွေနှင့်လုပ်ပြီး ရုရှားနှင့်ဆက်ဆံရေးကိုချပစ်တယ်လို့ ဝန်ကြီးဌာနကပြောပါတယ်။
ကြာသပတေးနေ့မနက်မှာ မော်စကိုက စစ်ဆင်ရေးစတင်ပြုလုပ်ပြီးနောက် ယူကရိန်းသမ္မတက ရုရှားနှင့် သံတမန်အဆက်အသွယ်အားလုံးဖြတ်တောလိုက်တယ်လို့ ဒီမနက်မှာကြေညာခဲ့ပါတယ်။ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကတော့ ရည်မှန်းချက်ဟာ ယူကရိန်းကို စစ်မဲ့နယ်မြေနှင့် နာဇီလွှမ်းမိုးမှုချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းဟာ နောက်ဆုံးပေါ်လက်နက်တွေနှင့်အင်အားမြှင့်တင်ပေးပြီး နိုင်ငံအတွင်း နေတိုး တည်ရှိဖို့အရှိန်မြှင့် ကြိုးစားနေတယ်လလို့ ပူတင်ကစွပ်စွဲပြောဆိုလိုက်ပါတယ်။
စစ်ရေးတိုက်ခိုက်မှုဟာ အနာဂတ်မှာ သွေးချောင်းစီးမယ့်အရေးကာကွယ်ဖို့ လိုအပ်လို့လုပ်ရတာဖြစ်တယ်လို့ ရုရှား ခေါင်းဆောင်ကပြောပါတယ်။
Source RT
Published 24 February 2022
ရုရှားဟာ ယူကရိန်းနယ်စပ်ကျော်ပြီး စစ်ရေးတိုက်ခိုက်မှုတွေလုပ်ဆောင်လိုက်တဲ့အတွက်
ယူကရိန်းနိုင်ငံ ချုဟစ်မြို့ Chuhuivက လူနေအဆောက်အအုံတစ်ခု လက်နက်ကြီးတွေနှင့်အပစ်ခံရလို့
ဒေသခံတွေက စိတ်အားငယ်နေကြပါတယ်။
အိမ်တွေပျက်စီးသွားပြီး လမ်းပေါ်မှာ စောင်လွှမ်းခြုံထားတဲ့ အလောင်းတစ်လောင်းတွေ့ရပါတယ်။
Source AFP
Page 209 of 221