Published_2 Septmber 2022
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နှင့် ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ ကို နစက က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
စက်တင်ဘာလ ၁ ရက် ကြာသပတေးနေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ ရုံးထုတ်ကြားနာပြီး စက်တင်ဘာလ ၂ ရက် (ယနေ့)တွင် ထောင်ဒဏ် တစ်နှစ်စီ အသီးသီး ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်တွင် လိပ်စာပြောင်းလျှောက်ထားရန် ပျက်ကွက် သဖြင့် ဗြိတိန်နိုင်ငံသူ သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း နစက အနေဖြင့် သတင်းထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။
မစ္စဗစ်ကီဘိုးမန်း၏ ဗီဇာနေထိုင်ခွင့်သက်တမ်းမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်အထိဖြစ်ပြီး စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာတွင် နေထိုင်ရမည့် မှတ်ပုံတင်လက်မှတ်ကို မတ်လ ၉ ရက်က ထုတ်ပေးခဲ့ကြောင်း၊သို့သော်လည်း
ယင်းတို့နှစ်ဦး က ထုတ်ပေးသည့် နေရပ်လိပ်စာတွင် မနေဘဲ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိဦးထိန်လင်း၏ နေအိမ်၌ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်ထိ နေထိုင်သည့်အတွက်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မစ္စဗစ်ကီဘိုးမန်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်ခဲ့ကာ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းကို ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေအပေါ် ဆန့်ကျင်လျက် ဇနီးဖြစ်သူ၏နေရပ်လိပ်စာပြောင်းရွှေ့နေထိုင်မှုကိုသိသော်လည်း ဆက်လက်နေထိုင်ရန် ကူညီအားပေးအားမြှောက်ပြုခဲ့ခြင်းကြောင့် ပုဒ်မ ၁၃(၅) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ygm/mt
Yangon_Media_Group
Published 31 Aug 2022
အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ သူ့ရုံးက ဩဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
သူ့ကို အမျိုးသား နှလုံးဆေးရုံကို တင်လိုက်ပြီး ဆရာဝန်အဖွဲ့ရဲ့ညွှန်ကြားချက်အတိုင်း နောက်ရက်အနည်းငယ်အထိ အဲဒီမှာ စောင့်ကြပ်ကြည့်ရှုနေမေယ်လို့လည်း သတင်းထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
နှလုံးရောဂါရာဇဝင်ရှိနေတဲ့ ဒေါက်တာမဟာသီယာဟာ ဇန်နဝါရီ (၈)ရက်က ဆေးကုသရေးလုပ်ငန်းစဉ်အချို့ လုပ်ဆောင်ပေးခဲ့ရပြီး အဲဒီလကုန်ပိုင်းမှာ ဆေးရုံတစ်ခါပြန်တက်ခဲ့ရပါသေးတယ်။ သူဟာ ဖေဖော်ဝါရီမှာ ဆေးရုံက ဆင်းခဲ့ပါတယ်။
“ကျွန်တော့်အတွက်တော့ ဒါဟာ ဆန်းကြယ်မှုပဲ။ အသက်ရှင်ဖို့ ကျွန်တော်မမျှော်လင့်ဘူး။ ကျွန်တော်သိပ်အသက်ကြီးနေပြီး ရောဂါပြင်းထန်တာက နှလုံးကိုထိခိုက်နေတာကြောင့် သေမယ်လို့ပဲ ထင်ထားတာ” လို့ သူက ဆေးရုံက ဆင်းစဉ်မှာပြောခဲ့ပါတယ်။
သူဟာ မလေးရှားရဲ့ ကာလအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ သူဟာ နှစ်ပေါင်း ၂၄နှစ် ဝန်ကြီးချုပ်လုပ်ခဲ့ပြီး လက်ရှိ အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
Source: Straits Times
#Mahathir_Mohamad
#Malaysia_Former_PM
#Malaysia_Politics
Published 31 Aug 2022
ဆော်ဒီအာရေဗျ တရားရုံးတစ်ခုက ဆိုရှယ်မီဒီယာမှာ ပို့စ်တွေတင်တဲ့ အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၄၅ နှစ် ချခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စုတစ်စုက ပြောတဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆော်ဒီအာရေဗျကို လာရောက်လည်ပတ်ပြီးနောက်ပိုင်းမှာ လှုပ်ရှားတက်ကြွသူ အမျိုးသမီးတစ်ဦးတွေကို နှိပ်ကွပ်ရာမှာ ဒါဟာ နောက်ဆုံးနမူနာတစ်ခုဖြစ်တယ်လို့ သူတို့ကပြောပါတယ်။
ဆော်ဒီအထူးရာဇဝတ်တရားရုံးက နိုရာဘင့် ဆာအက်အယ်လ် ကွာတနီဟာ ဆော်ဒီရဲ့ လူမှုအဆောက်အအုံကို ဆုတ်ဖြဲပစ်ဖို့ အင်တာနက်ကိုသုံးခဲ့တယ်လို့ တရားရုံးကပြောပါတယ်။ ပြီးတော့ သူမဟာ ဆိုရှယ်မီဒီယာသုံးပြီး အများပြည်သူဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ဝါရှန်တန်အခြေစိုက် ဒေါင်း DAWN အဖွဲ့အစည်းက တရားရုံးစာရွက်စာတမ်းတွေကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဆော်ဒီအစိုးရမီဒီယာက ရိုက်တာရဲ့ မေးမြန်းချက်ကို မတုန့်ပြန်ဘူးလို့ သတင်းမှာရေးသားထားပါတယ်။
ဆဲလ်မာ အယ်လ်ရှီဟက်ဆိုတဲ့ ကလေးနှစ်ယောက်မိခင်နှင့် ဗြိတိန်လိဒ်တက္ကသိုလ်ဒေါက်တာဘွဲ့ရ အမျိုးသမီးတစ်ဦးဟာ ကွာတနီမတိုင်ခင်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က သဘောထားကွဲလွဲသူတွေနှင့် လှုပ်ရှားတက်ကြွသူတွေရဲ့ တွစ်တာပို့စ်တွေကို ဖော်လို လုပ်တာ ပြန်ပြီး ဖော်ပြ ရီတွိလုပ်တာတွေလုပ်ခဲ့လို့ ထောင်ဒဏ် ၃၅ နှစ် ကျခံခဲ့ရပါသေးတယ်။
အမေရိကန်လူ့အခွင့်အရေးအုပ်စု DAWN က ကွာတနီဟာ ဘယ်လိုပို့စ်တွေရေးခဲ့တယ်ဆိုတာ သိပ်မသိတဲ့အတွက် သူ့အမှုကို ဆက်လက်လေ့လာစုံစမ်းမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ်။
Source: Reuters
#Saudi_Arabia
#Saudi_woman
#Social_media
Published-31 Aug 2022
စစ်အေးတိုက်ပွဲကို သွေးထွက်သံယိုမှုမရှိ အဆုံးသတ်နိုင်ခဲ့ပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတာကို ဟန့်တားနိုင်စွမ်း မရှိခဲ့တဲ့ မီခေးလ်ဂေါ်ဘာချော့ဗ်ဟာ အသက်၉၁နှစ်အရွယ် မှာ အင်္ဂါနေ့က ကွယ်လွန်ခဲ့တယ်လို့ မော်စကိုက ဆေးရုံအရာရှိ တွေကပြောပါတယ်။
ဆိုဗီယက်ရဲ့ နောက်ဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ အမေရိကန်ပြည်ထောင်စုနှင့် လက်နက်ယှဉ်ပြိုင်မှုလျော့ချနိုင်ခဲ့ပြီး အနောက်နိုင်ငံတွေနှင့် မိတ်ဖက်လုပ်ကာ ဒုတိယကမ္ဘာစစ်ကတည်းက ဥရောပကိုပိုင်းခြားခဲ့တဲ့ သံမဏိလိုက်ကာကြီးကို ဖယ်ရှားနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ ဂျာမနီပြန်လည်ပေါင်းစည်းရေးကိုလည်း ဆောင်ကြဉ်းနိုင်ခဲ့သူပါ။
ဒါပေမယ့် သူ့ရဲ့ပြည်တွင်းပြုပြင်ပြောင်းလဲမှုဟာ သမ္မတပူတင်က “နှစ်ဆယ်ရာစုရဲ့ အကြီးကျယ်ဆုံး နိုင်ငံရေး ကပ်ဘေးကြီး” လို့ ဆိုခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ချိနဲ့သွားစေပြီး ပြိုလဲပျက်စီးသွားစေခဲ့ပါတယ်။
“မီးခေးလ်ဂေါ်ဘာချော့ဗ်ဟာ ပြင်းထန်ပြီး နာတာရှည်ဖြစ်နေတဲ့ရောဂါတစ်ခုနှင့် ကွယ်လွန်သွားပါတယ်” လို့ ရုရှား ဗဟိုဆေးရုံကြီးက ပြောပါတယ်။
ပူတင်က သူ့ရဲ့ အနက်ရှိုက်ဆုံးဝမ်းနည်းကြေကွဲမှုကို ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့က အင်တာဖက်သတင်းဌာနကိုပြောပါတယ်။ မနက်ဖန်မှာ သူ့မိသားစုနှင့်မိတ်ဆွေများထံ ဝမ်းနည်းကြောင်း သတင်းစကား တယ်လီဂရမ်နှင့်ပါးပါလိမ့်မယ်” လို့ သူကပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက သူ့သေဆုံးမှုအတွက် ချက်ခြင်းပဲ သူ့ကိုသတိတရစကားတွေပြောဆိုခဲ့ကြပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယင်က ၁၉၉၀ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂေါ်ဘာချော့ဗ်ဟာ လွတ်လပ်တဲ့ ဥရောပကို လမ်းဖွင့်ပေးခဲ့သူလို့ ချီးကျူးလိုက်ပါတယ်။
ဆိုဗီယက်လူ့အဖွဲ့အစည်းကို ဖွင့်ပေးလိုက်တဲ့ မမောမပမ်းနိုင်တဲ့ ကတိကဝတ်တွေဟာ ယခုတိုင် ကျွန်တော်တို့အားလုံး အတွက် နမူနာတစ်ခုဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ကပြောပါတယ်။
ယခုအထိတော့ အမေရိကန်နှင့်အိမ်ဖြူတော်ထံက ဘာတစ်ခုမှတုန့်ပြန်မှုမရှိသေးပါဘူး။
Source Reuters
#Mikhail_Gorbachev
#Mikhail_Gorbachev_died
#Soviet_Union




Published_29 August 2022
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်ကို ဩဂုတ်လ ၂၂ ရက်တွင် ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် ထွန်းထွန်းဟန်(ခ)ဝသုန် အား ၆၀ မမ စိန်ပြောင်း ၁ လက်နှင့်အတူ ဩဂုတ်လ ၂၃ ရက်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်း၊ ဘိုကလိုလမ်းသွယ်ရှိ STAR FAMILY တည်းခိုခန်း၌ ဖမ်းဆီးရမိခဲ့ကြောင်း နစက အနေဖြင့် ထုတ်ပြန်လိုက်သည်။
ယင်း၏ထွက်ဆိုချက်အရ ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ကင်းစုရပ်ကွက်၌ ပြည့်ဖြိုးပိုင်နှင့် မျိုးဇော်လင်း တို့အားလည်းကောင်း၊ ယင်းနေ့ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းအနီးရှိ (ဌ)ဈေး၌ အောင်ဇော်မြင့်(ခ)စစ်နိုင်နှင့် သန့်စင်တို့အား လည်းကောင်း၊ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ သရဖီလမ်း၌ မျိုးမင်းဇော်(ခ)ပါကျဲ အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်း၌ နေထိုင်သည့် ဆက်စပ်တရားခံ ထိန်လင်း၏နေအိမ်ကို သွားရောက်ရှာဖွေခဲ့ရာ ထိန်လင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး သံသယတရားခံများဖြစ်သည့် သူဇာသင်းနှင့် ဉာဏ်ထက်ဇံ တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ယင်းကြောင့် စုစုပေါင်း အမျိုးသားကျား ၇ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းတို့အဖွဲ့အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဧပြီလ ၁၀ ရက်တွင် ကမာရွတ်မြို့နယ်၊ အင်းလျားလမ်းပေါ်ရှိ ဇော်ဂျီလမ်း လုံခြုံရေးဂိတ်ကို လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ဇူလိုင်လ ၁၉ ရက်တွင် လှိုင်မြို့နယ်၊ ဘူတာရုံအနီးရှိ ရထားလမ်းလွှဲပြုလုပ်သော Control Box ကို လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် ဖောက်ခွဲဖျက်ဆီးခြင်းတို့ကိုလည်း ကျူးလွန်ခဲ့ကြကြောင်း ထွက်ဆိုထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group




Published_ 29 Aug 2022
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ(RCSS) အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ဒီကနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံရာ၌နစကဥက္ကဌက စည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေး မျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမယ့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

ထို့နောက် RCSS အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး၊ ပြည်သူလူထုတို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင် ပဋိပက္ခ နှင့် အကြမ်းဖက်မှုများပပျောက်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးကြပါတယ်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နစကဉက္ကဌက နိုင်ငံတော်ရဲ့ ပထဝီဝင် အနေ အထားအရ အရေးပါမှုနှင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး ဆောင်ရွက်နေတဲ့ အခြေအနေများ၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်တဲ့နိုင်ငံ အများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးဆောင်ရွက်ရန်လိုအပ်တဲ့ အခြေအနေများ၊ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပြည့်စုံရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာတတ်များ ပေါကြွယ်ဝမှ သာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိတဲ့ အခြေအနေများ၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိတဲ့ အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group

Page 204 of 274