#Daily_News
Published 3 March 2025
၁။ ကမ္ဘာ့ရွှေဈေးကျခြင်းနှင့် အထည်ပျက်ရောင်းချမှုများလာခြင်းကြောင့် ရွှေဈေးကျလာ
၂။ နာနတ်လျှော်စိုက်ပျိုးထုတ်လုပ်ရန် မြေနေရာနှင့်နည်းပညာပေးမည်
၃။ ကပ်ရောဂါအသွင်ဖြစ်ပွားနိုင်၍ အသည်းရောင်အသားဝါ(အေ)ရောဂါကြိုတင်ကာကွယ်ရန်သတိပေး
၄။ တရုတ်ပြည်မှတစ်ပတ်ရစ်ကားများ ပြည်ပတင်ပို့မှုတိုးတက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တစ်လကျော်ဆက်တိုက်ကျဆင်းခဲ့တဲ့ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ ယခုအပတ်ကစပြီး တည်ငြိမ်လာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ပေးနေတဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 3 March 2025
#စားအုန်းဆီ #ရည်ညွှန်းဈေးနှုန်းတည်ငြိမ်
#YMG/SW #Yangon_Times
အသည်းရောင်အသားဝါ(အေ)ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်စေသလို ကပ်ရောဂါအသွင်လည်းဖြစ်ပွားနိုင်တာကြောင့် ကြိုတင်ကာကွယ်ကြဖိုကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
#Local_News
Published 3 March 2025
#အသည်းရောင်အသားဝါ(အေ) #ကပ်ရောဂါအသွင်
#YMG/NN #Yangon_Times
ပြည်ပဈေးကွက်ဝင် နာနတ်လျှော်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လိုသူတွေအတွက်မြေလွတ်၊ မြေရိုင်းတွေနဲ့ နည်းပညာတွေ ရရှိစေဖို့ ကူညီပေးမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 3 March 2025
#နာနတ်လျှော်စိုက်ပျိုးထုတ်လုပ် #မြေနေရာနှင့်နည်းပညာပေး
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းနဲ့အတူ ပြည်တွင်းရွှေဈေးကွက်မှာ အထည်ပျက်ပြန်လည်ရောင်းချမှုများလာတာတွေကြောင့် မြန်မာ့ရွှေဈေးလိုက်လံကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က Yangon-Times ကိုပြောပါတယ်။
#Local_News
Published 3 March 2025
#ကမ္ဘာ့ရွှေဈေးကျ #အထည်ပျက်ရောင်းချမှုများလာ
#YMG/SW #Yangon_Times
#Local_News
Published 2 March 2025
▪️ စိုက်ပျိုးသူ တောင်သူများအဓိကသုံးစွဲနေသည့် မြေသြဇာ ၄ မျိုး၏ မတ်လအတွက်ရည်ညွန်းဈေးများ ကို ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ အဆိုပါ တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ ၄ မျိုးအတွက် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေးတွေကို သတ်မှတ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
▪️ ထိုသို့ ထုတ်ပြန်ရာတွင်ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၅,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
▪️ ထို့အပြင်ဒေသအလိုက် သယ်ယူစရိတ်များ အပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းများအတိုင်း မရောင်းချပါက တိုင်ကြာင်းနိုင်ကြောင်း အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 March 2025
▪️ အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၂ ရက်နေ့အထိကျင်းပမည့် IRANEXPO 2025 (7th Edition) သို့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များတက်ရောက်ပါက ကုန်ကျစရိတ်များအီရန်ဖက်မှ ပံ့ပိုးကျခံပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသည် ခေတ်မီဆန်းသစ်မှုများ ရှာဖွေရန်၊ စက်မှုခေါင်းဆောင်များအကြား ချိတ်ဆက်မှုနှင့် ကမ္ဘာတစ်ဝှမ်းမှ ကွဲပြားသောယဉ်ကျေးမှုများ လေ့လာရန်တို့အတွက် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ရာ ပါဝင်တက်ရောက်သူများအတွက် ၄ ညအိပ် ၅ ရက်စာ တည်းခိုနေထိုင်ရေး၊ စားသောက်စရိတ်၊ မြို့တွင်းသွားလာရေးနှင့် စကားပြန် ဝန်ဆောင်မှုများကို အီရန်ဘက်မှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် http://www.iranexpo.co/2025/vr တွင် လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလိုသည်များအား WhatsApp No. +66 646 411 089 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အပြင်မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail:
#YMG/SW #Yangon_Times
Page 530 of 2422