#Daily_News
Published 5 March 2025
၁။ ရွှေဓာတ်ခွဲခန်းများကို ရန်ကုန်အပြင် အခြားမြို့ကြီးများတွင်လည်း ဖွင့်လှစ်ရန်ရှိ
၂။ မုံရွာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ဆောင်ရွက်နေ
၃။ နွေရာသီအပူချိန်လျော့ကျနိုင်သော်လည်း Heat-stroke ဖြစ်နိုင်၍ သတိပြုရန်လိုအပ်
၄။ BYD လျှပ်စစ်ကားနှင့် DJI ကုမ္ပဏီတို့ပူးပေါင်း၍ ဒရုန်းတပ်ဆင်ကားစနစ်ဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 November 2024
▪️ ဧရာဝတီတိုင်းတွင် ယနေ့မနက်ပိုင်းက ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့အနီး၌ ယနေ့ နေ့လယ်ပိုင်းတွင် ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ရာတစ်ရက်တည်းတွင် ငလျင်ငါးကြိမ်လှုပ်ခတ်ခဲ့ ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၆) မိနစ်၊ (၃၅) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၆၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၇) ဒီဂရီ၊ အနက် (၆၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိ ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့မနက်အစောပိုင်းကလည်း ညောင်တုန်းမြို့ကိုဗဟိုပြုပြီးငလျင်(၄)ကြိမ်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ဧရာဝတီတိုင်း၌လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ စိမ်းမြကန်သာ ဘုရားကြီး အက်ကြောင်းဖြစ်၍ မှန်ကွဲကြေကာ မုဒ်ဦးထိသွား ကြောင်း ၊ ၁၀၈တောင်စေတီဟောင်းမှာမူ သုံးပုံတပုံပြိုကျ၍ လူအထိအခိုက်မရှိကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းများအရ သိရသည်။
▪️ သို့သော် မအူပင်မြို့ အမှတ် ၁ ရပ်ကွက် ၌ ဂိုဒေါင်ပြိုကျမှုဖြစ်ပွားခဲ့ရာ ဂို ဒေါင်အနီးတွင် နေထိုင်သူ သုံးဦးထိခိုက်ဒဏ်ရာအနည်းငယ်ရရှိ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 March 2025
▪️ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ Ocean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ဗဟန်းမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာOcean စျေးဝယ်စင်တာ ခန်းမ၌ယနေ့ကျင်းပသော အခမ်းအနားတွင် ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အစားအသောက်နှင့်ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကိုရှင်းပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Ocean စျေးဝယ်စင်တာရှိ ဆိုင်ခန်းပေါင်း(၃၂)ခန်းတို့တွင် အစားအသောက် ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဉ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask Cap ၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ်အတွက် အာဆီယံဆုတွေပေးအပ်ဖို့ အဆိုပြုလွှာတွေ စတင် ခေါ်ယူနေပြီလို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သိရပါတယ်။
#Local_News
Published 5 March 2025
#အဆိုပြုလွှာခေါ်ယူ #အာဆီယံဆု
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 5 March 2025
#မုံရွာသင်္ကြန်ပွဲတော် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
နိုင်ငံတကာအဆင့်မီ ရွှေဓာတ်ခွဲခန်းတွေကို ရန်ကုန်အပြင်အခြားနယ်မြို့ကြီးတွေမှာလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 5 March 2025
#ရွှေဓာတ်ခွဲခန်း #ရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
အခု၂၀၂၅ ခုနှစ်နွေရာသီအပူချိန်ဟာ ယမန်နှစ်ထက်လျော့ကျနိုင်ပေမယ့် Heat-stroke ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ လိုအပ်တယ်လို့မိုးလေဝသပြင်ပ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
#Local_News
Published 5 March 2025
#Heat-stroke #နွေရာသီအပူချိန်လျော့ကျနိုင်
#YMG/NN #Yangon_Times
Page 527 of 2422