#Daily_News
Published 7 March 2025
၁။ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းကျော်တင်ပို့ထားပြီး ဘင်္ဂလားဒေ့ရှ်သို့ ဆန်အများဆုံးတင်ပို့
၂။ တရားမဝင်ကုန်စည် သန်း ၅၅၀၀ တန်ဖိုးခန့်ဖမ်းမိခဲ့ပြီး သန်း ၁၁၀၀ ခန့် ဆုပြန်လည်ချီးမြှင့်မည်
၃။ ကလေးပျော်စင်တာများကို ရခိုင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ထပ်မံဖွင့်လှစ်
၄။ ဂျပန်နိုင်ငံအိုဖုနာတိုကမ်းရိုးတန်းမြို့၌ တောမီးကူးစက်လောင်ကျွမ်းနေသဖြင့် ထွက်ပြေးတိမ်းရှောင်သူအရေအတွက်တိုးများလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရတဲ့ မိသားစုများမှ ကလေးငယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့အတွက် ရည်ရွယ်ပြီး ကလေးပျော်စင်တာတွေကို ဖွင့်လှစ်ပေးလျှက်ရှိရာမှာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ထပ်မံဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 7 March 2025
#ကလေးပျော်စင်တာ #မကွေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်အတွက် ဒီတစ်ပတ်စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းတွေကတော့ ဆီအမျိုးအစားအားလုံး တစ်လီတာကို၈၀ ကျပ်ဝန်းကျင်အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 7 March 2025
#စက်သုံးဆီစျေးကျဆင်း #ရည်ညွှန်းဈေးနှုန်း
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းတရားမဝင်ကုန်စည်သန်း ၅၅၀၀ ဖိုးခန့် ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရပါတယ်။
#Local_News
Published 7 March 2025
#တရားမဝင်ကုန်စည်သန်း၅၅၀၀ဖိုးဖမ်းမိ #ဆုပြန်လည်ချီးမြှင့်
#YMG/SW #Yangon_Times
အခု ဘဏ္ဍာနှစ် ၁၁လအတွင်းပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာသန်း ၁၀၈၀ ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂၃သိန်းကျော်တင်ပို့ထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်ကို ဆန်အများဆုံးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 7 March 2025
#ဘင်္ဂလားဒေ့ရှ်သို့ ဆန်အများဆုံးတင်ပို့ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 7 March 2025
▪️ မြန်မာမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 March 2025
▪️ ပင်လယ်အတွင်း လှိုင်းတက်၍ မြန်မာ သင်္ဘောသားသုံးဦး မတော်တဆ ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံပင် လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှ သိရသည်။
▪️ အဆိုပါ မြန်မာသင်္ဘောသားများသည် Main Deck ပေါ်တွင် အလုပ်လုပ်ကိုင်နေစဉ် လှိုင်းတက်လာသောကြောင့် မတော်တဆထိခိုက်မူဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စုစုပေါင်း သုံးဦး ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သင်္ဘောပေါ်တွင် အလုပ်လုပ်မည့်သင်္ဘောသားများအန္တရာယ်ကင်းရှင်းစေရန် Operation Level ၊ Supporting Level ၊ Management Level စငည့် Level အားလုံး တွင် တာဝန်ရှိကြောင်း ဆိုထားသည်။
▪️ အဆိုပါ မြန်မာသင်္ဘောသားများမှာ လက်ရှိတွင် ပြည်ပနိုင်ငံတစ်ခု၌ ဆေးကုသမှုခံယူနေခြင်းဖြစ်ကာ ဒဏ်ရာအားလုံးသက်သာကောင်းမွန်လာဖို့ အချိန်ထပ်မံ ယူရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 524 of 2422