#Local_News
Published_28 Feb 2025
▪️ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR ကို ယနေ့ ဖေဖော် ဝါရီလ ၂၇ ရက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ၏ ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး ဘဏ်များအကြားကွဲပြားသည့် မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ပေးသူများအကြား မြန်မြန်ဆန်ဆန်ချိတ်
ဆက်ဆောင်ရွက်နိုင်မည့် စနစ်တစ်ခုလိုအပ်သောကြောင့် ကြူအာကုတ်ကို မြန်မာနိုင်ငံ အမျိုးသားစံသတ် မှတ်ချက်အဆင့် အသုံးပြုပြီး အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာ ကြူအာ(MMQR) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၊ ကျောက်စိမ်းခန်း မ၌ ပြု လုပ်သည့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင် အသုံးပြု ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR)ကို ယခုကဲ့သို့ တည်ထောင်နိုင်သည့် အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ငွေရေးကြေးရေး ဆိုင်ရာလုပ်ငန်း များနှင့် ငွေလွှဲပြောင်းပေးပို့မှုများကို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံများနည်းတူ ရင်ဘောင်တန်း ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ် စီးပွားရေးအ ဆောက်အအုံ ဖွံ့ဖြိုးလာရန်အတွက် တွန်းအားပေးသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ နည်းပညာ တိုးတက်လာသည်နှင့်အတူ ယခုကဲ့သို့ စနစ်တကျ အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေး နိုင်သည်နှင့်အမျှ တစ်ဘက်တွင်လည်း အွန်လိုင်းလိမ်လည်မှုများ မဖြစ်အောင် စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။
▪️ ငွေပေးချေမှုစနစ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုစနစ်တစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR) ဒစ်ဂျစ်တယ်ငွေပေးချေ မှုချိတ်ဆက်စနစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်ခဲ့ကြကြောင်းလည်း သိရသည်။
▪️ နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကြူအာ ကုတ်အမျိုးမျိုး ကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲ ပြောင်းပေးချေမှုများကို စရိတ်သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကြူအာ (MMQR) ကနေတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံ အဆင့်ဆင့်ကိုလည်း သုံးစွဲသူပြည်သူများ ရှင်းရှင်းလင်းလင်း နားလည် အသုံးပြုနိုင်အောင် အသိပညာပေးသွားရန် လိုအပ်ကြောင်း။ မြန်မာကြူအာ(MMQR)ကို အသုံးပြုခြင်းအားဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းမရှိသေးသူများ သာမက ရှိပြီးသားသူများကိုပါ ငွေရေးကြေးရေး စနစ် တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကိုရယူနိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်မည်လည်း ဖြစ် ကြောင်း၊ ထို့ပြင်မ တူညီသည့် ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ်များ၊ မတူညီသည့် ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့် အသုံးပြုသူများအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများတွင် လျင်မြန်လွယ်ကူပြီး ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
▪️ အလားတူ မြန်မာကြူအာ (MMQR)အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီး သွား လုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင် ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက် သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန် ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းများ စုံစုံလင်လင်ပါဝင်လာနိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ၂၀၁၁ ခုနှစ်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များပါဝင်သည့် မြန်မာငွေပေးချေမှု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် ငွေသားကိုင်တွယ်ရန် မလိုဘဲ ကတ်ဖြင့်အဆင်ပြေချောမွေ့စွာပေးချေနိုင်ရေးအတွက်ပြည်တွင်းဘဏ်များက ထုတ်ဝေသည့် မြီစားကတ်၊ အကြွေးဝယ်ကတ်များအပြင် အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုကတ်များကိုပါ စနစ် တကျသုံးစွဲခဲ့ကြောင်း သိရသည်။
▪️ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအကြား ငွေပေးချေမှု ကွန်ရက်စနစ်ကို တည် ထောင် ခဲ့ပြီး ငွေပမာ ဏကြီးမားသည့် အခွန်ပေးဆောင်မှုများကို ပြည်တွင်းဘဏ်များကတစ်ဆင့်ပေးချေနိုင်ရေး ဆောင် ရွက်ပေး ခဲ့ကြောင်းလည်း သိရသည်။
▪️ ပြည်တွင်း၌မိုဘိုင်းသုံးစွဲမှုတိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရရှိသေးသည့်ဒေသက ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု များကို ရရှိရန်လိုအပ်သောကြောင့်ဒစ်ဂျစ် တယ်ပေးချေမှု နည်းလမ်းများကို အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက် ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင် မှုလုပ်ငန်း၊ မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ အမိန့် များ ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ယင်းတွင်မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်း လစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစား ချေးငွေ ထုတ်ချေးခြင်းနှင့် ကောက်ခံခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက အသေးစားငွေပေးချေမှုများ အ တွက်လည်း စနစ်တကျခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
#Yangon_Times/PP
#Local_News
Published_28 Feb 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်အား PDF များက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက် ပံ့ခြင်း မရှိသဖြင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၈နာရီချိန်ခန့်တွင် ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တ နန္ဒိယ သက်တော် ၈၅ နှစ်(ဝါတော် ၄၅) သည် ကျောင်း အတွင်း တစ်ပါးတည်းရှိနေစဉ် PDF အမည်ခံအ ကြမ်း ဖက်သမားများရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေး ထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်းမရှိသဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်တွင် ဦးခေါင်းကျည် ဖောက်ဝင် ဒဏ်ရာ ဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အဆိုပါကျောင်းတိုက် အနီးရှိ ကုန်စုံဆိုင်ကိုလည်း ၎င်းတို့၏ လုပ်ရပ်များအပေါ် တိုင်ကြားမှုမပြု လုပ်နိုင်ရန် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
နေပြည်တော်၊ ဖေဖော်ဝါရီလ- ၂၈
▪️ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီး ကုန်း ကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်း အတွင်း သို့ PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သမား များမောင်းနှင်သည့် Drone ယာဉ် ၁ စီးက ရွှေဘိုမြို့နယ်၊ ဇီးကုန်း ကျေးရွာ၏ အရှေ့တောင်ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံ သန်းလာပြီး အဆိုပါ ကျေးရွာရှိမဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
#Yangon_Times/PP
#Local_News
Published_28 Feb 2025
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်းများမှ တစ်ဆင့်တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများ၌တရားမဝင် Online လောင်းကစား မှု များ၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၈၇ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက် အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပြည်ပနိုင်ငံသားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေးနှင့် ပြည်နှင်လွှဲပြောင်းရေး ကိစ္စရပ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၂၇ ရက်(ယနေ့)အထိ မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂၉၂၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၅၇ ဦးကိုထိုင်းနိုင်ငံမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံသို့ ဥပဒလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးခဲ့ပြီး ကျန် ပြည်ပနိုင်ငံသား ၂၁၆၈ ဦးကို သက်ဆိုင်ရာနိုင်ငံများ သို့ လွှဲပြောင်းပေးရန် အသင့်လုပ်ဆောင်နေကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 27 February 2025
၁။ လာမည့်သင်္ကြန်တွင်ကရင်ပြည်နယ်၌ သဲသောင်ပြင်သင်္ကြန်ကိုပါ ထည့်သွင်း ကျင်းပမည်
၂။ ယခုနှစ်နွေရာသီအပူချိန်လျော့ကျနိုင်
၃။ ပဲခူးတိုင်းဒေသကြီးတွင် မြန်မာ့သနပ်ခါး လိမ်းခြယ်ပြိုင်ပွဲ ကျင်းပမည်
၄။ တူရကီနှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ယူကရိန်းပဋိပက္ခငြိမ်းချမ်းစွာအဆုံးသတ်ရေးဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 February 2025
▪️ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင် လာမည့် မတ်လ(၇)ရက်နေ့ မနက် (၉)နာရီအချိန်တွင် ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါပြိုင်ပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးပြီးကျင်းပသွားမည်ဖြစ်သည်။
▪️ ထိုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အိမ်ထောင်မကျဖူးသူအပျိုဖြစ်ရမည်ဖြစ်ပြီး အရပ်အမြင့် အနိမ့်ဆုံး (၅ ပေ ၄ လက်မ) ရှိရမည် ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကိုယ်အလေးချိန်ပေါင် (၁၂၀) နှင့် (၁၆၀) ကြားဖြစ်ရမည်ဖြစ်ပြီး အသက် (၁၈) နှစ်မှ (၂၈) နှစ်အတွင်းနှင့် (၅) ပညာအရည်အချင်း အထက်တန်း အောင်မြင်၍ ကူးစက်ရောဂါမရှိသူ ပြစ်မှုမှတ်တမ်းကင်းစင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 February 2025
▪️ တာဝါတိုင် ပစ္စည်းများခိုးယူဖြုတ်ခြင်းများ ကြောင့်လေပြင်းဒဏ်ကို ခံနိုင်စွမ်းမရှိကြဘဲ ကျိုးကျခဲ့ရသည့် ၂၃၀ ကေဗွီလှိုင်သာယာ-ကျိုက်လတ်လိုင်း Transmission Towerများပြင်ဆင်မှုမကြာမီပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ကျိုးကျခဲ့သည့် တာဝါတိုင်များ အနက် ယိုင်နဲ့ကွေးညွတ်သွားသော တာဝါ ၄၇အား ပြုပြင်ပြီးစီးပြီဖြစ်ပြီး တာဝါ ၄၃ အား အရှိန်အဟုန်မြှင့် ပြုပြင်လျှက်ရှိရာ မကြာမီအချိန်အတွင်း ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ ပြိုလဲသွားသော Tower အမှတ် ၄၄၊၄၅၊၄၆ (၃) တိုင်အား ဖျက်သိမ်းခြင်းလုပ်ငန်းကို သက်ဆိုင်ရာရုံးအဖွဲ့များမှ လူအင်အား (၁၃၀) ခန့်ဖြင့် အင်တိုက်အားတိုက် လုပ်ဆောင် လျှက်ရှိပြီး၊ Transportation လုပ်ငန်းစဉ်အား ချောင်းမြောင်းအတွင်းမှ စက်လှေငယ်များဖြင့် ခက်ခက်ခဲခဲလုပ်ဆောင်လျှက်ရှိကြသလို Tower Foundation ဆိုင်ရာအတွက် မြို့ပြအဖွဲ့များမှလည်း ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီ ၂၄ နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်တွင် အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်ထားသော ၂၃၀ကေဗွီ လှိုင်သာယာ -ကျိုက်လတ်လိုင်းမှာ လိုင်းအပြစ်(Trip) ဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့်သက်ဆိုင်ရာ အဆင့်ဆင့်ကို သတင်းပေးပို့တင်ပြခဲ့ပြီး မိုးလေငြိမ်စ ဖြစ်သည့် (၁နာရီ ၅၃ မိနစ်) ၌ ဓာတ်အားစမ်းသပ်ပို့လွှတ်ခဲ့သော်လည်း လိုင်းလက်မခံဘဲ Permanent Fault အဖြစ် သတ်မှတ်ခဲ့ရကြောင်း၊ ထို့နောက် သက်ဆိုင်ရာ လိုင်းတာဝန်ခံများက လိုင်းအပြစ်ရှာဖွေရာ Transmission Tower အမှတ် ၄၄၊၄၅၊၄၆ (၃) တိုင်မှာ တွင်တွင်ကျိုးကျနေပြီး ၄၃၊၄၇ မှာ ကွေးညွတ်နေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 534 of 2422