ရန်ကုန်တိုင်းဒေသကြီအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ခန့်ဖန်တီးပေးနိုင်မယ့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 28 February 2025
#ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း #အလုပ်အကိုင်အခွင့်အလမ်းဖန်တီး
#YMG/SW #Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဘုရားဖူးရှစ်သိန်းကျော်ဝင်ရောက်ခဲ့တယ်လို့ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 28 February 2025
#ကျိုက်ထီးရိုးစေတီတော် #ကျိုက်ထို
#YMG/NN #Yangon_Times
ရန်ကုန်မြို့က စိန်နန်းတော်ရွှေဆိုင် အပါအဝင် ရွှေဆိုင် ၃၄ ဆိုင်ဟာ ဓာတ်သတ္တု(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 28 February 2025
#ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှု #လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်
#YMG/NN #Yangon_Times
လာမယ့်မတ်လမှာ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘောတွေ ယခုလထက်ပိုမိုဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 28 February 2025
#နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/SW #Yangon_Times
#Local_News
Published 28 February 2025
▪️ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၆၅၆ ဒသမ ၁၅ သန်း ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။
▪️ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
▪️ ဆယ်လအတွင်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၄ သန်းဖြင့် FDI အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် စက်မှုကုန်ချောကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၄၈ ဒသမ ၆၄ သန်း ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၇၁ သန်းစသဖြင့် အသီးသီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
▪️ ပြည်တွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများတွင် စင်ကာပူ၊ တရုတ်နှင့် ထိုင်းစသည့်နိုင်ငံများမှ အဓိက ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 February 2025
▪️ ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို (၁၀)ရက်တိုင်တိုင် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
▪️ အဆိုပါ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို မတ်လ(၄)ရက်နေ့မှ
ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်ပွဲကို ကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့်နေ့၊ မတ်လ(၁၃)ရက် နံနက်(၉)နာရီအထိ သံဃာတော် (၁၂၀)ပါးတို့က နာရီပေါင်း (၂၁၆)နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် မတ်လ(၁၂)ရက်၊ ညနေ(၄)နာရီတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ (၁၂၁)ပါး၊ သီလရှင် (၂၇) ပါး၊ စုစုပေါင်း (၁၄၈) ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော်လက်ယာရစ် တစ်ပတ်ဆွမ်းဆန်တော် လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့၊ မတ်လ(၁၃)ရက်နေ့ နံနက် (၅)နာရီတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ နံနက် (၉)နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 February 2025
▪️ တရုတ်နိုင်ငံက ပြည်တွင်း၌ခေတ်မီဆေးဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်နိုင်ရေး ရင်းနှီးမြုပ်နှံသွားရန်ရှိကြောင်း သိရသည်။
▪️ ယခုလ၂၇ရက်ကပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား တရုတ်နိုင်ငံ ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံစဉ် အဆိုပါကိစ္စရပ်အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများ၊ ရောဂါရှာဖွေရေးကိရိယာများ၊ စက်ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးသည့်ကိရိယာများအား ပြည်တွင်း တွင် ထုတ်လုပ်ဖြန့်ချိနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံများအချင်းချင်းဆေးကုသမှု လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှထုတ်လုပ်သည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများအား မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသနိုင်ရေးကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 533 of 2422