#Local_News
Published 21 June 2025
▪️ မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးမှ အခြေခံထုတ်လုပ်သော အလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ ထိုသို့တင်ပို့လိုသူများအနေဖြင့် တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (CSAR) မှ ထုတ်ပြန်ထားတဲ့ Special Cosmetics နဲ့ General Cosmetic လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် ထောပတ်သီး၊ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက်လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆက်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (PRA) ကို အဝေးရောက်စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန်လည်း နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 19 July 2025
၁။ အာဇာနည်နေ့အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်
၂။ တောင်ငူနှင့် မြို့ငါးမြို့၌ ရေကြီးနိုင်၍ မြစ်ကမ်းအနီးနေသူများရှောင်ရှားရန်သတိပေး
၃။ စက်သုံးဆီဈေးအားလုံးတက်ရိပ်ပြလာ
၄။ အီရတ်ဈေးဝယ်စင်တာမီးလောင်မှုကြောင့် သေဆုံးသူ(၆၁)ဦးအထိရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၉ ဇူလိုင် ၂၀၂၅
နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့အာဇာနည်ဗိမာန်၌ ကျင်းပသည့် ၇၈ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား သို့တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်လာကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကိုလည်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တို့နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုခဲ့ကြပါတယ်။
ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေခဲ့ကြပါတယ်။

အဲဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြပါတယ်။
ဆက်လက်ပြီး လူထူလူတန်းစား အဖွဲ့အစည်းအသီးသီမှ ကိုယ်စားလှယ်များ၊ အများပြည်သူများကလည်း တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြပါတယ်။
၂၀၂၅ခုနှစ်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့ပါတယ်။
ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သိရှိရပါတယ်။
#ymg/knl
မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့်လာမယ့်တစ်ပတ်အတွင်းမိုးကြီးဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးမိုးလေဝသသတင်းတစ်ရပ်အနေနဲ့ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 July 2025
#လေဖိအားနည်းရပ်ဝန်း #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/SW #Yangon_Times
အခုတစ်ပတ်မှာ ရန်ကုန်အထိုင် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေတက်ရိပ်ပြလာပြီး အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 19 July 2025
#စက်သုံးဆီစျေး #အနည်းငယ်မြင့်တက်
#YMG/NN #Yangon_Times
တောင်ငူမြို့အပါအဝင် စစ်တောင်းနဲ့ ဧရာဝတီမြစ်အနီးမှာရှိတဲ့ မြို့ငါးမြို့မှာ ရေကြီးနိုင်တာကြောင့် မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေ ရေလွတ်ရာရှောင်ရှားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 July 2025
#မြစ်ကမ်းအနီးနေသူများ #ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
၇၈နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေက လွမ်းသူ့ ပန်းခွေချ ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 19 July 2025
#အာဇာနည်နေ့အခမ်းအနား #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#YMG/NN #Yangon_Times
Page 346 of 2399