၂၇ ဇူလိုင် ၂၀၂၅
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ ဇူလိုင်၂၇ ရက်နေ့၌ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးရဲ့ အောင်ချက်မှာ ၄၈.၀၆ ရာခိုင်နှုန်းဖြစ်ပါတယ်။စာမေးပွဲဖြေဆိုကြသူ ၂၀၇၈၉၈ ဦးအနက် ၉၉၉၂၄ဦးအောင်မြင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှအပ ပြည်တွင်းတွင် အောင်ချက်အကောင်းဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး ၅၇.၁၆ ရာခိုင်နှုန်းရှိပါတယ်။ မွန်ပြည်နယ်မှာ ၈၉၇၂ ဦးဖြေဆိုပြီး ၅၁၂၈ ဦးအောင်မြင်ခဲ့ပါတယ်။ ဖြေဆိုသူ ၃၇၄၆၇ ဦးနှင့် အများဆုံးဖြေဆိုခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးမှာ အောင်မြင်သူ ၁၉၃၆၆ ဦးရှိပြီး အောင်ချက် ၅၁.၆၉ ရာခိုင်နှုန်းရှိပြီဂ ဒုတိယမြောက် အောင်ချက် အကောင်းဆုံးဖြစ်ကြောင်းသိရပါတယ်။ ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့စစ်ကိုင်းတိုင်းဒေသကြီးရဲ့အောင်ချက်က ၄၃.၇၀ ရာခိုင်နှုန်း၊ မန္တလေး တိုင်းဒေသကြီးအောင်ချက်က ၄၉.၆၂ ရာခိုင်နှုန်းနှင့် နေပြည်တော်အောင်ချက်က ၄၆.၂၇ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။
#ymg.knl/mnn

#Daily_News
Published 26 July 2025
၁။ MSME လုပ်ငန်းများအား ကျပ်သန်း ၅၀ ချေးနိုင်ရန် SOP ရေးဆွဲနေ
၂။ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် UID နံပါတ်အတုအပပြုလုပ်ကိုင်ဆောင်သူများကို အရေးယူမည်
၃။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်
၄။ Meta က AI ပညာရှင်အများအပြားကို အလုအယက်ခန့်အပ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 July 2025
▪️ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ဒီဇင်ဘာလတွင် ပြုလုပ်မည့် JLPTအတွက် သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်းဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမှ သိရသည်။
▪️ ထို့ကြောင့် Group Form လျှောက်ထားမည့် သင်တန်းကျောင်းများအနေဖြင့် Online System တွင် Registration ပြုလုပ်ထားရန် လိုအပ်ပြီး မှတ်ပုံတင်လျှောက်ထား ခြင်း/Activate ပြုလုပ်ခြင်းအား ၂၈.၇.၂၀၂၅ မှ ၁.၈.၂၀၂၅ အထိ Online System မှ တဆင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်း ဖြင့် လက်ခံသွားမည်ဖြစ်ရာ သက်တမ်း ရှိလိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ကြောင်း၊ ပိုင်ရှင် အမည်တူ လိုင်စင်အခွဲများ အကြုံးမဝင်ကြောင်း၊ အချက်အလက် စုံလင်စွာမပါ သော လျှောက်ထားခြင်းများနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။
▪️ ယခင်စာမေးပွဲတွင် Registration ပြုလုပ်ထားပြီး စာမေးပွဲဖောင်လျှောက်ထားခွင့် ရရှိထားပြီးသော သင်တန်းကျောင်းများအနေဖြင့် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်သော်လည်း ယခင်က မှတ်ပုံတင်ထားသော သင်တန်းကျောင်းများ၏ Account မှာ Deactive status ဖြစ်နေမည် ဖြစ်သောကြောင့် Activate ပြန်လည် ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်အထိုင် ဒီဇယ်ဈေးတွေ နှစ်ပတ်ဆက်တိုက်တက်ပြီး ဓာတ်ဆီဈေးပြန်ကျလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး
ကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက်ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 26 July 2025
#ဒီဇယ်ဈေးတက် #ဓာတ်ဆီဈေးပြန်ကျ
#YMG/NN #Yangon_Times
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 26 July 2025
#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း #မြန်မာ့အသံမှထုတ်လွှင့်ကြေညာ
#YMG/SW #Yangon_Times
နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ UID နံပါတ်များ အတုအပပြုလုပ်ကိုင်ဆောင်သူများကို ထိရောက်စွာအရေးယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်
#Local_News
Published 26 July 2025
#မှတ်ပုံတင်၊သန်းခေါင်စာရင်း #အတုကိုင်ဆောင်သူကိုအရေးယူ
#YMG/SW #Yangon_Times
အာမခံလုပ်ငန်းမှာ MSME လုပ်ငန်းတွေကို ကျပ်သန်း ၅၀ ချေးနိုင်ရန် SOP ရေးဆွဲနေတယ်လို့ ယမန်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေးက သိရပါတယ်။
#Local_News
Published 26 July 2025
#MSME #SOPရေးဆွဲနေ
#YMG/NN #Yangon_Times
Page 338 of 2399