အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန (ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကို နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဘီလီယံကျော်နဲ့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 28 July 2025
#အမျိုးသားကင်ဆာရောဂါကုသရေးဌာန #စီမံကိန်းချမှတ်ဆောင်ရွက်
#YMG/NN #Yangon_Times
အခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးတွေ အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၇၅ကျပ်နဲ့ တက်ရိပ်ပြလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန် ချက်အရသိရပါတယ်။
#Local_News
Published 28 July 2025
#စားအုန်းဆီရည်ညွှန်းဈေးတက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး
#YMG/NN #Yangon_Times
မင်းဘူးမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်စီမံကိန်းရဲ့ ဓာတ်အား၄၀ မဂ္ဂါဝပ်ကို လာမယ့်နွေရာသီအမှီထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး #ဓာတ်အားပေးစက်ရုံ
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာနမှ ဖြန့်ဖြူးပေးလျှက်ရှိတဲ့ ဂျိုးဖြူရေကိုသုံးစွဲနေသူပြည်သူများအနေနဲ့ ရေမီတာကို မဖြစ်မနေတတ်ဆင်ရမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#ဂျိုးဖြူရေသုံးစွဲသူ #ရေမီတာမဖြစ်မနေတတ်ဆင်ရ
#YMG/SW #Yangon_Times
#Local_News
Published 28 July 2025
▪️ ပင်းတယမြို့ သိမ်ကုန်းနှင့်ရွာအချို့ ရုတ်တရက်ရေကြီး လူအသေအပျောက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
▪️ "ပင်းတယ (၆)ဦးထပ်မနည်းသေဆုံး တယ်လို့ပြောကြတယ် ၊ ပျောက်သူလဲရှိတယ် ၊တောင်ကျရေ ရုတ်တရက်ကျလာတာ၊လုံးဝထင်မထားဘဲ ရုတ်တရက် ရေကြီးလာတာပါ၊ သိမ်ကုန်းရွာ၊ ကုန်းစောင်းရွာ၊ ရွှေပုထိုးရွာ တွေပါပါတယ် ၊ ရွှေဥမင်ဘုရားဆိုင်ခန်းတွေပါပြိုတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ ရွှေပုထိုးရွာတို့တွင် ဇူလိုင်လ ၂၇ ရက် ည ၁၂ နာရီကျော်၌ တောင်ကျရေ ရုတ်တရက်ထိုးဆင်း ထို့အပြင် ရွှေဥမင်ဘုရားဆိုင်၄ခန်းပြိုကျပြီး
ထပ်မံပြိုပါက အန္တရာယ်ရှိနိုင်သောကြောင့် ဘုရားအတက်လမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 July 2025
▪️ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး လေးလပြည့်နေ့သည့် ယနေ့နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ အင်အား၄.၁ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်၍ မန္တလေးမြို့ခံတစ်ဦးက " ၁၂မတ်တင်းလောက်ကအသာလေးတချက်အရင်လှုပ်လိုက်တယ်ထင်တယ်ပဲ။
လူကနိုးပြီးဟုတ်မဟုတ်ဇဝေဇဝါနဲ့ကိုယ့်ဟာကိုယ်ဘဲထင်နေတာလားဆိုတွေးရင်းမိုးလဲရွာနေတော့အကြီးစားတွေတော့ မလာလောက်တော့ပါဘူးဆိုထင်နေတာ ထပ်လှုပ်တာဘဲနည်းနည်းပြင်းတယ်။ ၄ကျော်လောက်ရှိမယ်ထင်တယ်အိပ်ယာထဲက ဖုန်းတောင်မယူနိုင် ထဆင်းပြေးတာ ခုကလူတွေကတအားကြောက်တတ်တာမဟုတ်ပေမယ့် ဒါကအသက်အန္တရာယ်ရှိတယ်ဆိုတာကို သိမြင်ထားရတော့ ခြေထောက်တွေကအကျင့်ရနေပြီရယ် ၄လပြည့်ပြီ ငလျင်ကခုထိလှုပ်နေတုန်း"ဟု ပြောသည်။
▪️ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီးမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ဇူလိုင်လ၂၈ရက် နံနက်အေစာပိုင်း ၀၀း၀၁နာရီတွင်မဟာအောင်မြေမြို့နယ်၏ တောင်ဘက် (၁) မိုင်ခန့်ကိုဗဟိုပြု၍အနက် - ၃၃ ကီလိုမီတာ ဖြင့် အင်အားပမာဏ - ၄.၁ ရစ်(ခ်)တာစကေး အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ထုတ်ပြန်ထားသည်။
▪️ အဆိုပါငလျင်သည် မန္တလေးငလျင်ကြီးအပြီး ၂၁၄ကြိမ်မြောက်လှုပ်ခတ်သည့် ငလျင်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_28 July 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက် ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ် ကျေးရွာရှိ ပြည်သူ များအား KNLA နှင့် PDF များက လက်နက်ငယ်များ၊ တုတ်၊ ဓား များဖြင့် ပစ်ခတ်ခုတ်ဖြတ် မှုကြောင့် ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
▪️ တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားမှုကိုသိလျင်သိချင်း လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ KNLA နှင့် PDF များက ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာ အတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားအမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အ ရွယ်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သေဆုံးခဲ့သူများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်းအစဉ်အလာများနှင့်အညီကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေး ခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
Page 337 of 2399