#Local_News
Published_ 30 July 2022
မြန်မာသံရုံး၊ တိုကျိုမြို့မှ ဇူလိုင်လ (၁၆) ရက်မှ ဇူလိုင်လ (၂၉) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၉၀) ခုရှိကြောင်း သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့်ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင် ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက် အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published - 29 July 2022
အစိုးရအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို မပြောင်းလဲပဲ ဒီတိုင်းဆက်သွားမယ်ဆိုပါက ပြည်ပပို့ကုန်တင်ပို့မှုတွေဟာ ရပ်ဆိုင်းသွားနိုင်တယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 July 2022
အိမ်ထောင်စုများ၏ နေ့စဉ်ဝယ်ယူစားသောက်နေရသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ရာခိုင်နှုန်း ၃၀မှ ရာခိုင်နှုန်း ၇၀ အထိ သိသာစွာမြင့်တက်ခဲ့ကြောင်း Save The Children ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
#Yangon_Media_Group
#Local_News
Published_29 July 2022
ရန်ကုန်တွင်အသက်ရှူမွန်းကြပ်လူနာတွေ အောက်ဆီဂျင်လိုအပ်တဲ့အတွက် အောက်ဆီဂျင်အကူအညီတောင်းခံလာတာတွေရှိနေတယ်လို့ ရွှေလောင်းလှေပရဟိတ ဖောင်ဒေးရှင်းဥက္ကဌဦးသော်တာထွေးကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 29 July 2022
လက်ရှိ ဆန်၊ ဆန်ကွဲတွေကို ပြည်ပတင်ပို့နေတဲ့ အခြေအနေတစ်ခု ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ သတင်းတွေထွက်ရှိနေတဲ့အပေါ် ကောလဟာလများသာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 July 2022
၁။ ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု ရပ်ဆိုင်းနေသည့်သတင်းထွက်ပေါ်နေမှုဟာ ကောလဟာလများသာဖြစ်ဟုဆို
၂။ ရန်ကုန်တွင် အောက်ဆီဂျင်လိုအပ်၍ အကူအညီတောင်းခံသည့် လူနာများရှိနေ
၃။ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းရာခိုင်နှုန်း ၇၀ အထိ မြင့်တက်
၄။ ပြင်သစ်တွင် အပူချိန်စံချိန်တင်မြင့်တက်၍ အဆိုးရွားဆုံးမိုးခေါင်ရေရှားခြင်းနှင့် ရင်ဆိုင်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 July 2022
တောင်ကိုရီးယားနိုင်ငံသို့ သုံးလအတွင်း မြန်မာအလုပ်သမား ၂၂၆၆ ဦးကို တရားဝင် စေလွှတ်ထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
မေလ ၃ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ မြန်မာအလုပ်သမား စုစုပေါင်း ၂၂၆၆ ဦး တရားဝင် စေလွှတ်ထားပြီး အဆိုပါ အလုပ်သမားများသည် Re-entry အလုပ်သမားများ အပါအဝင် ကုန်ထုတ်လုပ်ငန်း ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် လုပ်ငန်းခွင်များ၌ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ခြင်းကို ကိုဗစ်ကပ်ရောဂါများကြောင့် ၂၀၂၀ ခုနှစ် ဇွန်လမှစ၍ ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်စေလွှတ်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများသည် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော Overseas Worker Identification Card- OWIC ကတ် ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ( Overseas Worker Identification Card- OWIC ) ကို သက်တမ်း ၅ နှစ်ဖြင့် ထုတ်ပေးလျက်ရှိရာ သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်၊ ပြည်ထွက်များ အသုံးပြုနိုင်သည်ဟု သိရသည်။
ymg/NN
#Yangon_Media_Group
Page 1755 of 2112