#Local_News
Published_1 August 2022
ပြည်တွင်းတွင် ကိုဗစ်စစ်ဆေးမှုအားနည်းနေပြီး ကိုဗစ်စစ်ဆေးသူအချို့မှာ ကိုဗစ် Positive တွေပြန်တွေ့နေရတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာသန်းစိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published -1 August 2022
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတိုနှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)၊ တို၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှက် ကျပ် ၇ သောင်းခွဲဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရောင်းချမှုအသီအစဥ်ကိုဩဂုတ်လ ၃ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် ၉၀ ဆန်များလည်း ပါဝင်ကြောင်း သိရသည်။
ယင်းအပြင် စားသုံးသူပြည်သူများအတွက်သာ ရည်ရွယ်၍ ရောင်းချင်ပေးခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်သာရောင်းချပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်း စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းနှင့် ဆန်ချောစျေးနူန်းတွေသည် ၀ယ်လိုအားနှင့်အပြိုင် စျေးများ ထပ်မံမြင့်တက်လာပြီး စပါးလက်ကျန် လျော့နည်းနေချိန် ဝယ်လိုအားများ ခြင်းကြောင့် စျေးမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_1 August 2022
ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအနက် ရဟတ်ယာဉ်ငှားရမ်းသည့်အမှုအမှတ်(၄၇)ကို ယနေ့ သြဂုတ်လ ၁ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်း အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
"ရဟတ်ယာဉ်အမှု အမှုအမှတ် ၄၇ ကို ဒီနေ့ စစ်တယ်၊ လူကယ်ပြန်က ဒုဝန်ကြီးဟောင်းပေါ့ သူကလေ၊ ပြီးခဲ့တဲ့ တစ်ပတ်က အမှု အမှတ် ၄၆ ကို စစ်တယ်၊ဒီနေ့က ၄၇ ပေါ့၊မနက်ဖြန် အမှုအမှတ် ၄၈ ကို စစ်မယ်၊အားလုံး ကျန်းကျန်းမာမာပဲ"ဟု ယင်း တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရင်ဆိုင်နေရသည့် အမှုများထဲတွင် ရဟတ်ယာဉ်ငှားရမ်းဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှုများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ယင်းအမှုများတွင် ဦးဝင်းမြင့်လည်း ပါဝင်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၂ ဇွန်လအထိ အမှုပေါင်း ၂၀ ထက်မနည်းဖြင့် စွဲဆိုထားခြင်းဖြစ်ပြီး ယင်းအထဲမှ ၆မှုအတွက် ထောင်ဒဏ် ၁၁နှစ်ချမှတ်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_1 August 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လေပြင်းတိုက်ပြီး လူနေအိမ်ပေါ်သစ်ပင်လဲကျ လူ(၁)ဦးသေ ဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်၊၊
ဇူလိုင်လ ၃၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုန်းစိုးရပ်ကွက်၊ သာစည်လမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၁) လုံးပေါ်သို့ သစ်ပင်လဲကျ၍ လူ(၁) ဦး ပိမိနေပြီးသေဆုံးခဲ့ခြင်းဖြစ်သည်၊၊
ယင်းဖြစ်စဉ်တွင် မုံရွာခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ သစ်ပင်လဲကျ၍ ပိမိနေသူ ကျား(၁)ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံသို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
အခုရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းခြင်း၏ နောက်ဆက်တွဲအဖြစ် မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းများကြုံတွေ့နိုင်ကြောင်း မိုး/ဇလမှ သတိပေးထားပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်တော့ လူတစ်ဦးပါ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published -1 August 2022
ပြည်ပတင်ပို့မှုမရှိသည့် ပြောင်းစျေးနှုန်းမှာ ယခင်ထက်ကျဆင်းလာကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
ဇူလိုင်လအတွင်း ပြောင်းဈေးနှုန်းသည် ဇွန်လထက် ၂၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားကြောင်း၊ ယင်းအပြင် မူဝါဒအပြောင်းအလဲကြောင့် Normal Trade အပြင် Border Trade ပါ တင်ပို့မှု မရှိသလောက်ဖြစ်နေသည့်အတွက် ပြောင်းစျေးနှုန်း ထပ်မံကျဆင်းနိုင်ကြောင်း သိရသည်။
လက်ရှိပြောင်းစျေးကွက်တွင် အရောင်းအဝယ်အေးနေပြီး ပြောင်းတစ်ပိဿာလျှင် ၇၀၀ ကျော်သာရှိတော့ကြောင်း၊ လတ်တလောအခြေအနေအရ Normal Trade သည် တန်ချိန်သောင်းဂဏန်းခန့်သာ တင်ပို့မှုရှိပြီး Border Trade ပါ ဒေါ်လာစျေးဖြင့် မကိုက်သည့်အတွက် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။
ယင်းအပြင် ပဲ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ထောက်ခံချက်ရယူလိုပါက ပို့ကုန်ကြိုတင်ရငွေ USD လက်ခံကို ပူးတွဲလျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ အသင်းဝင်ပို့ကုန်လုပ်ငန်းရှင်များထံသို့ အသိပေးအကြောင်းကြားထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_1 August 2022
ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်၊ မနိုရုန်းမြို့နယ် လမ်းဘေးတောတစ်နေရာတွင် မြန်မာအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၌တရားမဝင်မြန်မာအလုပ်သမားများခေါ်ယူပေးနေသည့် မြန်မာပွဲစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၂၈ ရက်တွင်ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
သေဆုံးသည့်မြန်မာအလုပ်သမားအမျိုးသမီးနှစ်ဦးမှာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်စဉ် ကားအတွင်းအောက်စီဂျင်ပြတ်ကာသေဆုံးခဲ့ပြီးနောက် လမ်းဘေးတွင်စွန့်ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ စွန့်ပစ်ထားသည့်ရုပ်အလောင်းများကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။
ယင်းနောက် ထိုင်းအာဏာပိုင်များသည် တရားမဝင်လမ်းကြောင်းတစ်လျှောက်ရှိ ပွဲစားများကိုစစ်ဆေးခဲ့ရာ သေဆုံးသူမြန်မာအမျိုးသမီးနှစ်ဦးကို ထိုင်းနိုင်ငံအတွင်းခေါ်သွင်းခဲ့သည့် မြန်မာပွဲစား အသက် ၃၈ နှစ်အရွယ် နန်းခင်စောမူကို တာ့ခရိုင်၊ မဲဆောက်မြို့၊ ထာ့ဆိုင်လွမြို့နယ်ရှိ အငှားအိမ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက် MGR Online သတင်းဌာနက ဖော်ပြထားသည်။
နန်းခင်စောမူသည် ထိုင်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံဘက်မှ တရားမဝင်အလုပ်လုပ်ကိုင်ချင်သူများကို ထိုင်းအလုပ်ရှင်များနှင့်ချိတ်ဆက်ကာ မြန်မာပြည်ဘက်မှ အလုပ်သမားများခေါ်ယူနေသူဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များကပြောသည်။
ယခုဖမ်းဆီးရမိသည့် ပွဲစားအမျိုးသမီး နန်းခင်စောမူကို ထိုင်အာဏာပိုင်များက ဟန်းနမ်းဆာခွန်ရဲစခန်းတွင် ဖမ်းဆီးထားပြီး မြန်မာအမျိုးသမီးနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ပါဝင်သူများကို ဆက်လက်စုံစမ်းနေကြောင်း ထိုင်းသတင်းများတွင် ရေးသားဖော်ပြထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_1 August 2022
မိုင်းကျက်ဂူ အတွင်း ၃နှစ် ၃ လ ၃ ရက် မဟာအဓိဌာန်ကျင့်ကြံနေသော မိုင်းဖုန်းဆရာတော်ဘုရားကြီး ယနေ့ ဩဂုတ်လ ၁ ရက်တွင် မိုင်းကျက်ဂူ အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်ကြောင်း သိရသည်။
ဆရာတော်၏ ဆံပင်များကို မြစ် ၃ ခုစုံရာ နမ့်ဟူးချောင်းတွင် ဆံချမည်ဖြစ်သည့်အတွက် ဆံချရန် နေရာလည်း ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရားကြီး အဓိဌာန်အောင်ကာ ဂူထွက်ချိန် ဩဂုတ်လ(၁)ရက်တွင် အပူဇော်ခံမည် ဖြစ်ပြီး (၅)ရက်တာအတွင်း အဆိုပါ အပူဇော်ခံရာ မိုင်းကျက်အောက်ဂူထိ မလာရောက်နိုင်သူများအတွက် ဩဂုတ်လ ၅ ရက်တွင် မိုင်းကျက်မှ မိုင်းဆတ် တာချီလိတ်လမ်းအတိုင်း ကြွချီမည် ဖြစ်ကြောင်းလည်း သိရသည်။
တာချီလိတ်ကိုရောက်သည်နှင့် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးကျောင်းတော်သို့ကြွရောက်မည်ဖြစ်ပြီး ယင်းမှဆရာတော်ကြီး၏ မိုင်းဖုန်းရှိ လွန်းလိန်းကျောင်းသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း၊ဆရာတော် နှီးဘုရားကျောင်းတွင် ဘုရားဝတ်တက်ချိန် ဖူးမျှော်နိုင်မည် ဖြစ်ကြောင်းလည်း ဖူးမျှော်နိုင်သူများအတွက် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1751 of 2113