#Local_News
Published -2 August 2022
ထမင်းဟင်းချက်တဲ့အခါ အသုံးပြုတဲ့အိမ်သုံး Gas ဈေးနှုန်းဟာ ဈေးမြင့်တက်လာဖို့ရှိတယ်လို့ Gas တင်သွင်းတဲ့ ကုမ္ပဏီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_2 August 2022
ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရွှေ့ပြောင်းပြီးသွားတဲ့ အိမ်ထောင်စုတွေကို နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လက်ခံဖို့ အစီအစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_2 August 2022
လတ်တလောမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံနဲ့ပျူမြို့ဟောင်းဗိဿနိုးတို့မှာ တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စီမံဘဏ္ဍာ၊ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 2 August 2022
၁။ ကမ္ဘာ့အမွေအနှစ်ဒေသများဖြစ်သော ပုဂံနှင့် ဗိဿနိုးတွင် တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
၂။ ရွှေ့ပြောင်းဘင်္ဂါလီများအား လက်ခံရေးအစီအစဉ် အဆင်သင့်ရှိနေပြီဟုဆို
၃။ အိမ်သုံး Gas ဈေးနှုန်းမြင့်တက်ဖို့ရှိဟုဆို
၄။ မာဆေးလ်မြို့ရှိ ဆင်းရဲနွမ်းပါးသည့် ကလေးများအား ပန်းချီရေးဆွဲခြင်းနှင့် ရေကူးခြင်းပညာများ အခမဲ့သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_2 August 2022
ပြီးခဲ့တဲ့ တစ်ပတ်က ဖျက်ဆီးခံထားရတဲ့ ရွှေလီ-မံစန်-ရွှေစာရံ ၂၃၀ KV ဓာတ်အားလိုင်းတာဝါ ပြုပြင်ပြီးရင်တော့ လက်ရှိ အနေအထားထက် လျှပ်စစ်ပိုပြီးတော့ ရလာတော့မယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 2 August 2022
ရုရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့သည် ဩဂုတ်လ(၃)ရက်နေ့မှာ မြန်မာနိုင်ငံသို့ အလုပ်သဘောလာရောက်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းရဲ့ တရားဝင်တွစ်တာ စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
သူဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံပြီး နိုင်ငံခေါင်းဆောင်တွေနှင့်လည်း တွေ့ဆုံမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူဟာ ရုရှား-မြန်မာဆက်ဆံရေးမှာ ကျယ်ပြန်တဲ့နယ်ပယ်တစ်ခုလုံးအတွက် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း သတင်းအရသိရပါတယ်။
သူဟာ ၂၀၁၃ခုနှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီတုန်းက သမ္မတ ဦးသိန်းစိန်နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။
Source: Ministry of Foreign Affair, Russia’s Twitter
#Local_News
Published _ 2 August 2022
ပြည်တွင်းစားသုံးဆီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းတစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဈေးအထက်ဖြင့်ဝယ်ယူနေရပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့်ရည်ညွှန်းဈေးနှုန်းနှင့် ထက်ဝက်ခန့် ကွာဟနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သြဂုတ်လ ၁ ရက်မှ ၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်း ရန်ကုန်ဈေးနှုန်း တစ်ပိဿာလျှင် ၃၅၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း ပြင်ပတွင် တစ်ပိဿာ ၇၀၀၀ ကျပ်ကျော်ဖြင့် ဝယ်ယူနေရခြင်းဖြစ်ကြောင်း အဆိုပါစျေးကွက်မှ တဆင့်သိရသည်။
ရည်ညွှန်းဈေးနှုန်းတွက်ချက်မှုမှာ စားအုန်းဆီအဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
လက်ရှိ ဈေးကွက်အတွင်းရောင်းချနေသည့် ပဲဆီဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဈေးအထိ ရောင်းချကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
Page 1748 of 2114