#Local_News
Published 22 October 2025
▪️ စစ်ကိုင်းတိုင်းအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သံချောင်းလုံးနှင့် အမိုးသွပ်ပြားများအား အထူးကုန်ရထားဖြင့် ယမာန်နေ့က ပို့ဆောင်ခဲ့ကြောင်းသိရသည်။
▪️ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော သံချောင်းလုံးများကို ရန်ကုန်မြို့မှ အထူးကုန်ရထားများဖြင့် ပို့ဆောင်ပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် HRB 500 အမျိုးအစား သံချောင်းလုံး တန်ချိန် ၅၅၃ ဒသမ ၀၀၆ တန် ၊ 4 Angle 0.33 mm အမိုးသွပ်ပြား ချပ်ရေ ၇၀၀၀ ( တန်ချိန် ၃၂ ဒသမ ၅၆ တန်) နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက် ရေးလုပ်ငန်းများအတွက် လိုအပ်သော 4 Angle 0.33 mm အမိုးသွပ်ပြား ချပ်ရေ ၇၀၀၀ (တန်ချိန် ၃၂ ဒသမ ၅၆ တန်) တင်ဆောင်လာသော အထူးကုန်ရထားသည် ယမာန် နေ့မနက်ပိုင်းက မန္တလေးရွှေကြက်ယက်ဘူတာသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများကလာရောက်ကြည့်ရှုစစ်ဆေးလက်ခံပြီး တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 October 2025
▪️ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းတွင်ပါဝင်သည့်ကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍပြပွဲကို အောက်တိုဘာလ၂၁ရက်က နေပြည်တော်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရေဆင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲတွင် စီမံကိန်းကျေးရွာများဖြစ်သည့် နေပြည်တော် ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာမှ ထုတ်လုပ်သော စပါးမျိုးစေ့အမျိုးမျိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝဲကြီးကျေးရွာမှ Recycle အမှိုက်အိတ်နှင့် ဟာလဝါ၊ အုန္နဲကုန်းကျေးရွာမှ ဆပ်ပြာဆီ၊ ပဲခူးမြို့နယ် တောင်သူစုကျေးရွာနှင့် မယင်းရွာမကျေးရွာတို့မှ ဆပ်ပြာဆီအမျိုးမျိုး၊ ပျော်ဘွယ်မြို့နယ်မယ်ဇလီအိုင့်ကျေးရွာမှ ဖိနပ်နှင့်လက်ဆွဲခြင်းအမျိုးမျိုး၊ ကလောမြို့နယ် လက်ပံပင်ကျေးရွာမှ ထောပတ်သီး၊ နောင်လယ်ကျေးရွာမှ သနပ်ဖက်၊ သာမိုင်းခမ်းကျေးရွာမှ စတော်ဘယ်ရီဝိုင်နှင့်ဂျင်းလက်ဖက်ရည် ထွက်ကုန်၊ တောင်ကြီးမြို့နယ် ဘန်းကန်နှင့် လူရိုးတောင်ကျေးရွာတို့မှ မြန်မာမျိုးရင်းကြက်သွန်ဖြူ၊ ညောင်စဉ်ကျေးရွာနှင့် ကျောက်စုကျေးရွာတို့မှ ထောပတ်သီးထွက်ကုန်များကို ပြသခဲ့ကြကြောင်း သိရသည်။
▪️ ပြပွဲနှင့်အတူ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍ၊ ဝင်ငွေတိုးပွားရေးကဏ္ဍတို့တွင် အကောင်းဆုံးဆောင်ရွက်နိုင်သည့်ကျေးရွာများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနသည် ပြပွဲနှင့်အတူ ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း (၁/၂၀၂၅) ကို စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရေဆင်း)၌ ဖွင့်လှစ်ခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ခံများ၊ စီမံကိန်းဝင်ကျေးရွာ (၄၄) ရွာမှ ကျေးရွာခေါင်းဆောင်များ၊ တောင်သူများတက်ရောက်ကြကြောင်း၊စိုက်ပျိုးရေးဦးစီးဌာနမှ လက်ရှိတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ပြည်တွင်းရှိကျေးရွာပေါင်း(၂၅၀) တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online - MyRo )မှာ မှတ်ပုံတင်ထားရှိတဲ့ ဆန်စပါးသိုလှောင်ရုံတွေအနေနဲ့ ၎င်းတိုရဲ့ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဖြည့်သွင်းပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 21 October 2025
#ဆန်စပါး #မြန်မာနိုင်ငံဆန်စပါး
#YMG/SW #Yangon_Times
မိုးတိမ်တောင်တွေကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းသုံးတိုင်းမှာ နေရာကွက်ပြီး မိုးလေကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့မနက်ပိုင်းမှာအသိပေးလာပါတယ်။
#Local_News
Published 21 October 2025
#ရန်ကုန် #မိုးတိမ်တောင်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းပြင်ပဈေးတွေပါ အတက်အကျဖြစ်နေတယ် လို့ ဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 21 October 2025
#ရွှေဈေး
#YMG/NN #Yangon_Times
တရုတ်နိုင်ငံက နည်းပညာတွေအသုံးပြုပြီးမြန်မာနိုင်ငံရှိ သက်တမ်းရင့်ကုန်းတွင်းရေနံမြေတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကာ အထွက်တိုးစီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 21 October 2025
#တရုတ် #မြန်မာနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 21 October 2025
၁။ တရုတ်နည်းပညာဖြင့်သက်တမ်းရင့်ကုန်းတွင်းရေနံမြေများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
၂။ ကမ္ဘာ့ဈေးနှင့်အတူ ပြင်ပရွှေဈေးအတက်အကျဖြစ်နေ
၃။ ရန်ကုန်အပါအဝင် တိုင်းသုံးတိုင်း၌ မိုးတိမ်တောင်ကြောင့်နေရာကွက်၍မိုးလေကြီးနိုင်
၄။ တောင်ကိုရီးယား၌ငွေချောင်းဝယ်လိုအား စံချိန်တင်ဆက်တိုက်မြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 163 of 2315