#Local_News
Published 27 October 2025
▪️ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လိုသူများအတွက် အခြေခံမော်တာစက်ချုပ်သင်တန်းအမှတ်စဉ် (၂၆၂)ကိုဖွင့်လှစ်ေပးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကိုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး နိုဝင်ဘာလ ၅ ရက်မှ ၂၁ ရက်ထိ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊သင်တန်းကာလ (၃) ပတ်
အတွင်း စာတွေ့၊ လက်တွေ့ ( တစ်ချောင်းချုပ်စက်နှင့်အထူးစက်အမျိုးအစား ၅မျိုး ချုပ်နည်း)သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊သင်တန်းပြီးဆုံးပါက ၁၅ဝဝဝကျပ် ထောက်ပံ့သွားမည်ဖြစ်ပြီး အလုပ်အကိုင်အတွက် အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတွင် အထည်ချုပ်လုပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်
သည့် ဗဟုသုတများ၊ချုပ်နည်းအဆင့်ဆင့်များကို လက်တွေ့သင်ကြားမှုများ၊အလုပ်သမားဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီးအဆိုပါသင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက အထည်ချုပ်စက်ရုံများဖြင့် ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ (MGHRDC) အမှတ် ၄၀၀ /ဘီ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း -၀၉ ၉၄၀၈၅၈၃၅၀, ၀၉ ၄၅၀၇၂၃၂၆၂,
၀၉ ၇၈၄၀၈၅၇၉၄, ၀၉ ၇၇၇၃၆၇၇၇၁သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ပြင်ဦးလွင်- လားရှိုးကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဧည့်သည် ၂ ဒသမ ၅ သန်းအထိရှိလာပြီဖြစ်ပြီး ၎င်းကိုအမှတ်တရ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 27 October 2025
#ပြင်ဦးလွင်_လားရှိုး #ပွဲကောက်ရေတံခွန်
#YMG/NN #Yangon_Times
ငွေဆောင်ကို ဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ်ဆောင်ရွက်သွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 27 October 2025
#ငွေဆောင် #ဆေးလိပ်ငွေ့ကင်းစင်ဒေသ
#YMG/NN #Yangon_Times
#Daily_News
Published 27 OCtober 2025
၁။ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူ ဧည့်သည် ၂ ဒသမ ၅ သန်းအထိရှိလာ
၂။ ယခုနှစ်ထောပတ်သီးရာသီတွင် အေးခဲထောပတ်သီး တန်(၂၀၀)ခန့် အိန္ဒိယနိုင်ငံသို့တင်ပို့မည်
၃။ ရွေးကောက်ပွဲ အသုံးစရိတ်များတိုးမြင့်ပြင်ဆင်သတ်မှတ်
၄။ အပစ်အခတ်ရပ်စဲရေးရရှိထားသော်လည်း ဂါဇာ၌လူနေမှုဘဝချို့တဲ့နေဆဲ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 October 2025
▪️ သီပေါမြို့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ ဆက်လက်ဝင်ရောက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
▪️ တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကိုဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အားအလုံးစုံပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏အုပ်ချုပ်မှုယန္တရားပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီအင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမာန်နေ့က ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် သီပေါမြို့သို့ထပ်မံဝင်ရောက်လာရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားပေးခြင်းများဆောင်ရွက်ပေးကြသည်။
▪️ ထို့အပြင် သီပေါမြို့ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယမာန်နေ့က ပြင်ပလူနာ ၃၃ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာလေးဦးတို့ကိုလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။
▪️ ၎င်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
လာမယ့်ကြံရာသီအတွင်း ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးဝယ်ယူကြိတ်ခွဲနိုင်ရေးအပါအဝင် တောင်သူများ စိုက်ပျိုးထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲနိုင်ရေးတွေကို စိုက်ပျိုးရေးဦးစီးဌာန၊ အသင်းအဖွဲနဲ့ တာဝန်ရှိသူတွေဆွေးနွေးခဲ့ကြတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကသိရပါတယ်။
#Local_News
Published 25 October 2025
#ကြံ
#YMG/NN #Yangon_Times
၂၆ အောက်တိုဘာ၊၂၀၂၅- ကွာလာလမ်ပူ - မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် "မြန်မာပြည်သူများ ပိုင်ဆိုင်ပြီး မြန်မာပြည်သူများက ဦးဆောင်သော ငြိမ်းချမ်းရေး" ဖြစ်ရမည်ဟု ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်သော မလေးရှားဝန်ကြီးချုပ် ဒါတုခ် ဆာရီ အန်ဝါ အီဘရာဟင်က အလေးထား ပြောကြားခဲ့သည်။
▪️ယနေ့ ကျင်းပသော (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေးများ၏ ဖွင့်ပွဲ အခမ်းအနားတွင် အန်ဝါက ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ၏ ထိန်းကွပ်မှုဖြင့် ဆွေးနွေးမှုများနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးကူညီမည့် အာဆီယံအဖွဲ့၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။
▪️ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှား သည် အာဆီယံ အား ကြံ့ကြံ့ခံနိုင်ရည် ရှိစေရန်၊ ဆီလျော်မှု ရှိစေရန် နှင့် ခေတ်ကာလနှင့်အညီ တုံ့ပြန်နိုင်စွမ်း ရှိစေရန်အတွက် ယင်း၏ ဦးစားပေး လုပ်ငန်းစဉ်များကို ပြန်လည် ချိန်ညှိရန် ကြိုးပမ်းခဲ့သည်။
▪️ “အဖွဲ့ဝင်နိုင်ငံများနှင့် အတူ ကျွန်တော်တို့အနေနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် အခြေအနေများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီအတွက် စိတ်ရှည်သည်းခံမှု၊ ဇွဲလုံ့လ နှင့် မြေပြင် အခြေအနေ အရပ်ရပ်ကို ရိုးသားစွာ သုံးသပ်နားလည်မှုတို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ဘုံသဘောတူညီချက် ၅ ချက်ရဲ့ ထိန်းကွပ်မှုဖြင့် အာဆီယံဟာ အကြမ်းဖက်မှုများ လျှော့ချဖို့ နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သက်သာစေဖို့ ရရှိနိုင်သမျှသော လမ်းကြောင်းများနှင့် မိတ်ဖက်များ အားလုံးကို အသုံးပြုခဲ့ပါတယ်။ဒါပေမယ့်ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း ရေးကို အတင်းအကျပ် ဖိအားပေး ဖော်ဆောင်လို့မရနိုင်ပါဘူး။ အဲဒါက မြန်မာပြည်သူတွေ ပိုင်ဆိုင်ပြီး မြန်မာပြည်သူတွေက ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖြစ်ရပါမယ်။ အဲသလို ဖြစ်မှသာ ပြန်လည်သင့်မြတ်ရေး ဟာ တည်တံ့ ခိုင်မြဲနေမှာ ဖြစ်ပါတယ်။" ဟု သူက ပြောကြားခဲ့သည်။
▪️မြန်မာနိုင်ငံရှိ စစ်တပ် ဦးဆောင်သည့် အစိုးရက ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်၍ အဆင့်လိုက် ကျင်းပသွားမည် ဖြစ်ပြီး ရလဒ်များကို ဇန်နဝါရီလကုန်တွင် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။
▪️အောက်တိုဘာ ၉ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီး ဒါတုခ် ဆာရီ မိုဟာမက် ဟာဆန်သည် မြန်မာနိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်များ၊ ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး အဆင့်တူ ပုဂ္ဂိုလ်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
▪️မြန်မာ အစိုးရသည် ရွေးကောက်ပွဲကို ဆန့်ကျင်သော သူပုန် အဖွဲ့အစည်း မျိုးစုံနှင့် တိုက်ပွဲများ ဖြစ်ပွား နေစဉ်တွင် ကာလကြာရှည် နှောင့်နှေးခဲ့သော ရွေးကောက်ပွဲသို့ မလေးရှားနိုင်ငံက လေ့လာရေး အဖွဲ့များ စေလွှတ်မည်ဟု အေအက်ဖ်ပီကို အောက်တိုဘာ ၁၀ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
Source NST
Page 158 of 2315