#Local_News
Published 29 October 2025
▪️ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) ကိုချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယမာန်နေ့ မနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်၊၊
▪️ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီ (၈) ရပ်အနက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အရ ကျူးလွန်သူကို တရားစွဲဆို ခြင်း၊ ကလေးသူငယ်ကို အကာအကွယ်ပေးခြင်း၊ လိုအပ်သောထောက်ပံ့မှုများပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးလုပ်သားစစ်တမ်း ၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုရှိ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် ၈၂ ဦးတို့အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့် အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှုအခြေအနေ နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများကို အမျိုးသားကော်မတီသို့ ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝသော လုပ်သားကောင်းများ ရရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် သက်မွေးပညာသင်တန်းများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ်စီမံချက်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိဖြစ်ပြီး လုပ်ငန်းကော်မတီအနေဖြင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်တွင် ပါရှိသောလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းတင်ပြကြရာ ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသည့်အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်၊ အဆိုးရွားဆုံး ပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့ သတင်းပို့ရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်အညီ ကလေးအားအကောင်းဆုံးအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့ကြောင်းသိရသည်၊၊
#YMG/NN #Yangon_Times
#Local_News
Published 29 October 2025
▪️ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံစသည့် အဆောက်အဦများ၊ အိမ်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့်ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် အသုံးစရိတ်များနှင့် နိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများဖြစ်သည့် လမ်း၊ တံ တား၊ ကျောင်း၊ ဆေးရုံစသည့် အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် အဓိကထားခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
▪️ အောက်တိုဘာလ ၂၈ ရက် က နေပြည်တော်၌ကျင်းပပြုလုပ်သော ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ယင်းကအထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်သည့်နေရာတွင် ဖြည့်စွက်ခွင့်ပြုငွေရရှိမည့်ကာလနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းပမာဏကို ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်းလည်း ယင်းကပြောသည်။
▪️ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စုအ ဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားသည့် အသုံးစရိတ်များအနက်မှ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလီယံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထဲကို လွှဲပြောင်းထည့်ပေးခဲ့ပြီးလည်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
▪️ ၎င်းအပြင် အစိုးရကချမှတ်ထားသည့် ဦးတည်ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်၊ ဒေသအလိုက်ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး အသုံးစရိတ်များကို စနစ်တကျစိစစ်သုံးစွဲကြရန် လိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။
▪️ အလားတူဌာန၊ အဖွဲ့အစည်းများအနေဖြင့် မလွှဲမရှောင်သာသည့်အခြေအနေများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ နောက်ကျပြီးအပ်နှံခြင်းမပြုဘဲ တတ်နိုင်သမျှဆောလျင်စွာပြန်လည်အပ်နှံကြရန်လည်း ယာယီသမ္မတကပြောကြားခဲ့သည်။
#YMG/PP #Yangon_Times
#Local_News
Published 29 October 2025
▪️ ရွေးကောက်ပွဲနေ့ရက်များအတွက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားများ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးကြေညာထားသည်။
▪️ သတင်းရယူလိုသည့် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
▪️ သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားရာတွင် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်း ပုဂ္ဂလိကသတင်းမီဒီယာသမားများအနေဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံချက်စာကိုတင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားရမည်ဖြစ်ပြီး ခရိုင်တစ်ခုထက်ပို၍ သတင်းရယူလိုပါက သတင်းရယူလိုသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာသတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ထောက်ခံပေးသည့် နိုင်ငံတကာသတင်း မီဒီယာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကိုသာ ခွင့်ပြု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/PP #Yangon_Times
အခုနှစ် ဆောင်းရာသီအတွင်းဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး ဒေသအများစုမှာလည်း ဆောင်းမိုးတွေရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 28 October 2025
#ဆောင်းရာသီ #မုန်တိုင်း
#YMG/NN #Yangon_Times
ဆီစက်လုပ်ငန်းများကို ကျပ်သိန်းငါးထောင်ကနေ တစ်သောင်းအထိတိုးမြှင့်ထုတ်ချေးရေးဆွေးနွေးနေတယ်လို့ ဆီစက်လုပ်ငန်းများဖွံဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့အစည်းအဝေး ဆွေးနွေးချက်အရသိရပါတယ်။
#Local_News
Published 28 October 2025
#ဆီစက်
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေးပြန်လည်ကျဆင်းလာတာနဲ့အတူ မြန်မာ့ရွှေဈေးလည်းလိုက်ပါ ကျဆင်းလာပြီး ဈေးကွက်တွင်း ရွှေအတုံးအခဲဝယ်ယူသူနည်းပါးနေတယ်လို့ ရွှေဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 28 October 2025
#ကမ္ဘာ့ရွှေဈေး #မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
#Local_News
Published 28 October 2025
▪️ မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင်စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check, Cross Check, Counter Check နှင့် Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ ဝန်ထမ်းများတွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီအချိန်တွင်လည်း လက်ရှိထုတ်လုပ်နေမှုများမှ ထပ်မံတိုးချဲ့ထုတ်လုပ်နိုင်ရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင်လည်း တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
▪️ ထို့နောက်ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့် မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် နှင့် ဓာတ်အားခကောက်ခံရငွေများ အလွဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုအား မှန်ကန်စွာဖတ်ရှုသွား နိုင်ရေးတာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 156 of 2315