သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့တဲ့ ဒီဇယ်တင်ဆောင်လာတဲ့ Tanker သင်္ဘောကို စံသတ်မှတ်ချက်နဲ့ကိုက်ညီမှုမရှိတာကြောင့် မူလတင်ပို့တဲ့နိုင်ငံသို ပြန်လည်စေလွှတ်ခဲ့တယ်လို့ စွမ်းအင်ဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 04 February 2026
#သီလဝါဆိပ်ကမ်း #Tanker
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်း MAPCO ကုမ္ပဏီမှ စတင်ဆောင်ရွက်တဲ့ Rice Export Zone ဧက (၄၁၀၀) ကျော်အတွက် ကျပ်သိန်းပေါင်း ၈,၀၀၀ ကျော်ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 04 February 2026
#Rice Export Zone #MAPCO
#YMG/NN #Yangon_Times
ယခုရက်သတ္တပတ်အတွင်း ပြည်ပပို့ကုန်တစ်မျိုးဖြစ်တဲ့ပြောင်းဈေးများမြင့်တက်လာရာ ပြည်ပဈေးသာမက ပြည်တွင်းဈေးပါ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 04 February 2026
#ပြောင်း
#YMG/SW #Yangon_Times
လက်ဖက်စားသုံးမှုကို ပြည်တွင်းစားသုံးမှုသာမက နိုင်ငံတကာစားသုံးနိုင်တဲ့ပုံစံဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
#Local_News
Published 04 February 2026
#လက်ဖက်
#YMG/SW #Yangon_Times
#Local_News
Published 4 February 2026
■ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကိုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာအမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Hybrid စနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
■ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင် ၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ In Person ဖြင့် ၁၉ ဦး၊ Online ဖြင့် ၃၆ ဦး၊ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
■ အစည်းအဝေးတွင် ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များက အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရာ၌ ကဏ္ဍအလိုက် ကော်မတီများက အဖွဲ့ဝင်များစာရင်းနှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲပေးပို့ပေးရန်၊ ကဏ္ဍ အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲသည့်အခါတွင် အကောင်အထည်ဖော်မည့်ကာလကို ဘဏ္ဍာနှစ်ဖြင့် သတ်မှတ်ရေးဆွဲရန်၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် အလျင်အမြန် အကောင်အထည်ဖော်နိုင်မည့် Quick Win လုပ်ငန်းစဉ်တို့ကို ရွေးချယ်၍ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဘတ်ဂျတ်တင်ပြ တောင်းခံဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 February 2025
▪️ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၌ခရီးသည်တင်ယာဉ် တစ်စီး နောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဖေဖော်ဝါရီ ၄ ရက်နေ့၊ မနက်၅ နာရီ၂၈ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးကျေးရွာ၊ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၆၀/၃)ဖာလုံ အနီးတွင် မြစန္ဒာ ခရီးသည်တင်ယာဉ်သည် နောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၅နာရီ ၄၃မိနစ်အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ — မြန်မာနိုင်ငံတွင် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီတစ်ရပ် မကြာမီ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်းသိရပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးလျက် "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များ ကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ကောင်စီကိုဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအား အခွင့်အာဏာ အပ်နှင်းတယ်လို့လည်း အဆိုပါ "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ"တွင်ဖော်ပြထားပါတယ်။
ဥပဒေအရ နိုင်ငံတော်သမ္မတအား ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတစ်ရပ် ဖွဲ့စည်းခွင့် ပေးလိုက်ပြီး အဆိုပါကောင်စီကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး (၅) ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး သင့်လျော်သည့် ပုဂ္ဂိုလ်များကို သမ္မတက ရွေးချယ်ခန့်အပ်မည်ဖြစ်ပါတယ်။
ကောင်စီ၏ အဓိကတာဝန်များမှာ နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတအား အကြံဉာဏ် ပေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါတယ်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များကို ထိခိုက်ခြင်းမရှိစေဘဲ ဆောင်ရွက်ရမည်ဟု ဖော်ပြထားပါတယ်။
ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့်အညီဖြစ်ပြီး၊ ကောင်စီဝင်များ၏ လစာနှင့် စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမည်ဖြစ်ပါတယ်။ ရုံးလုပ်ငန်းတာဝန် များကို နိုင်ငံတော်သမ္မတရုံးက တာဝန်ယူဆောင်ရွက်ရမည်ဟု ဥပဒေတွင် ပါရှိပါတယ်။
ဤဥပဒေသည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်များအတွက် ရည်ရွယ်သည်ဟု ဥပဒေနိဒါန်းတွင် ဖော်ပြ ထားပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ် (၃/၂၀၂၆) အဖြစ် သတ်မှတ်ထားသော ဤဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
#knl/ymg
Page 152 of 2398