#Local_News
Published 23 October 2025
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(နေပြည်တော်ဇုန်)၏ စီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်များတွင်တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယမာန်နေ့မနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်(၁)ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်း၊ ဧည့်ဝတ်ဖော်ရွေ ပျူငှာမှုများရှိရန် လိုအပ်သကဲ့သို့ လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှုအတွက် စွမ်းဆောင်ရည်မြင့်မားသော လုံခြုံရေးအစီအမံများချမှတ်ဆောင်ရွက်ခြင်းသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ရိုးရာသိုင်းပညာသင်ကြားခြင်းဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်တွေ့အသုံးချထိန်းသိမ်းထားနိုင်ခြင်း၊ စည်းကမ်းကျင့်ဝတ်များနှင့်အညီ ခရီးသွားဧည့်သည်များအပေါ် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ခြင်း စသည့်ဝန်ဆောင်မှု စွမ်းဆောင်ရည်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့် မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ရိုးရာသိုင်းပညာရပ်ကိုအခြေခံပြီး လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးအတွက်သာမက လာရောက်တည်းခိုနေထိုင်ကြမည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုရရှိရေးကိုပါ ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်သည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သီတင်းကျွတ်ပွဲတော်ကာလအတွင်း ဟိုတယ်များမှရောင်စုံမီးအလှဆင်ခြင်းတွင် ဆုရရှိကြသည့် ဟိုတယ်များကိုဆုများပေးအပ်ပြီး သင်တန်းဆင်းလုံခြုံရေးဝန်ထမ်းများ၏ သိုင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။
▪️ သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းက တောင်သူတွေအတွက် ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနဲ့ ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရမှာ အသုံးပြုနိုင်ဖိုအတွက်စက်သုံးဆီများကို အောက်တိုဘာ ၂၁ ရက်မှစတင်ကာဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2025
#ကချင်ပြည်နယ် #ပူတာအိုမြို့
#YMG/SW #Yangon_Times
စက်သုံးဆီသိုလှောင်စခန်းများနဲ့ အရောင်းဆိုင်များတွေမှာ Real Time Online Monitoring နဲ့ CCTV စနစ်များတပ်ဆင်ခြင်းကို အခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတပ်ဆင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 22 October 2025
#စက်သုံးဆီ #စွမ်းအင်ဝန်ကြီးဌာန
#YMG/SW #Yangon_Times
ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေ ဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံ ကမ်းခြေတွေကိုအခုနှစ် ဇန်နဝါရီလကနေအောက်တိုဘာလ ၁၅ ရက်အထိပြည်တွင်း/ပြည်ပ ခရီးသွား ၁,၀၃၅,၄၄၈ ဦး ဝင်ရောက်လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။
#Local_News
Published 22 October 2025
#ငွေဆောင်_ချောင်းသာ #ပင်လယ်ကမ်းခြေ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံက CMP စနစ်နဲ့ ချုပ်လုပ်ပြီးအထည်အော်ဒါတွေကိုဥရောပနဲ့ အာရှ(၁၀)နိုင်ငံကနေ အများဆုံးမှာယူနေပြီး စုစုပေါင်းတင်ပို့နိုင်မှု
ရာခိုင်နှုန်းအနေနဲ့လည်း တိုးတက်နေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 22 October 2025
#CMP #မြန်မာနိုင်ငံ
#YMG/NN #Yangon_Times
#Daily_News
Published 22 October 2025
၁။ ဥရောပနှင့် အာရှနိုင်ငံများမှ CMP ချုပ်ထည်အော်ဒါအမှာများနေပြီး တင်ပို့မှုရာခိုင်နှုန်းများတိုးတက်နေ
၂။ ချောင်းသာအပါအဝင် ဧရာဝတီရှိကမ်းခြေများသို့ ခရီးသွား(၁)သန်းကျော်ဝင်ရောက်
၃။ စက်သုံးဆီသိုလှောင်စခန်းများနှင့် အရောင်းဆိုင်များတွင်ခေတ်မီလုံခြုံရေးစနစ်များ ဒီဇင်ဘာလ အပြီးတပ်ဆင်မည်
၄။ လေယာဉ်မတော်တဆဖြစ်ရပ်ကြောင့် ဟောင်ကောင်လေဆိပ်မှလုံခြုံရေးဝန်ထမ်းနှစ်ဦးအသက်ဆုံးရှုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 October 2025
▪️ ရန်ကုန်မြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး ဝင်ငွေများလည်းလျာထားချက်များလည်း တိုးတက်ရရှိနေကြောင်းသိရသည်။
▪️ အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်း လျာထားငွေအပေါ် အောက်တိုဘာ ၁၉ ရက်အထိ ကောက်ခံငွေရရှိမှုသည် ၈၉ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည့်အတွက် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။
▪️ တိုင်းရင်းသားကျေးရွာသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် အောက်တိုဘာ၂၀ရက် က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
▪️ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ ဒုတိယဝန်ကြီးကဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 162 of 2315