#Daily_News
Published 21 February 2025
၁။ ရွှေစာရံဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
၂။ ဆန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးနေ
၃။ လိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများကို အရေးယူမည်
၄။ စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့သော သမ္မတဟောင်းယွန်ဆော့ယောကိုပုန်ကန်မှုဖြင့် ဆိုးလ်တရားရုံးမှတသက်တစ်ကျွန်းထောင်ဒဏ်ချမှတ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
NAYPYIDAW, Myanmar — February 20, 2026
A Myanmar National Airlines (MNA) passenger plane preparing to depart from Myitkyina Airport in Kachin State to Mandalay was attacked on the night of February 20. According to a statement released by the government's information team, the attack was carried out by a coalition of Kachin Independence Army (KIA) and People's Defense Force (PDF) insurgent groups using First-Person View (FPV) suicide drones.
The drone strike caused minor shrapnel damage to the nose, mid-fuselage, and tail sections of the ATR-72-600 commercial aircraft. Security forces promptly intervened, evacuating passengers and crew members to safety and providing necessary emergency assistance. Authorities confirmed that there were no casualties or injuries among the travelers and airline staff.
The incident occurred at approximately 8:12 p.m. on Friday. The aircraft was actively boarding passengers and finalizing preparations for its scheduled departure to Mandalay when the KIA and PDF coalition launched the FPV suicide drone attack.
The official press release emphasized that the intentional targeting of a civilian airline—an entity entirely unrelated to military operations and essential for public transportation and the efficient flow of goods—constitutes a War Crime under the Geneva Conventions and international law.
Relevant authorities issued a strong warning that security forces are currently conducting necessary area clearance and security operations, adding that an effective and severe response will be carried out in retaliation for the attack.
(Reporting by knl/ymg)
၂၀ ဖေဖော်ဝါရီ၊၂၀၂၆
ဖေဖော်ဝါရီ ၂၀ရက် ညက ကချင်ပြည်နယ်မြစ်ကြီးနားမြို့လေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာမည့် မြန်မာ အမျိုးသား လေကြောင်း လိုင်း (MNA) ပိုင် ခရီးသည်တင်လေယာဉ် တစ်စီးကို KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အသေခံဒရုန်း FPV Suicide Drone ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ATR-72-600အမျိုးအစားခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန်၍အနည်းငယ်ပျက်စီးခဲ့ပါတယ်။ ခရီးသည် များ နှင့်လေယာဉ်အမှုထမ်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဘေးအန္တရာယ်ကင်းလွတ်ရာသို့ အမြန် ဆုံးရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်တွင် ခရီးသွား ပြည်သူများနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် အဆိုပါလေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များ တင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက FPV Suicide Drone များ အသုံးပြုတိုက်ခိုက် ခဲ့ခြင်းဖြစ်ပါတယ်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန် စေရေးအတွက် များစွာအထောက်အကူပြုသော . အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာ ဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကိုကျူးလွန်ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ထိရောက်ပြင်းထန်သည့် တုန့်ပြန်မှုများကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာ က သတိပေးထားပါတယ်။
#knl/ymg
ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ တစ်ပေါင်းပွဲတော်ကို(၁၀)ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့က သိရပါတယ်။
#Local_News
Published 19 February 2025
#ရွှေတိဂုံစေတီတော်မြတ်ကြီး #တပေါင်းပွဲတော်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံပြည့်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးတဲ့ အဆောက်အဦ (၅)လုံးကို နေထိုင်သူတွေအတွက်ငှားရမ်းပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 20 February 2025
#သုခဒဂုံပြည့်သူ့အငှားအိမ်ရာ #ရန်ကုန်တိုင်းဒဂုံမြို့သစ်
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပါရှိတဲ့ ကန်သာယာညစျေးကို အရှေ့ဘက်ကန်သာယာတောင်ဘက်ကွင်းမှာ မကြာမီ
ဖွင့်လှစ်ပေးတော့မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 19 February 2025
#စစ်ကိုင်းတိုင်းဒေသကြီး #မုံရွာမြို့ #ကန်သာယာညစျေး
#YMG/NN #Yangon_Times
#Daily_News
Published 20 February 2025
၁။ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တပေါင်းပွဲတော်ကျင်းပမည်
၂။ သုခဒဂုံ ပြည့်သူ့အငှားအိမ်ရာမှ အဆောက်အအုံ(၅)လုံးထပ်မံပြီးစီး
၃။ မုံရွာမြို့၌ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပါရှိသည့် ကန်သာယာညစျေးဖွင့်လှစ်မည်
၄။ တရုတ်၏ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ဖြင့် ယူကေနှင့်ကနေဒါတို့မှပထမဆုံးခရီးသွားအဖွဲ့ရှန်ဟိုင်းသို့ရောက်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 108 of 2419