#Local_News
Published 31 October 2025
▪️ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နာမည်ကြီးအနုပညာရှင်များ ဖျော်ဖြေမည်ဖြစ် ကြောင်းသိရသည်။
▪️ ယင်းအနုပညာရှင်များမှာကိုင်ဇာ၊ ဝေလ၊ နေမင်းအိမ်၊ လွှမ်းပိုင်၊ ရွှေထူး၊ ဂျီလတ်၊ ဝေကြီး၊ ဟဲလေး၊ ဖြိုးကြီး၊ ဖော်ဝေး၊ ဂျိုးလေး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ချယ်ရီသင်း၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ မိစန္ဒီ၊ သားစိုး၊ သံသာမိုးသိမ့်နှင့် နန်းဆုရတီစိုး စသည့်နာမည်ကြီး အဆိုတော်များက Hi Bird Music Band နှင့် Runner Music Band နှင့် ဖျော်ဖြေမည် ဖြစ်ပြီး ဇာတ်မင်းသားဖိုးချစ်၏ ဖိုးချစ်ဇာတ်သဘင်က ညစဉ်ကပြတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပွဲတော်အတွင်းမီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့် ဇာတ်သဘင် ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာလ(၂)ရက်မှ (၄)ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင် ဝတ်ရွတ်အသင်းများ ရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီး (၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲနှင့် LED မီးများဖြင့် အလှဆင်ပူဇော်မှုများ၊မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ ညမီးကျည်နှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ပြိုင်ပွဲများဖြင့် စီစဉ်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ညပိုင်း ဈေးရောင်းပွဲတော်ကျင်းပမည်ဖြစ်ရာ MSME ထုတ်ကုန်ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသား ရိုးရာ အစားအစာများ၊ ဒေသထွက်ကုန်များနှင့် ဈေးဆိုင်ခန်းမျိုးစုံ စုစုပေါင်း (၃၀၀)ကျော်တို့ဖြင့် ဖွင့်လှစ်ရောင်းချကြမည်ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကား နှင့် ရထားဝိုင်း၊ ကလေးစီးလှုပ်စိ နှင့် ဒုံးစသည့်ကစားနည်းများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သိုမဟုတ်) စပါးတင်း (၂,၅၀၀) နှင့်အထက်သိုလှောင်ထားတဲ့ ဆန်စပါးသိုလှောင်ရုံတွေကို မှတ်ပုံတင်ဖို့ ညွှန်ကြားထားပြီး မလိုက်နာတဲ့လုပ်ငန်းရှင်တွေကို အရေးယူသွားမယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 October 2025
#ဆန် #စပါး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားငွေတွေကို ယခု အောက်တိုဘာလအတွင်း (၅)ကြိမ်မြောက်အဖြစ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 October 2025
#ဗဟိုဘဏ် #စက်သုံးဆီ
#YMG/SW #Yangon_Times
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြိုနယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ (၂) ရက်နေ့ကနေ (၄) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ ဈေးရောင်းပွဲတော်နှင့် အများပြည်သူဖျော်ဖြေရေးအစီအစဉ်များဆောင်ရွက်ရေးဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 30 October 2025
#မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #နေပြည်တော်
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့ ၂၀၂၅ ခုနှစ်တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စည်ကားသိုက်မြိုက်စွာကျင်းပနေတယ်လို့သိရပါတယ်။
#Local_News
Published 30 October 2025
#တောင်ကြီးမြို့ #တန်ဆောင်တိုင်မီးပုံးပျံပွဲတော်
#YMG/NN #Yangon_Times
#Daily_News
Published 30 October 2025
၁။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် ကျင်းပမည်
၂။ ဗဟိုဘဏ်က စက်သုံးဆီကဏ္ဍအတွက် ယခုလအတွင်းနိုင်ငံခြားငွေများ (၅)ကြိမ်မြောက် ရောင်းပေးမည်
၃။ စည်းကမ်းချက်မလိုက်နာသည့် ဆန်သိုလှောင်ရုံပိုင်ရှင်များကို အရေးယူမည်
၄။ တောင်ကိုရီးယားနှင့်ဗုဒ္ဓဘာသာဆက်နွယ်မှုနက်ရှိင်းစွာရှိနေသည့် တရုတ်ပြည်မှကျူဟွာတောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 October 2025
▪️ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
▪️ ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက် (Petroleum Products Supply Chain)အတွင်း စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုမှသည် End User များသို့ ဖြန့်ဖြူးမှုအခြေအနေများအား လေ့လာစောင့်ကြည့် ထိန်းသိမ်းနိုင်ရေး၊ ရေနံထွက်ပစ္စည်းများ အရည်အသွေးပြည့်မီမှန်ကန်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖူလုံမှုရှိစေရေး သိုလှောင်ထားရှိမှု (Stockpiling) အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ (Real Time) စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် National Petroleum Laboratory & Online Monitoring Center ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများအတွက် အကျပ်အတည်းမဖြစ်စေရန် စီမံကိန်းအား အဆင့်လိုက်အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်စေခြင်း၊ အချို့ကိစ္စရပ် များအား ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။
▪️ ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်နှင့်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 112 of 2322